Credit: @ayasompo_insurance မိုးသည်းထန်စွာရွာသွန်းမှုများကြောင့် ရေကြီးမှုအန္တရာယ်၊ရုတ်တရက် ရေလွှမ်းမိုးမှုအန္တရာယ်များ ဖြစ်ပွားတတ်ပါတယ်။ဒါကြောင့် ရေကြီးမှုအန္တရာယ် ကျရောက်လာပါက ကြိုတင်ပြင်ဆင်မှုများနှင့် ကြိုတင်ကာကွယ်မှုများကို မျှဝေပေးလိုက်ပါတယ်။ ၁။ ရေဒီယို၊ရုပ်မြင်သံကြားများတွင် ထုတ်လွှင့်နေသော မိုးလေဝသသတင်းများ၊ ဘေးအန္တရာယ်သတိပေးချက်များနှင့် ကျန်းမာရေးသတိပေးနှိုးဆော်ချက်များအတိုင်း လိုက်နာဆောင်ရွက်ပါ။ ၂။ ရေကြီးမှုဖြစ်ပွားပြီးပါကလည်း အိမ်ဘေးပတ်ဝန်းကျင်ကို ပြန်လည်သန့်ရှင်းအောင်လုပ်ပါ။လျှပ်စစ်မီးကြိုး၊ လျှပ်စစ်မီးတိုင်များနှင့် တတ်နိုင်သမျှဝေးဝေးနေပါ။အိမ်နားရှိချိုင့်ခွက်နှင့် မြောင်းများ အတွင်းသို့ချော်ကျ၍ ရေနစ်နိုင်သည့် အန္တရာယ်ရှိသောကြောင့် သတိပြုသွားလာပါ။ ၃။ အရေးကြီးသော ပရိဘောဂနှင့် အသုံးအဆောင်ပစ္စည်းများအား ရေတက်လျှင် လွတ်နိုင်သောအမြင့်တွင်ထားခဲ့ပါ။အဖိုးတန်ပစ္စည်းများကိုလည်း သေချာစွာထုတ်ပိုးပြီး ဘေးလွတ်ရာသို့ တစ်ခါတည်းယူဆောင်သွားပါ။ ၄။ လျှပ်စစ်နှင့်ပတ်သက်သောပစ္စည်းများ စက်ပစ္စည်းများကို ရေတက်လျှင် ကာကွယ်နိုင်ရန်အတွက် တတ်နိုင်သမျှမြင့်သောနေရာတွင်ထားပါ။ ၅။ အသင့်စားသုံးနိုင်သော အစားအစာများ၊အဝတ်အထည်များ၊ ရှေးဦးသူနာပြုကိရိယာနှင့် လိုအပ်သော ဆေးဝါးများ၊ ဘက်ထရီစသော အရေးအပေါ်ကိရိယာများကို ပြင်ဆင်ပါ။ ၆။ သက်ကြီးရွယ်အိုမိသားစုဝင်များနှင့် အိမ်မွေးတိရစ္ဆာန်များအား လုံခြုံရာကုန်းမြင့်သို့ ရွှေ့ပြောင်းထားပါ။ အားပြန်သွင်းနိုင်သော မည်သည့်စက်ပစ္စည်းမဆို အားသွင်းပါ။ အဖိုးတန်ပစ္စည်းများနှင့် အရေးကြီးသောပစ္စည်းများကို လုံခြုံအောင် သိမ်းဆည်းထားပါ။ မြန်မာနိုင်ငံသူနိုင်ငံသားအားလုံး ဘေးအန္တရာယ်ကင်းကြပါစေ။ AYA SOMPO Insurance – Your Partner for Life #AYASOMPO #AYASOMPOInsurance #CycloneAsani #Precaution #Preventionmeasures (at Yangon) https://www.instagram.com/p/CbZ6vwiLOC6/?utm_medium=tumblr













