ဝမ်းနည်းခဲချွန်စက် (Unicode)
ချွန်မြနေတဲ့ခဲတံဟာ ကြေကွဲလွယ်ခဲ့ရင်
မနက်ဖြန်တွေကို အမြဲတမ်းတုံးထားလိုက်ရမလားတဲ့
ခဲချွန်စက်လေးက မေးတယ်
ရုပ်ရှင်ထဲမှာတော့
ဘယ်လောက်ချောတဲ့ မင်းသားအငယ်လာလာ
ကျော်ဟိန်းကို ယှဉ်ဆွဲလို့မရဘူး
သူသူငါငါလျှောက်နေတဲ့လမ်းထဲ
ခဏခဏချော်လဲတာ လမ်းကမတည့်တာလား
ရှူးဖိနပ်က မတည့်တာလား
ဘယ်ဘက်ရင်ဘတ်မှာ ယာယီတက်တူးလေးထိုးလိုက်တယ်
ရုရှအရုပ်လို အထပ်ထပ်ခွာချလဲ
အဆင်ဒီဇိုင်းအားလုံးဟာ အတူတူ။
ချစ်မင်းမောင်
၁၃ ရက်၊ မေလ၊ ၂၀၁၇ ခုနှစ်
ဝမ္းနည္းခဲခၽြန္စက္ (Zawgyi)
ခၽြန္ျမေနတဲ့ခဲတံဟာ ေၾကကြဲလြယ္ခဲ့ရင္
မနက္ျဖန္ေတြကို အျမဲတမ္းတုံးထားလိုက္ရမလားတဲ့
ခဲခၽြန္စက္ေလးက ေမးတယ္
႐ုပ္ရွင္ထဲမွာေတာ့
ဘယ္ေလာက္ေခ်ာတဲ့ မင္းသားအငယ္လာလာ
ေက်ာ္ဟိန္းကို ယွဥ္ဆြဲလို႔မရဘူး
သူသူငါငါေလၽွာက္ေနတဲ့လမ္းထဲ
ခဏခဏေခ်ာ္လဲတာ လမ္းကမတည့္တာလား
ရႉးဖိနပ္က မတည့္တာလား
ဘယ္ဘက္ရင္ဘတ္မွာ ယာယီတက္တူးေလးထိုးလိုက္တယ္
႐ုရွအ႐ုပ္လို အထပ္ထပ္ခြာခ်လဲ
အဆင္ဒီဇိုင္းအားလုံးဟာ အတူတူ။
ခ်စ္မင္းေမာင္
၁၃ ရက္၊ ေမလ၊ ၂၀၁၇ ခုႏွစ္