ပေါက်ကိုယ်တော် မကယ်နိုင်ခဲ့တဲ့ အငတ်ဘေးဆိုက် ပျူရွာများ
တနေ့က အမျိုးသားရေးအစွန်းရောက် စစ်တပ်ထောက်တိုင် သင်္ကန်းဝတ် ပေါက်ကိုယ်တော်ဆိုသူ မကျေမနပ်နဲ့ လိုင်းပေါ်တက်ပြောတဲ့ ကိစ္စလေး သတိထားမိတယ်။ သူ့အနေနဲ့ အတော်လေး ဒေါသထွက်နေပုံလည်းပေါ်သလို၊ စစ်ကောင်စီလက်အောက်ခံ ဖြစ်တဲ့ "တိုင်းဒေသကြီး အစိုးရအဖွဲ့သိစေရန်" ဆိုပြီး ပြောဆိုထားတယ်။
ဒီကိစ္စပြောရမယ်ဆိုရင် မကွေးတိုင်း၊ ပေါက်မြို့နယ်ထဲက ပျူရွာတွေ အငတ်ဘေးဆိုက်တာက စ ရမှာပါ။ ပေါက်မြို့နယ်ထဲမှာ ဇီးပြား၊ ထရော်ကိုင်း စတဲ့ ပျူရွာတွေရှိတယ်။ အဲ့ဒီရွာတွေက စစ်တပ်ထောက်ခံသူအမာခံတွေဖြစ်တယ်။ စစ်တပ် အာဏာမသိမ်းခင် ရွေးကောက်ပွဲကာလတုန်းက ကြံ့ခိုင်ရေးပဲ အနိုင်ရခဲ့တဲ့ ရွာတွေဖြစ်တယ်။ အာဏာသိမ်းပြီးတဲ့ အချိန်ရောက်တော့လည်း အာဏာသိမ်းမှုကို ထောက်ခံပြီး၊ စစ်တပ်နဲ့ ပူးပေါင်းကာပြည်သူတွေကို အနိုင်ကျင့်နေတဲ့ စစ်တပ် အမာခံ ရွာတွေဖြစ်တယ်။
အဲ့ဒီ ပျူရွာတွေအနေနဲ့ တော်လှန်ရေးကာလ ၃ နှစ်ကျော် တဲ့အချိန်ကျ၊ ပတ်ဝန်းကျင်ကျေးရွာက တော်လှန်ရေးအင်အားစုတွေ အင်အားကောင်းလာတာကြောင့်၊ ခရီးသွားလာဖို့ အခက်အခဲဖြစ်လာကြတယ်။ ခရီးသွားဖို့ဆိုတာထက် ရွာပတ်ချာလည်မှာကို လုပ်ကိုင်စားဖို့ ခက်ခဲလာတယ်လို့ သိရတယ်။ တော်လှန်ရေးအင်အားစုတွေဘက်က "အလံဖြူပြပါ၊ ပြည်သူနဲ့ပူးပေါင်းပါ" လို့ ဖိတ်ခေါ်တော့လည်း မပူးပေါင်းကြဘူး။ အကြောင်းရင်းက ဝါဒမှိုင်းမိနေတာရယ်၊ သင်္ကန်းဝတ် ပေါက်ကိုယ်တော်တို့လို လူတွေရဲ့ ဘာသာရေးနဲ့ လွှမ်းမိုးမှုတွေကြောင့်လို့ သိရတယ်။
ဒီလိုအခြေအနေကနေ ဇီးပြား၊ ထရော်ကိုင်း စတဲ့ ပျူရွာတွေဟာ အချိန်ကြာလာတာနဲ့အမျှ တောင့်မခံနိုင်ဘဲ အငတ်ဘေးဆိုက်ကြတယ်လို့သိရတယ်။ လူငယ်လူရွယ်တွေက ခံနိုင်ရည်ရှိပေမယ့်၊ အသက်ကြီးသူတွေ၊ ကလေးငယ်တွေဆို ခံနိုင်ရည်မရှိဘဲ သေဆုံးကြတယ်ဆိုပြီးလည်း သိရတယ်။ ဒါနဲ့ စစ်တပ်ကို ရိက္ခာပို့ပေးဖို့ အကူအညီတွေ တောင်းကြတယ်။ ရွာသားတိုင်းကလည်း ဖုန်းဆက်လို့မရကြဘူး၊ စစ်တပ်က တရွာလုံးကဖုန်းတွေသိမ်းထားတယ်လို့ သိရတယ်။
ဒါနဲ့ ပျူရွာတွေကို စစ်တပ်က ကားတွေနဲ့ ရိက္ခာလာပို့ကြတယ်။ လမ်းမှာ မိုင်းဆွဲခံရ၊ ဖြတ်တိုက်ခံနေရတာနဲ့ ရိက္ခာက ရှေ့မရောက်ဘဲ စစ်တပ်ကနောက်ပြန်ဆုတ်သွားခဲ့ရသလို၊ တခါတရံ တော်လှန်ရေးအင်အားစုတွေက သိမ်းပိုက်ရရှိကြတယ်။ တရက်ကျ စစ်တပ်က ဇီးပြားရွာကို ရဟတ်ယာဥ်နဲ့ ရိက္ခာ ထပ်ပို့တယ်။ လာပို့တဲ့အချိန် တော်လှန်ရေးအင်အားစုတွေဘက်က ဘယ်လောက်ထိ သတင်းစီးဆင်းမှု၊ စုဖွဲမှုအားကောင်းသလဲဆိုရင် ရဟတ်ယာဥ်ဆင်းမယ့်နေရာနားတဝိုက်ကို သတင်းအတိအကျနဲ့ စောင့်ကြိုပြီး တရုတ်ထုတ် စက်သေနတ်တွေနဲ့ ဝိုင်းပစ်တယ်လို့ ပေါက်ကိုယ်တော်ပြောဆိုချက်ကနေ သိရတယ်။ ဒီ့နောက် ရဟတ်ယာဥ်လည်း ရိက္ခာမချဘဲ၊ နောက်ကြောင်း ပြန်လှည့်သွားတယ်လို့ သိရတယ်။
ဒီဖြစ်စဥ်အပေါ် ပထမဆုံးသတိထားမိတာက စစ်ကောင်စီလေတပ်ပါ။ လေတပ်အနေနဲ့ ဘယ်နေရာချချ ရိက္ခာချလို့ရနေတဲ့ ပျူစောထီးရွာတွေကို တကယ်စေတနာမရှိလို့ မချပေးတာလို့ ပြောလို့ရတယ်။ ကျေးရွာတရွာဆိုတာ အကျယ်အဝန်းအားဖြင့် ရယာဥ်တွေ ရိက္ခာချဖို့ လုံလောက်တဲ့ အကျယ် အဝန်း ရှိပါတယ်။ အဲ့ဒီ ဇီးပြား ရွာနေရာမှာ စစ်ဗိုလ်ချုပ်တွေရဲ့ နေပြည်တော် (၆ လုံးတန်းအိပ်ယာ) သာဆိုရင် ဘယ်လိုနေမလဲဆိုတာ နှိုင်းယှဥ်ကြည့်ရုံနဲ့ သိနိုင်ပါတယ်။
ဒုတိယအချက်အနေနဲ့ မြင်မိတာက တော်လှန်ရေးအင်အားစုတွေရဲ့ စိုးမိုးလာနိုင်မှုအခြေအနေတွေပါ။ ရဟတ်ယာဥ်တစီး ဘယ်နေ့ ရိက္ခာလာပို့မယ်၊ ဘယ်နေရာမှာ ချမယ်၊ စောင့်ကြိုတိုက်ခိုက်ပါဆိုတာမျိုးက တပ်တွင်းဖရဲသီး၊ ပြည်သူလူထုသတင်းပေးမှု မပါဘဲ လုပ်ဆောင်လို့ ရတဲ့အရာမဟုတ်ပါ။ ဒါ့ပေမယ့် တော်လှန်ရေးတပ်တွေက လုပ်ပြသွားနိုင်ခဲ့တယ်။ ဒါဟာ လက်လုပ်သေနတ် အဆင့်ကနေ၊ ရဟတ်ယာဥ် တစီးကို မောင်းထုတ်နိုင်တဲ့ အထိ တိုးတက်လာတဲ့ အညာက တော်လှန်ရေးတပ်တွေရဲ့ ကြိုးပမ်းမှုဖြစ်ပြီး၊ မချီးကျူးဘဲ မနေနိုင်ဖြစ်ခဲ့ရတယ်။
အညာဒေသမှာက စစ်ကောင်စီအတွက် အားသာချက် (၂) ချက်ရှိပါတယ်။ မြေပြင်တပ်တွေကို လေကြောင်းပစ်ကူပေးခြင်း၊ရိက္ခာ၊ လူလက်နက် သယ်ယူပို့ဆောင်ပေးခြင်း စတာတွေလုပ်ဆောင်နိုင်တဲ့ လေယာဥ်/ရဟတ်ယာဥ်နဲ့ စစ်ကောင်စီစစ်ကြောင်းတွေ ခိုနားရာ ပျူရွာတွေပဲ ဖြစ်တယ်။ ဒီလိုမျိုးအညာဒေသမှာ အချက် (၂) ချက်နဲ့ အားသာပါတယ်ဆိုတဲ့ စစ်ကောင်စီလက်အောက်ခံရွာတွေဟာ၊ လက်ရှိမှာတော့ အားလုံးဟာ ဖရိုဖရဲနဲ့ အငတ်ဘေးဆိုက်လို့ နေပါပြီ။ ဒီလိုအခြေအနေမျိုးကို ပေါက်ကိုယ်တော်လည်း ကယ်နိုင်မှာ မဟုတ်ပါ။
ပေါက်ကိုယ်တော်မပြောနဲ့ စစ်ခေါင်းဆောင်မင်းအောင်လှိုင်ကိုယ်တိုင်လည်း ကယ်နိုင်မှာမဟုတ်ပါ။ သူကိုယ်တိုင်လည်း အခုရက်ထဲမှာ ကရင်နီပြည်နယ်က လွိုင်ကော်မြို့ကို သွားပြီး အပျက်အစီးတွေသွားကြည့်တယ်။ KNDF က ၁၂၀ မမနဲ့ လှမ်းပစ်လို့ သေမှာကြောက်ပြီး ဆီဆိုင်မြို့ကို ချက်ချင်းပြန်သွားတယ်လို့ သိရတယ်။ လွိုင်ကော်မြို့ဆိုတာ စစ်ကောင်စီတပ်တွေ ဖြန့်ကျက် နေရာယူထားတဲ့မြို့တမြို့ဖြစ်တယ်။ ဒါပေမယ့် စစ်တပ်တခုကို ဦးဆောင်ပြီး၊ နိုင်ငံ့အာဏာကို မတရားသိမ်းယူထားတဲ့ လူတယောက်က ထိတ်လန့်ပြီး ရဟတ်ယာဥ်နဲ့ ချက်ချင်းပြန်တယ်ဆိုကတည်းက အခြေအနေကို သိသင့်ပါတယ်။
ဆိုတော့ သူကိုယ်တိုင်တောင် သေမှာကြောက်လို့ ခိုးကြောင်ခိုးဝှက်သွားလာနေရတဲ့ မင်းအောင်လှိုင် လက်အောက်မှာ ဘာ့ကြောင့် အသက်တွေ ဘဝတွေ ပေးဆပ်ပြီး နေနေကြဦးမှာလဲ ဆိုတဲ့ မေးခွန်းနဲ့ ရှင်သန်ရာလမ်းကိုသာ ရွေးချယ်ကြဖို့ တိုက်တွန်းလိုက်ရပါတယ်။
ပေါက်ကိုယ်တော် မကယ်နိုင်ခဲ့တဲ့ အငတ်ဘေးဆိုက်ပျူရွာများ မောင်ဝိ(Wiper) တနေ့က အမျိုးသားရေးအစွန်းရောက် စစ်တပ်ထောက်တိုင် သင်္ကန်းဝတ် ပေါက်ကိုယ်တေ











