နိဗ္ဗာန်ကိုရှာဖို့ သူ့သား အိန္ဒိယကို ထွက်သွားတော့ ဘဏ်သူဌေးကြီး အင်ဒရူးဟာ လမ်းမှာ သိပ်မဟန်တဲ့ ချာတိတ်တွေတွေ့ရင် ထမင်းဖိုး ပေးလေ့ရှိတယ်* သူ့သား ဒုက္ခရောက်နေရင်လဲ လူကြီးလူကောင်း တစ်ယောက်ယောက်က အဲလိုပဲ ကူညီလိမ့်မယ်လို့ မျှော်လင့်သတဲ့ - သူလဲ ကြောင်လေးတွေတွေ့ရင် အကြော်တွေကျွေး ရှိတာတစ်ခုခု တိုက်တယ် ကားတစ်စင်းကြောင့် လွင့်စင်သွားရှာတဲ့ တို့ဟူးကြော်နဲ့ ဟိုင်နကင် သိပ်ကြိုက်တဲ့ သူနဲ့အတူ ရှိမနေတော့တဲ့ ကြောင်ရေ မင်းလဲနောက်တစ်နေရာရာမှာ စားရေရိက္ခာအတွက် မပူရပါစေနဲ့ကွာ▪
The Class (Eric Segal)












