ကျွန်တော်လေတပ်ထဲ စဝင်တဲ့အချိန်ကတော့ ၁၉၉၉ခုနှစ် ၇လပိုငျးဖွဈပါတယျ။ အဲ့ဒီအချိန်ကတော့ Meiktila Ground Training Base မှာ Basic Training ၄လခွဲတက်ရ
ကျွန်တော်လေတပ်ထဲ စဝင်တဲ့အချိန်ကတော့ ၁၉၉၉ခုနှစ် ၇လပိုငျးဖွဈပါတယျ။ အဲ့ဒီအချိန်ကတော့ Meiktila Ground Training Base မှာ Basic Training ၄လခွဲတက်ရတယ် အဖေကတပ်ထဲဝင်တာသဘောမကျဘူး ဘာဖြစ်လို့လည်းဆိုတော့ သူကိုယ်တိုင် လေတပ်က စစ်သားတစ်ယောက်ဖြစ်နေလို့ပါပဲ မြန်မာစစ်တပ်အကြောင်းကိုကောင်းကောင်းသိနေတဲ့အဖေက ငါသာကျွန်အဖြစ်ခံမယ် ငါ့သားသမီးကိုတော့ကျွန်အဖြစ်မခံဘူးလို့ပြောလေ့ရှိတယ် ကျွန်တော်က ၁၀တန်းစာမေးပွဲ ဖြေဖြေပြီးချင်းတပ်ထဲဝင်လိုက်တာကို အဖေက ကျောင်းဆက်တက်ပါသားငယ်လေးရယ်ဆိုပြီးတားပါသေးတယ် ကျွန်တော်ကခေါင်းမာခဲ့တာကို စစ်တပ်အကြောင်းဘာမှမသိသေးတဲ့ကျွန်တော်ကတောင် အဖေကို ဆရာပြန်လုပ်နေတာ
တပ်ထဲဝင်တာ နိူင်ငံတော်ကို ကာကွယ်တာပါပေါ့
တကယ်တော့ အဖေကကျွန်တော့ကို ကျောင်းထားဖို့အတွက်အဆင်မပြေဘူးဆိုတာ ကျွန်တော်သိနေလို့ပါ
အဲ့အချိန်က ကျွန်တော်တို့မိသားစုက မပြေလည်ဘူးလေ အဖေကလည်းတပ်ကထွက်ခါနီးပြီ အသက်ကြီးပြီဖြစ်တဲ့အဖေဆီကပိုက်ဆံလည်းမတောင်းရက်တော့ဘူး အဖေကလေတပ် မော်တော်ယာဥ်ဌာနကပါ ကားသမားတစ်ယောက်ပေါ့ ကားသမားဘဝဆိုတော့ ကျွန်တော် ၁၀တန်းနှစ်စာမေးပွဲဖြေခါနီးမှာ အဖေကားတိုက်မှု့ဖြစ်လို့ ရော်ကြေးပေးလိုက်ရတယ် အဖေလစာ ၈၅၀ လေးနဲ့ကျွန်တော်တို့မိသားစု ၅ယောက်စားဝတ်နေရေးအတွက်မနည်းလောက်အောင်စားနေရတဲ့အချိန်မှာ အခုလိုမထင်မှတ်ပဲ ကားတိုက်မှု့ဖြစ်တော့အမေမှာရှီတဲ့ လက်ဝတ်လက်စားလေးရောင်းချပြီးလျော်ကြေးပေးလိုက်ရတယ်။
ကျွန်တော်တို့မောင်နှမသုံးယောက်ရှိပါတယ် အစ်ကို အကြီးဆုံးက မြင့်စိုး, အစ်မ အလတ်ကတော့ တင်တင်,ကျွန်တော်ကတော့ အငယ်
ဆုံးသားပါ နေဝင်းအောင်လို့ခေါ်ပါတယ် အဲ့လိုမိသားစုအခက်အခဲဖြစ်နေချိန်မှာ အစ်ကိုနဲ့အစ်မကတော့ အိမ်ထောင်ကျနေပါပြီ ကျွန်တော်ဆယ်တန်းမဖြေခင်ကတည်းက အလုပ်လုပ်ချင်နေတာပါ ၁၉၉၉ခုနှစ်က တော့ Meiktilaလို ဒေသကအလုပ်အကိုင်ရှားပါးပါတယ် အဲ့လိုနဲ့ လေတပ်ထဲရောက်လာတယ်ဆိုပါတော့....
ကျွန်တော်လည်း Basic Training သင်တန်းပြီးရော
အဖေကလည်းတပ်ကနေ သက်ပြည့်ပင်စင်ယူ
သွားပါပြီ တပ်ကြပ်ကြီးအဆင့်နဲ့ အနားယူသွားတာ
ပေါ့နော် တပ်ကြပ်ကြီး မောင်ဝင်း+ဒေါ်သင်းသင်း
အောင် ဆိုတာ ကျွန်တော့မိဘနှစ်ပါး ဖြစ်ပါတယ်
၁၉၉၉ခုနှစ်မှာ တော့ကျွန်တော့လစာက ( ၄၅၀) ကျပ်ပါအဲ့ဒိအချိန်က တပ်ထဲဝင်တဲ့သူမရှိသလောက်ကိုရှားပါတယ် ဒီလစာနဲ့ဘယ်လိုမှမလောက်ငဘူးဆိုတော့ကျွန်တော့အပတ်စဥ် ၂/၉၉ သင်တန်းသား(၅၁)ယောက်တည်းရှိပါတယ် အမှတ်တရကတော့ သင်တန်း ၄လခွဲပြီးလို့ခွင့်(၁၀)ရက်ပေးလိုက်လို့ မိခင်အိမ်ပြန်ကြတယ် ခွင့်
ရက်ပြည့်လို့ ပြန်လည်သတင်းပို့ခေါ်တဲ့နေ့မှာပဲ( ၄၁)ယောက်ပဲရှိတော့တာ တပ်ပြေး( ၁၀) ယောက် အခုအချိန်ဆိုကျွန်တော်နဲ့အပတ်စဥ်တူရဲဘော်တွေက မရှိသလောက်ပါပဲ သေတဲ့သူတွေသေကုန်ပါပြီ..။အဲ့လိုနဲ့ ၂၀၀၀ခုနစ်မှာပဲ အခြေခံလစာတိုးတဲ့အတွက်လေတပ်ထဲကိုဝင်တဲ့သူတွေများတဲ့အတွက်သင်တန်း ၃ခုလောက် ဖွင့်ခဲ့တယ် မှော်ဘီ,ရှမ်းတဲနဲ့ လမသ တပ်တွေမှာသင်တန်းတွေဖွင့်ခဲ့တာပါ လစာ(၄၅၀)ကျပ်ကနေ
လစာ(၁၅၀၀)ကျပ်အထိတိုးလိုက်တော့ တော်တော်
များများတပ်ထဲကိုရောက်လာကြတယ် အပြင်မှာ
အလုပ်အကိုင်ရှားပါးတဲ့ခေတ်ဆိုတော့လည်း အဲ့ဒိအချိန်ကဆိုရင် လူငယ်တွေပါမက အသက် (၄၀)ကျော်တွေပါ အသက်လိမ်ပြီးတပ်ထဲကိုဝင်လာကြတာ..။အခြေခံစစ်သင်တန်းပြီးတော့ ၂၀၀၀ခုနှစ် အစပိုင်းမှာပဲ Meiktila Ground training Base မှာ Electronic Training School မှာ ၆လ သင်တန်း ဆက်တက်ရပါတယ် ကျွန်တော့ရဲ့ လုပ်ငန်းကတော့ Radar operator လုပ်ငန်းဖြစ်ပြီး Radar,Air Traffic control (ATC),Navigation,
Alphabetနင့်computer ဘာသာရက်များကို သင်
လုပ်ငန်းသင်တန်း ၆လတက်ပြီး မှော်ဘီမှာ ရှိတဲ့အမှတ် (၇၄) Radar အုပ်မှာ Operation Jop
Training(OJT) ၁လခွဲ သွားရောက်သင်ခဲ့ရပြီး
၂၀၀၀ခုနစ် ၉လပိုင်း တွင် ရန်ကုန်တိုင်း မင်္ဂလာဒုံ
လေတပ်စခန်းဌာနချူပ် လေကြောင်းရန်ကာကွယ် ရေးကွပ်ကဲမှု့ဌာန တွင် စတင်တာဝန်ထမ်းဆောင်ရပါသည်။ ပထမ ၁နှစ်ကတော့ စာတွေ့ လက်တွေ့(OJT)သဘောပါပဲ ၁နှစ်သင်ကြားပြီမှ ကျွန်တော်နဲ့သက်ဆိုင်တဲ့ အတွဲ(ဂ)မှာ စတင်တာဝန်ထမ်းဆောင်ရတာပေါ့.....
လေကြောင်းရန်ကာကွယ်ရေးကွပ်ကဲမှု့ဌာန(ADCC) Air defence control centre ဌာနကတော့၂၄နာရီ အလုပ်လုပ်ရပြီး Day,Night ,Off,Stbyဆိုပြီးတာဝန်ခွဲထားတာပါ အတွဲ(၄)ခုရှိပါတယ် အတွဲ က ခ ,ဂ ,ဃ ဆိုပြီးတော့....