ချိန်းထားတဲ့ မိတ်ဆွေက ရန်ကုန်သား ရန်ကုန်စံတော်ချိန်နဲ့ ရန်ကုန်ယာဉ်ပိတ်ဆို့မှုကို ဖြတ်ပျံလာရတော့ နောက်ကျတယ် သူ့သားလေးလဲ ပါလာတယ် ဒီဘဲက သောက်စရာဘာညာ မှာပြီးတော့ ဂဏန်းနဲ့ ပတ်သက်တာ တစ်ခုခုမှာတယ် ကလေးက ဂဏန်းရှားတဲ့နေရာမှာ အနေများတာကိုး အဲ့ဒါနဲ့ သူတို့ အပေါ်ယံလေး ရှပ်သောက်ကြရင်း အရင်လို ပုလင်းကြီးတွေ ထောင်မသောက်ဖြစ်ရတာ ဘာ့ကြောင့်တစ်ခုခုစီ သူတို့မှာရှိနေတယ်ဆိုတာသတိရသွားကြတယ် ဟိုဘဲကတော့ ပြတ်သားတယ် ခွက်တစ်ဝက်နဲ့ရပ်ပြီး သူ့သားကို ဂဏန်းတွေ နွှင်ကျွေးနေတာကြည့်ရင်း သူ့အဖေကို သတိရလာတယ် ရန်ကုန်ပြန်ရောက်စ အဖေနဲ့သွားတိုးတော့ ဗမာထမင်းဆိုင်တစ်ဆိုင် ခေါ်သွားပြီး ပုဇွန်ထုပ်နဲ့ ဆိတ်ကလီစာ ကျွေးတယ် မင်းမစားရတာတွေ စားရမယ်တဲ့ အမှန်က အဲ့ချိန်ဟာ သူဘာအစားအသောက်မှ မမြင်ချင်တဲ့ အချိန်မျိုးပဲ ဒါမယ့် စားရခဲတယ်ဆိုပြီး အတော်တွတ်ပလိုက်တယ် ပြီးတော့ အေး မင်းပြန်တော့ ငါခဏ အိပ်ဦးမယ် ဆိုတော့လဲ ပြန်ခဲ့ရတာပဲဟုတ် ဘယ်မွေးနေ့တုန်းကမှ အဖိတ်မခံခဲ့ရတဲ့သားပဲ ဆယ်တန်းအောင် အလိုက်သိ သူ ပြန်ခဲ့တယ် ခုလဲ ဂဏန်းဇယားကိုတွေကြည့်ရင်း တတိယခွက်ကို လက်စသတ်ရင်း သူဆန္ဒပြုတယ် သားဆိုးသားမိုက်နဲ့ ဝေးရာမှာ ချမ်းသာစွာရှိနေပါစေ အဖေ▪










