စစ်သည်အမျိုးသမီး မှီခိုသူ-ရဲမေကို "ပါးရိုက်"ခဲ့တဲ့ အရာရှိ
တချို့သောသူတွေ သိရှိထားတာ အထက်အရာရှိက အောက်ခြေစစ်သည်တွေပဲ ဖိနှိပ်အုပ်ချုပ်နေတယ်၊ တာဝန်တွေ-အမိန့်တွေပေးပြီး လက်ညှိးထိုးစေခိုင်း နေကြတာတယ်ဆိုတာလောက်ပါပဲ။ ကျွန်တော်ကိုယ်တိုင်လည်း မကြုံဘူး/ မတွေ့ဘူးသေးခင်ပါ အများထင်သလိုနေကြသလိုပါပဲ..
ဌာနချုပ်တစ်ခုမှာ ကျွန်တော်"တာဝန်ထမ်းဆောင်"နေရချိန်က-စည်းကမ်းကြီးတယ်လို့ပဲ ပြောမလား..? ဒါမှမဟုတ် လိုတာထပ်ပိုပြီး ရာထူးနဲ့အာဏာကို အသုံးချပြီး ရူးနေတဲ့သူလို့ပဲ ပြောရမလားပေါ့..ထိုလူရဲ့ရာထူးက ဒုတိယဌာနချုပ်မှူးရာထူးနဲ့ တာဝန်ပေးအပ်ခြင်း ခံထားရသူပါ..
ကျွန်တော်တာဝန်ကျခဲ့ရာ ဌာနချုပ်တည်နေရာက "စျေး"နဲ့အလှမ်းဝေးပါတယ်-ဒါကြောင့် စစ်တပ်ထဲမှာရှိကြတဲ့ စစ်သည်/ရဲမေတွေ စျေးဝယ်ချင်တယ်ဆိုရင် တစ်ပါတ်ကို "တစ်ကြိမ်" တနင်္ဂနွေနေ့ရောက်ရင် တပ်ကစစ်ကားနဲ့ စျေးကို လိုက်ပို့ပေးတယ်-ဒုဌာနချုပ်မှူးခေါ် (အာဏာရူး) ချမှတ်ထားတဲ့ စည်းကမ်းတွေထဲမှာ ဌာနချုပ်မှာရှိတဲ့ စစ်သည်များ အရက်"လုံးဝ"မသောက်သုံးရဆိုတဲ့ စည်းကမ်းချက်က အဓိကအခန်းကဏ္ဍမှာ ပါဝင်ပါတယ်-
တာဝန်ချိန်ပဲ-ဖြစ်ဖြစ် တာဝန်ချိန် ပြင်ပဘဲ-ဖြစ်ဖြစ် အရက်သောက်သုံးခွင့် "လုံးဝ"မရှိပါဘူး- စစ်သားဆိုတာမျိုးက မူးယစ်ဆေးဝါးနှင့် လုံးဝကင်းရှင်းပါတယ်ဆိုတဲ့ လူမျိုးက တပ်ထဲမှာ လက်ချိုးရေလို့ရတယ်- ဒီတော့ ချချင်တဲ့အမိန့်ချပြီး ပေးချင်တဲ့အပြစ်ပေးဆိုကာ "ခွက်ပုံး"လေးတွေ တွယ်ကြပါတယ်-တစ်ပါတ်လုံး မသောက်ဖြစ်ရင်တောင်မှ တနင်္ဂနွေတစ်ရက်တော့ စျေးကားနဲ့လိုက်သွားရင်း သောက်ဖြစ်ကြတယ်-
တစ်နေ့..ဌာနချုပ်မှာရှိတဲ့ စစ်သည်/မှီခိုသူရဲမေတွေနဲ့ စျေးသွားဝယ်ပြီးအပြန် "တပ်ဂိတ်" အာဏာရူးတစ်ယောက်-"တပ်ဂိတ်"ပေါက်ကနေစောင့်ပြီး အရက်သောက်ထားတဲ့ စစ်သည်တွေ၊ အရက်ဝယ်လာတဲ့သူတွေကို "ဖမ်းဆီး"စစ် ဆေးပါတော့တယ်- စုစုပေါင်း အယောက်-(၃၀)သုံးဆယ် ဖမ်းမိခဲ့တယ် တစ်အိမ်လိုနေလို့ ကျွန်တော်လဲပါပါတယ်-စစ်သည်အယောက် သုံးဆယ်ကို တစ်နေ့ထဲ ဌာနချုပ်-အချုပ်ခန်းထဲထည့်ပြီး အရေးယူအပြစ်ပေးဖို့ စာထုတ်ခဲ့တယ်-
"အာဏာရူး"လုပ်လိုက်တဲ့ အကြောင်းတွေကိုဌာနချုပ်မှူး သိရှိသွားပြီး၊ ဌာနချုပ်တစ်ခုမှာ တစ်နေ့ထဲအမှုဖြစ်တဲ့ စစ်သည်အယောက် သုံးဆယ်ကို ဘယ်လိုအရေးယူပြီး အထက်ကိုတင်မလဲလို့ "အာဏာရူး"ကိုမေးလိုက်တော့မှ ကျွန်တော်တို့အားလုံး ပြန်လွတ်သွားပါတယ်-ဒီကိစ္စကိုမကျေနပ်တဲ့ ဒုဌာနချုပ်မှုး-အာဏာရူးက "ညနေ" ရုံးဆင်းချိန်ရောက်တာနဲ့ တပ်ကိုကားနဲ့လိုက်ပါတ်ကြည့်တယ်-အဲ့လိုအချိန်မှာ အရက်သောက်ပြီး လမ်းလျှောက်နေတဲ့ စစ်သည်တွေ့ပြီ ဆိုရင်တော့.. သူ့ကားပေါ်ခေါ်သွားပြီး အချုပ်ထဲထည့် အပြစ်ပေးတယ်-အားမရရင်တော့ စစ်သည်"လစာ"ထဲကပါ ပိုက်ဆံဖြတ်ပါတယ်..လုပ်အာပေးခိုင်းချက်ကတော့ "ပထမ"ရလောက်တယ်လို့ ပြောလို့ရတယ်-စစ်သည်တွေကိုပဲ ခိုင်းတာလားဆိုတော့ မဟုတ်ပါဘူး -ရဲမေတွေကိုပါ သူခိုင်းတဲ့အလုပ်မပြီးရင် မိုးချုပ်တဲ့အထိ ခိုင်းပြီး ပြီးအောင်လုပ်ခိုင်းတတ်သူပါ-
စစ်သည်၊ ရဲမေတွေနဲ့ပတ်သက်ပြီး သက်သာချောင်ချိရေးဆိုတဲ့ အရာတွေကို ကြိုးစားပြီးထောက်ပံ့ပေးထားတာ မရှိသလောက်-ရရှိနေတဲ့အခွင့်အရေး နှင့် လွတ်လပ်ခွင့်တစ်ချို့ကိုပါ ပိတ်ပင်တားမြစ်ထားသူပါ၊ ဥပမာ-စစ်သည်တွေအရက်မသောက်ရဘူး-အရက်မသောက်ခိုင်းတဲ့အတွက် တပ်မတော်က "တရားဝင်"ထုတ်ပေးထားတဲ့ စစ်သည်တွေရရှိတဲ့အရက်တွေကို ဖာလိုက်ရောင်းစားပစ်တယ်-အခုလိုရောင်းပြီးတော့ ရရှိလာတဲ့ငွေကြေးတွေနဲ့ စစ်သည်တွေရဲ့အိမ်ကို "ကြက်ဉ"တစ်လုံး ဝေငှပေးသလားဆိုတော့ မပေးပါဘူး- ဌာနချုပ်မှူး ထောက်ပံ့ခိုင်းတဲ့ "ကြက်ဉ"တောင်မှ ၁၀-လုံးဖြစ်လိုက်၊ ၈-လုံး ဖြစ်သွားလိုက်နဲ့ပါ..နောက်တစ်ချက်က-ဦးပိုင်အမြတ်ငွေ- "ဦးပိုင်အမြတ်ငွေ"ထုတ်ပေးပြီဆိုရင် အရာရှိ/စစ်သည်မှန်သမျှ အပြည့်မရဘူး-အမြတ်ငွေတစ်ဝက်ပဲပေးပြီး ကျန်တစ်ဝက်ကို ပြန်ထည့်ခိုင်းခဲ့တဲ့လူစားမျိုးပါပဲ-
စနေ-နေ့တိုင်း စစ်သည်/ရဲမေတွေ ဌာနချုပ်လုပ်အားပေး လုပ်ကြရတယ်- အခုလိုလုပ်အာပေးလုပ်ရတဲ့ တစ်နေ့ စစ်သည်မိန်းမ ရဲမေတစ်ယောက်က အလုပ်လုပ်နေရင်း နေပူရှိန်ကြောင့် မျက်နှာပေါ်ကို ချွေးများကြလာပြီး-နှုတ်ခမ်းကိုလည်း လျှာနဲ့ကောက်သပ်လိုက်ပါတယ် ဖြစ်ချင်တော့ တိုက်တိုက်ဆိုင်ဆိုင်-ဒုဌာနချုပ်မှူး-အာဏာရူးက သူကြည့်မိတဲ့အချိန်နဲ့တိုးသွားတော့-၄င်းရဲမေကိုခေါ်ကာ..
နင်က.. ငါ့ကို "ပြောင်ပြ"တာလား..ဆိုပြီး လေသံမာမာနဲ့ မေးတယ်-
ရဲမေ..ဖြစ်သူက နေပူလို့ ရေသောက်ချင်လာပြီး နှုတ်ခမ်းခြောက်လို့ "လျှာ"နဲ့သပ်တာပါလို့ ဖြေလိုက်တယ်..
ရဲမေရဲ့ဖြေကို ..အာဏာရူးက မကြေနပ်ပဲ..
နင်တို့လို အဆင့်နဲ့ ငါ့ကို ဒါမျိုးလုပ်ပြစရာ မလိုဘူး..
ပြန်ပြောစရာ မလိုဘူးဆိုပြီး ဒေါသထွက်တဲ့ လေသံနဲ့ပြောလာတော့..
"သမီး"ကို အဲ့လိုအသံနဲ့…ပြောစရာမလိုဘူး
စစ်ထဲဝင်တာ သမီးယောကျ်ား…သမီး မဟုတ်ဘူးဆိုပြီး..
အမှန်တိုင်း ဒဲ့ပြောလိုက်တော့..
ဒုဌာနချုပ်မှူး -အာဏာရူး… ဒေါသမီးတောက်ပြီး
စစ်သည် အမျိုးသမီးကို…"ပါးရိုက်" လိုက်တယ်..
မဟုတ်မခံ စစ်သည်အမျိုးသမီး ဖြစ်နေတော့..
ဌာနချုပ်မှုး…အိမ်ထိသွားပြီး အာဏာရူး ဒုဌာနချုပ်မှူးကိုတိုင်ခဲ့တယ်..
အသုံးမဝင်တဲ့..တိုင်ကြားမှုပါ..
အာဏာရူးက အပြစ်မပေးခံရပဲ ကောင်းတဲ့နေရာကို အပြောင်းခံအဖြစ်နဲ့…ရောက်သွားခဲ့တယ်..
စစ်တပ်ဆိုတာ..ဒါပါပဲ..ရာထူးရှိရင်ရှိ မရှိရင် ငွေကြေးရှိမှ-တပ်နေပျော်ပါမည်။
စစ်သည်အမျိုးသမီး မှီခိုသူ-ရဲမေကို "ပါးရိုက်"ခဲ့တဲ့ အရာရှိ *** တချို့သောသူတွေ သိရှိထားတာ အထက်အရာရှိက အောက်ခြေစစ်သည်တွေပဲ ဖိနှိပ်အုပ်ချုပ်နေတယ