#BreakingNews #GRAPHIC : Rakhine police officers came to arrest #Rohingya in #AnaukYwe concentration camp of #Pauktaw, open fire on him at 8:30AM on November 18, 2018. Police accused human traffickers to some #Rohingyas and attempted to arrest them. Two young #Rohingya stood and said " We have to live in the open prison and can leave no where even we cannot move one village to another. How can be human traffickers? Most of our people bribed police officers and military to escape from prison-like situation." Police officers became angry and beat those two boys. Meanwhile, some other #Rohingya arrived there and argued police officers for beating without reason. Suddenly four police officers started open fire on #Rohingyas- five severely wounded and other three got injured. ပေါက်တောမြို့ရှိ အကျဉ်းစခန်းမှာ ပိတ်လှောင်ထားခံရသူတို့အား ရဲတပ်ဖွဲ့ဝင်များက တရစပ် ပစ်သတ် ======================================================== ရခိုင်ပြည်နယ် ပေါက်တောမြို့နယ်ရှိ အနောက်ရွှဲတွင် ၂၀၁၂ မှ စ၍ မျိုးတုံးသတ်ဖြတ်ရန်ရည်ရွယ်လျက် နာဇီအကျဉ်းစခန်းပမာ ပိတ်လှောင်ထားသော်လည်း အသက်မသေဘဲ ကျန်ရစ်သူတို့အား ရခိုင်ဗုဒ္ဓဘာသာဝင် ရဲများက ဆင်ခြေအမျိုးမျိုးဖြင့် နေ့စဉ် ညှင်းပန်းနှိပ်စက်နေကြသည်။ ယနေ့ မနက် ၈ နာရီခွဲလောက်တွင် ရဲတပ်ဖွဲ့ဝင် ၁၀ ဦး အဆိုပါ အကျဉ်းစခန်းသို့ရောက်လာပြီး ရိုဟင်ဂျာနှစ်ဦးအား (မကြာသေးမီက အဖမ်းခံရသော ရိုဟင်ဂျာ ဒုက္ခသည် ၁၀၆ ဦးကို ကားပေါ်တင်ပေးသူများ )လူကုန်သယ်ပွဲစားဟု စွပ်စွဲ၍ ဖမ်းဆီးရန်ကြိုးစားခဲ့သည်။ အကျဉ်းစခန်းနေ ဒုက္ခသည်တစ်ဦးက "ကျွန်တော်တို့ကို အကျဉ်းစခန်းမှာ ပိတ်လှောင်ထားသည်မှာ ၆ နှစ်ကျော်ရှိပြီ။ ရဲနှင့် စစ်တပ်၏ ခွင့်ပြုချက်မရှိဘဲ အကျဉ်းစခန်းမှ ခြေတစ်လှမ်းပင် လှမ်းခွင့်မရှိ။ လူမှောင်ခိုပွဲစားဟူသမျှမှာ ရဲနှင့် စစ်သားများသာ ဖြစ်ရမည်။"ဟု ပြောခဲ့သည်။ ထိုစဉ်ရဲ နှစ်ဦးက အဆိုပါဒုက္ခသည်အား ဝိုင်းရိုက်ကြသည်။ ထိုသို့ ရိုက်နှက်နေသည်ကို မြင်၍ ဒုက္ခသည်များက ရိုက်နှက်ရသည့် အကြောင်းရင်းကို မေးမြန်းရန် အပြေးအလွှား လာနေကြသည်။ ဒုက္ခသည်များ ရဲရှိရာသို့ လာနေသည်မြင်သည်နှင့် တပြိုင်နက် သတိပေးချက်ပင် မပေးပဲ တရစပ်ပစ်ခတ်ခဲ့ရာ ဒုက္ခသည်ငါးဦး သေနတ်ထိမှန်ပြီး ဒဏ်ရာအပြင်းအထန် ရကြသည်။ နောက်ထပ် သုံးဦးလည်း ဒဏ်ရာ အနည်းငယ်ရကြသည်။ အောင်အောင် - စစ်တွေ https://www.instagram.com/p/BqUu2-Qllzz/?utm_source=ig_tumblr_share&igshid=936zp7jpwex4













