တကယ်တော့ ပထမဆုံး ဒိတ်က တဖက်လူရဲ့အထင်အမြင်ကအရေးကြီးတာမှန်ပါတယ်။ ဒါပေမဲ့ကိုယ်တွေလို အမြဲအထာကျနေတဲ့လူကျတော့ ပထမဆုံးဒိတ်ကို ချာတူးချက်စျေးခေါ် သွားလဲ လှတဲကောင်မလေးက အထာကျတဲ့ကိုကြီးနဲ့ ရည်းစားဖြစ်သွားတာပါဘဲ။
TMBGareOK. The Official They Might Be Giants tumblr

shark vs the universe
KIROKAZE
macklin celebrini has autism

pixel skylines
Mike Driver
No title available
$LAYYYTER
noise dept.

No title available
Cookie Run:Kingdom Official!
let's talk about Bridgerton tea, my ask is open
Game of Thrones Daily

ellievsbear
The Bright Sessions
NASA
No title available
RMH
tumblr dot com
todays bird
seen from Malaysia
seen from Malaysia
seen from United States
seen from Guernsey

seen from United States
seen from Germany

seen from Thailand
seen from United States
seen from Singapore

seen from Türkiye

seen from Colombia
seen from T1

seen from Malaysia
seen from United States

seen from United Kingdom

seen from Italy
seen from United States

seen from United Kingdom

seen from Brazil

seen from United States
@thihakyaw
တကယ်တော့ ပထမဆုံး ဒိတ်က တဖက်လူရဲ့အထင်အမြင်ကအရေးကြီးတာမှန်ပါတယ်။ ဒါပေမဲ့ကိုယ်တွေလို အမြဲအထာကျနေတဲ့လူကျတော့ ပထမဆုံးဒိတ်ကို ချာတူးချက်စျေးခေါ် သွားလဲ လှတဲကောင်မလေးက အထာကျတဲ့ကိုကြီးနဲ့ ရည်းစားဖြစ်သွားတာပါဘဲ။
လက်သည်းကိုက်ရတာကြိုက်တယ်။ စိတ်ဖိစီးမှုများနေတဲ့အချိန်မှာ လက်ပေါ်ကလက်သည်းလေးနည်းနည်းလေးဖြူနေရင်၊ ရှည်စပြုလာရင် ကိုက်ထည့်ပလိုက်တာဘဲ။ အရမ်းလဲနေသာထိုင်သာရှိတယ်။ ကိုက်စရာလက်သည်းမရှိရင်ဘေးကအရေခွံတွေကိုကိုက်တာဘဲ။ လက်သည်းကိုက်တာပျောက်အောင်လုပ်တဲ့နည်းရှိတယ်။ အဲ့တာတွေတခုမှလိုက်မလုပ်ဘူး။ လက်သည်းကိုက်တာကဇိမ်ခံတဲ့အရာဘဲလေ။ - ကိုယ်တွေရဲ့စိတ်နေစိတ်ထားသိချင်ရင်လက်မှာသွေးစို့နေရင်၊ မျက်နှာမှာဝက်ခြံတွေရှိနေရင် ကြင်နာတဲ့စကားလေးများပြောပေးလို့ရပါတယ်။ အဲ့ထဲမှာအရယ်ရဆုံးလူတွေက လက်သည်းကိုက်နေတဲ့လူကို လက်သည်းမကိုက်နဲ့တဲ့။ လက်သည်းကကွာနေပြီလေ။ပြီးအောင်ကိုက်မှပြီးပြည့်စုံမှာလေ။ လက်သည်းမကိုက်စေချင်ရင်မကိုက်နဲ့လို့ပြောရတာမဟုတ်ပါဘူး။ စိတ်လှုပ်ရှားတာကိုအဖြေရှာရမှာပါဘဲ။ ဒါပေမဲ့လဲ အဲ့စိတ်လှုပ်ရှားအောင်လုပ်နေတဲ့အရာက ခေါင်းပေါ်မှာခေါင်မိုး၊ ပန်းကန်ပေါ်မှာစားစရာ ရောက်အောင်လုပ်ပေးတဲ့အရာဖြစ်နေလို့ နောက်တော့မပြင်တော့ဘူးကွာ၊ကိုက်ရတာလဲကြိုက်တယ်၊ ဘယ်လူကိုမှဒုက္ခပေးနေတာမှမဟုတ်တာလေနော့ ဆိုပြီး စိတ်လွတ်လက်လွတ်လက်သည်းကိုက်တော့တာဘဲ။ - လက်သည်းကိုက်လို့လက်မလှဘူးမထင်နဲ့အုန်းနော်။ လက်ကတော့လှနေတုန်းဘဲ။
ချစ်သူများနေ့ဆိုတာတကယ်တော့ယောက်ျားတွေခေါင်းပုံဖြတ်ခံရတဲ့နေ့ဘဲ။ ကျန်တာတွေမပြောတော့ပါဘူး။ ပန်းစည်းအကြောင်းဘဲပြောတော့မယ်။ နှင်းဆီပန်းလေး လေးပွင့်ငါးပွင့်လောက်ပါတဲ့ပန်းစည်းကို ဘတ် (၇၀၀) (၈၀၀)လောက်ရှိတယ်။ ငယ်ငယ်တုန်းကကျောင်းဘုရားပန်းကပါတဲ့နှင်းဆီပန်းတောင် မြန်မာငွေနဲ့ဆို (၁၀၀၀)လားရှိမယ်။ - ပြီးတော့ပြောသေးတာ အဲ့လောက်လေးသုံးမှခမ်းခမ်းနားနားရှိတာ၊ အဲ့လောက်တောင်ကပ်စေးနဲလားတဲ့။ ပြောတဲ့သူတွေကြည့်တော့ ရည်းစားမရှိတဲ့ကောင်တွေ၊ ရည်းစားကိုပန်းစည်းပေးပြီးသားကောင်တွေ၊ ပန်းစည်းရောင်းတဲ့ကောင်တွေ။ ပန်းစည်းကသေချာလေးပြင်ဆင်ထားလို့ဒီစျေးပါဆိုတော့လဲ အဲ့နှင်းဆီပန်းလဲတချိန်ရောက်ရင်ခြောက်သွားမှာဘဲကို။ - မနှစ်ကတော့ရည်းစားကို ပန်းစည်း (၁၅၀၀)တန်ပို့လိုက်တယ်။ ရည်းစားကစျေးမေးလို့ပြောလိုက်တာ နောက်တခါလုံးဝမပေးနဲ့တဲ့။ ခေါင်းပုံဖြတ်ခံထားရတဲ့အထဲကအမြတ်ကတော့အဲ့လိုနားလည်ပေးတဲ့ရည်းစားလေးရထားတာလို့ဘဲဖြေသိမ့်လိုက်ပါတယ်။
It’s still another year without my family, and I have nothing to be hopeful about for a good reunion in the future either. The world feels like it’s getting worse, as if it’s going to nuke each other. Software is becoming more buggy and unusable. AI seems to have more junk than useful things (like correcting grammar of this post).
ချင်းမိုင်မှာစားခဲ့တဲ့စျေးသက်သာတဲ့စာစရာကောင်းတဲ့ဆိုင်တွေ။
Zinmè Tea House(ဇင်းမယ်တီးဟောက်စ်)
နန်းကြီးသုပ်ကောင်းတယ််။ လက်ဖက်ရည်ကောင်းတယ်။ မလိုင်နံပြားရပေမဲ့ နံပြားကထူနေတယ်။ ရန်ကုန်ဒိန်ချဥ်အရမ်းကောင်းတယ်။ စီလုံတီးကောင်းတယ်။ စျေးကတော့ဘန်ကောက်ထက်စျေးသက်သာပေမဲ့ ချင်းမိုင်ကအခြားနေရာတွေနဲ့ယှဥ်လိုက်ရင်နည်းနည်းစျေးကြီးတယ်။ နေရာ - https://maps.app.goo.gl/YDturjBbnXb3WwdB7
Thai Yai Kitchen Restaurant - Chiang Mai မနက်စာအရမ်းကောင်း။ ပလာတာကိုကြော်ထားတာကြွပ်ကြွပ်လေးနဲ့ရွရွလေး။ တိုဖူးနွေးကောင်းတယ်။ မုန့်ဟင်းခါးကောင်းတယ်။ လက်ဖက်ရည်လဲကောင်းတယ်။ စျေးအတော်သက်သာတယ်။ နေရာ - https://maps.app.goo.gl/8i3iwpMQkgTiqP2v7
Rangoon Food House မြှီးရှည်ကောင်းတယ်။ ကြေးအိုး ဆီချက်/အရည်ကောင်းတယ်။ လက်ဖက်ရည်လဲကောင်းတယ်။ အကြီးဆိုဒ်ကိုတိုင်ကီတဲ့။ မကြားရတာကြာလို့စကားလုံးကစိမ်းနေတယ်။ စျေးလဲအရမ်းသက်သာတယ်။ မြှီးရှည်တပွဲ (၅၀)၊ ကြေးအိုးပွဲကြီး (၉၀)။ နေရာ - https://maps.app.goo.gl/HYP9noDRzAuC7bHt9
Khittayar Restaurant အကောင်းဆုံးမြန်မာထမင်းဟင်းဆိုင်ဘဲ။ ဆိုင်မှာတော့သွားမစားဘူး။ အိမ်ကမှာစားတာ။ အမဲသားဟင်း၊ ဝက်သားနီချက်၊ ခရမ်းသီးမီးဖုတ်သုပ်၊ မျှစ်သုပ်၊ မန်းကျည်းရွက်သုပ်၊ ခဝဲသီးကြက်ဥကြော်၊ ငှက်ပျောအူသုပ်။ အသားဟင်းက(၈၀)၊ အရံဟင်းကတော့ (၃၅) နဲ့ (၅၀)ကြားဘဲ။ https://maps.app.goo.gl/jqnq6fCkLriAMKjm7
CMKO kyay-oh noodle restaurant ကြေးအိုးကောင်းသည်။ တပွဲကိုတော့ ဘတ်(၁၂၀)။ https://maps.app.goo.gl/2tH9pL2c45SG9SiE8
ငယ်တုန်းက စာကြိုးစားရင်အလုပ်ကိုပင်ပန်းအောင်လုပ်စရာမလိုဘူးဆိုပြီးပြောတယ်။ ဒါပေမဲ့ခက်တာက အဲ့လိုဇိမ်နဲ့ထိုင်ပြီးအလုပ်လုပ်ရင် လူကလှုပ်ရှားမှုမရှိတော့ လှုပ်ရှားမှုအတွက်ကအချိန်တခုပေးရရော။ အလုပ်မှာဇိမ်နဲ့ထိုင်ရပေမဲ့စိတ်ကပင်ပန်းတယ်လေ။ - စိတ်ပင်ပင်ပန်းပန်းနဲ့ အလုပ်ပြီးရင်ကိုယ်လက်လှုပ်ရှားဖို့အတွက်အချိန် ၁ နာရီကနေ ၁နာရီခွဲလောက်သီးသန့်ပေးရသေးတယ်။ အမှန်က စာမကြိုးစားလဲ မထူးပါဘူး ရော့ပေါက်တူး နဲ့ ငါးပေကျင်းတွေကိုငယ်ကတည်းကတူးကျင့်ခဲ့မယ်ဆိုရင် ကြီးလာရင်လယ်လေးစိုက်ပြီးနေရုံဘဲ။ အလုပ်နဲ့ကိုယ်လက်လှုပ်ရားကတွဲပြီးသွားတာကြောင့်ဗလနဲ့ကြည့်ကောင်းနေမှာ။ - လယ်စိုက်ရင် သဘာဝကပေးတာကိုယ့်စီတိုက်ရိုက်ရောက်တာမို့လို့ အရင်းရှင်စနစ်ကြီးလဲဂရုစိုက်စရာမလိုတော့ဘူး။ နောက်ပြီးတော့လဲ ဒေတာစထွက်ချာနှင့်အယ်လ်ဂိုရစ်သမ်လဲသိစရာမလိုတော့ဘူး။ "ဟေ့ကောင် ကလောက်ကုဒ် xx.xx ကအရမ်းမိုက်သွားပြီကွ" ဆိုရင် "ငါအဲ့တာတွေမလိုတော့ဘူးကွာ၊ ငါ့မုန့်ညှင်းခင်းကြီးကအကြီးကြီးဘဲကွ" လို့ပြောနိုင်တဲ့အချိန်ဟာ ဘဝထီးနန်းစံတဲ့အချိန်ဘဲ။
ဒီအသက်အရွယ်၊ ဒီစိတ်နဲ့ အန်နမေးသိပ်မကြည့်ဖြစ်တော့ဘူး။ ငယ်ငယ်တုန်းကဆိုရင်ငယ်လို့ထင်တယ် ရှိုနန်ဇာတ်ကောင်တွေဆိုအရမ်းဖြစ်ချင်ကြတာ။ ကျောင်းမှာတောင်နာယူတိုထဲကဇာတ်ကောင်တွေကိုတုပပြီးဘယ်သူကတော့နာယူတို၊ ဘယ်သူကတော့ဆာစကဲဆိုပြီးဆော့ခဲ့ဖူးကြတာဘဲ။ ဒီအသက်အရွယ်ကြီးကြမှတန်ဂျီရိုလိုဖြစ်ချင်တယ်ဆိုပြီးလဲလုပ်လို့မရတော့ဘူး။ အဲ့လိုကျတော့ပေါသွားပြီ။
-
ပြီးရင်ဇာတ်လမ်းထဲပေါတဲ့ဒဏ်လဲမခံနိုင်တော့ဘူး။ ကြည့်နေရင်းနဲ့ ပေါတောတောနေရာရောက်ပြီဆို ဇာတ်ကောင်တွေမျက်လုံးပြူးသွားလိုက်ဂျပုဖြစ်သွားလိုက်တွေကိုမခံစားနိုင်တော့ဘူး။ ညောင်နာနာ မိန်းကလေးအသံတွေဆိုရင် အင်းကောင်မလေးတွေအပြင်မှာဒီလိုတခါမှစကားမပြောဘူးဆိုပြီးမျက်ကွယ်ပြုရတာပါဘဲ။ ရည်းစားမထားဖူးတဲ့သူတွေဘဲကြိုက်ကြမယ်ထင်တယ်။
-
ဒီကြားထဲထွက်သမျှအန်နမေးတွေတော်တော်များများကလဲအီဆဲကိုင်းတွေချည်းဘဲ။ ခေါင်းစဥ်တွေကလဲဝါကျဖြစ်နေပြီ။ ဘယ်သူတွေများဒီဂျပန်ကာတွန်းကာတွေကြည့်ကြသေးလဲ။
ဆိုင်ကယ်ဝယ်တော့ ဒီမှာ ပိုင်ရှင် လွှဲရတယ်။ ရောင်းတဲ့သူကသူ့ဖက်ကစာရွက်စာတမ်းအကုန်ပြင်လာတယ်။ ကိုယ်တိုင်သွားလုပ်ရင်ဘတ်(၆၀၀)လောက်ဘဲကုန်တာ။ ပွဲစားအပ်ရင် (၃၀၀၀)ပေးရတာ။ ပွဲစားအပ်ရင် နာမည်ပေါက်ရပေမဲ့ ကိုယ့်လိပ်စာနဲ့မရမှာစိုးလို့။
-
အဲ့တော့ကိုယ်တိုင်လုပ်မယ်ဆိုပြီး ဘယ်ကစရမှန်းမသိလို့ AI ကိုမေးရတာ။ AI ကပြင်ရမဲ့စာရွက်စာတမ်းအကုန်တိတိကျကျထုတ်ပေးတယ်။ ကွက်တိဘဲသူလုပ်ပေးတာ။ မောတော့မောတယ်။ စာရွက်စာတမ်းစုံပေမဲ့အစိုးရရုံးတွေထုံးစံအတိုင်းနည်းနည်းတော့စကားပြောမဖြောင့်ဘူး။ အဲ့တာမောလို့ဆိုပြီး ဘတ်(၃၀၀၀)ဖိုးမုန့်စားလိုက်တယ်။
-
AI ကိုအစိုးရရုံးတွေဘယ်လိုအလုပ်လုပ်လဲမေးလို့ရတာတော့တော်တော်သဘောကျတယ်။ ဘာစာရွက်စာတမ်းပြင်ရမလဲမသိ၊ သွားရလာရဝေးတော့ တခါဘဲသွားချင်တယ်။
-
ဆိုင်ကယ်ကိစ္စတွေပြီး တပတ်ကြာတော့ လိုင်စင်နံပါတ်ပြားကိုသေချာမတပ်မိလို့ပျောက်သွားတယ်။ အဲ့တာကိုလဲအတိအကျအမှန်အကန်ထုတ်ပေးနိုင်တယ်။ chat တခုထဲမှာဘဲမေးထားတော့ "ဗျူရိုကရေစီ စပိရမ်း" ဆိုပြီးတော့ သူကတောင်အားပေးလိုက်ပါသေးတယ်။
ဒီနေ့ညစာကိုအပြင်ထွက်စားတာ မော်တော်ပီကေအစစ်ခံရတယ်။ မောင်းခါစဆိုပေမဲ့လဲ သူတို့ဘာတွေစစ်မလဲ သိချင်လို့သူတို့ချဉ်းကပ်လာတာကိုကြည်ကြည်ဖြူဖြူရပ်ပေးလိုက်တယ်။
-
ဒီမှာနေတာကြာပြီဆိုတော့ ငါထိုင်းမဟုတ်ဘူးဆိုတာကိုထိုင်းစကားလေးနဲ့ပြောမယ်ပေါ့။ အဲ့တာနဲ့အားရပါးရနဲ့ “မိုက်မီခွန်ထိုင်း” လို့ပြောလိုက်ရော။ ရဲက ဟာခနဲထအော်ရော။ အဲ့တာနဲ့ လန့်လို့ “ငါထိုင်းမဟုတ်ပါဘူး”လို့အင်္ဂလိပ်လိုပြောလိုက်ရတယ်။
-
ရဲက “ဘယ်ကလာတာလဲ” ဆိုတော့ ဖမာ့လို့ပြောလိုက်တယ်။ ဒါပေမဲ့ ဟိုတလောကလိုင်းပေါ်မှာသတင်းထွက်နေတော့ မြန်မာလို့ပြန်ပြင်ပြောလိုက်ရတယ်။ အဲ့တာနဲ့ရဲကပတ်စပို့ပြဆိုတော့ဆိုင်ကယ်ပေါ်ကဆင်းပြီး ဝေါ့ပါမစ်ပြဖို့လုပ်လိုက်တယ်။ ခက်တာက ဦးထုပ်ကအရှေ့အကာကနေကာတာပါတော့ ညဆောင်းရင်မှောင်လို့ ဖြုတ်ပြီးဗိုက်ထဲထည့်ထားတာ။ ဆင်းတော့ အဲ့အကာကိုထုတ်မလို့လုပ်တာ ရဲတွေကိုကောကြည့်ပြီးမှ လက်မြှောက်ပြီးမှဖြည်းဖြည်းချင်းထုတ်ရတယ်။ သူတို့ကိုရန်ပြုမဲ့သူထင်သွားမှာစိုးလို့။
-
အဲ့တာလဲပြီးရော ဖုန်းထဲကဝေါ့ပါမစ်ပြလိုက်တာ အရက်မသောက်ထားဘူးမလား၊ ဒိုးတော့ဆိုပြီးပြန်လွှတ်လိုက်တယ်။ အိမ်ပြန်ရောက်မှဘာပြောမိလိုက်တာလဲသိချင်လို့မေးလိုက်တာ အဲ့တာ “ထိုင်းလူမျိုးဆိုတာမရှိဘူး”လို့ပြောတာဆိုတာသိလိုက်ရတယ်။ ဒီဘဲတွေရယ်ချင်လို့ကိုယ်တွေကိုပြန်လွှတ်တယ်ထင်တာဘဲ။ အမှန်က “မိုင့်ချိုင်ခွန်ထိုင်း” ပါ။
ဆိုင်ကယ်လိုင်စင်လျောက်တာစားချက်ဘဲ။ လိုင်စင်စာမေးပွဲဖြေနည်းကို (၂)ရက်သွားသင်ရတာ။ ဘာသင်ရသလဲဆိုတာပြောပြမယ်။ပထမနေ့မှာ စာမေးပွဲဖြေတဲ့အချိန် ကျရင် စပီကာအိုင်ကွန် ငါးလုံးကို ငါးစက္ကန့်တခါနှိပ်ပေးရမယ်တဲ့။ ဘာတုန်းဟပေါ့။ မှားနှိပ်မိမှာစိုးလို့စိတ်ထဲကျင့်နေတာအားမရလို့ လက်ချာပေးတဲ့အဘိုးကြီးက ကိုယ်တွေထိုင်းလိုနားမလည်လို့ဆိုပြီး ရှေ့ထွက်ပြီး တီဗွီပေါ်ကစပီကာတွေနှိပ်ခိုင်းတယ်။
-
လိုင်စင်လျောက်တဲ့ ထိုင်းစကားနားလည်တဲမြန်မာတယောက်ကပြောပြပေးတယ်။ "ဘေးကိုချော်နှိပ်မိလို့မရဘူး။ ချော်နှိပ်မိလို့အစိမ်းရောင်ပေါ်သွားရင်စာမေးပွဲကျပြီတဲ့။" တကယ်ဘာမှကိုနားမလည်တာ။
-
(၂)ရက်လုံး အဲ့တာပြောတာ။ အဘိုးကြီးကကိုယ်တွေကိုမဲပြီး ဒီနေ့လဲ လူအုပ်ကြီးရှေ့စပီကာထပ်နှိပ်ခိုင်းပြန်တယ်။ မဖြေခင်မနက်မှာ စပီကာကို ငါးစက္ကန့်တခါနှိပ်ပေးရမယ်။ စာမေးပွဲဖြေတဲ့ မိနစ်လေးဆယ်လုံးအဲ့လိုဘဲ စပီကာတွေကိုအလှည့်ကျငါးစက္ကန့်တခါနှိပ်ပေးရမယ်လို့ပြောတယ်။ အစက စပီကာငါးလုံးကို ငါးစက္ကန့်တခါတပတ်လည်နှိပ်ပြီးရင်ပြီးပြီမှတ်နေတာ။ ကိုယ်တွေထင်တာ ဒါက ဘယ်လောက်တုံ့ပြန်နိုင်သလဲဆိုတာစမ်းစစ်တာထင်ခဲ့တာ။ မိနစ်လေးဆယ်ကြီးကတော့များတာပေါ့။
-
စာမေးပွဲလဲဖြေရော multiple choice question (MCQ) ဖြေရတာ။ MCQ မြန်မာလိုဘဲ။ စပီကာငါးလုံးဘာလဲဆိုတာအဲ့ကျမှသိတယ်။ စပီကာတလုံးက MCQ မေးခွန်းကို accessibility အနေနဲ့ အသံထွက်ဖတ်ပြတာ။ နောက်စပီကာလေးလုံးက မေးခွန်းတခုချင်းစီရဲ့အဖြေတွေဘေးမှာအသံထွက်ဖတ်ပြတဲ့ icon တွေ။ အဲ့စပီကာဘဲနှိပ်ရမယ်။ ဘေးကိုနှိပ်မိရင်အစိမ်းရောင်ပေါ်တယ်ဆိုတာ အစိမ်းဆိုတာကိုယ်အဖြေကိုရွေးချယ်လိုက်တာကိုပြောချင်တာ။
-
ကိုယ်တွေကျတဲ့စက်မှာ မောက်စ်ပါလို့ မောက်စ်နဲ့ စပီကာလိုက်နှိပ်နေတာ (သိနေပေမဲ့လဲ) အခန်းစောင့်မအေဘေးက ကိုယ်တွေမောက်စ်သုံးနေတာတွေ့လို့မောက်စ်ကိုနောက်ကိုပိုပစ်လိုက်တယ်။ မောက်စ်မသုံးတတ်တဲ့ကောင်တွေရှိတော့ ငါ့ကိုမောက်စ်မသုံးတတ်ဘူးထင်သွားတယ်နေမှာ။ သူမသိတာကစက်တခုလုံးဘာရှိလဲစာမေးပွဲမဖြေခင်ကတည်းက မွှေကြည့်ပြီးသွားပြီ။ စာမေးပွဲဖြေတာဆယ်မိနစ်လောက်လဲကြာရော စက်ကို remote လှမ်းချိတ်ပြီးဘယ်ကကောင်မှန်းမသိဘူးဖြေသွားပေးတာ။ (၅၀) လုံးမှန်ရင်နည်းနည်းယုတ္တိမရှိလို့ တခုတော့မှားပေးထားတယ်။ ရှေ့ကကောင်ထသွားတော့ သူမှားနေတဲ့မေးခွန်းနဲ့အဖြေက "လူကူးမျဥ်းကြားကဘာအတွက်လုပ်ထားတာပါသလဲ" ဆိုတာကို "ဝှီးချဲနှင့်လူများကိုတိုက်ရန်ဖြစ်သည်" ဖြေထားတာမြင်နေရတယ်။
-
မြန်မာမှာတုန်းက (အာဏာမသိမ်းခင်) ကားလိုင်စင်လျောက်တုန်းကကိုယ်တိုင်အကုန်နားလည်အောင် MCQ စာအုပ်ဖတ်ပြီးမှတ်ခဲ့ရတယ်။ အဲ့တုန်းကတကယ်ဖြေခဲ့ရတာ။ ဒီမှာဆိုင်ကယ်လိုင်စင်လျောက်တာ စပီကာနှိပ်ခဲ့ရတယ်။
-
ဆိုင်ကယ်လက်တွေ့မောင်းရတဲ့အချိန်တော့မဆိုးပါဘူး။ မောင်းပြတဲ့ကောင်က ပြိုင်ဘီးကြီးနဲ့။ (၁၅)စက္ကန့်အတွင်း vlc media တွေကိုပတ်ပြီး ပလာတာရိုက်ပြရတာ။ ဒီကောင့်ပြိုင်ဘီးကတော့ဟုတ်နေတာဘဲ။ ကိုယ်တွေကျတော့ 80000 km mileage ရှိတဲ့ ဟွန်ဒါကလစ်နဲ့။ အော် ဘက်မန်းတောင် ရာအယ်ဂူးစီသိုင်းသင်တုန်းကတော့ ဘက်မန်းဝတ်စုံနဲ့သင်ခဲ့တာမှမဟုတ်တာလို့တွေးပြီး ဆိုင်ကယ်အစုတ်နဲ့ (၁၅)စက္ကန့်အတွင်းပလာတာရိုက်ပြခဲ့တယ်။
အလုပ်အရမ်းများရင်၊ဖိအားတအားများရင် ဝက်ခြံအကြီးကြီးတွေထွက်တယ်။ လူတော်တော်များများကသူတို့မျက်နှာပေါ်မှာဝက်ခြံရှိတာကိုမကြိုက်ကြဘူး။ ကိုယ်တွေကတော့အဲ့တာတအားတဘောကျတယ်။ အလုပ်များလို့ဖိအားများလို့ဝက်ခြံထွက်တာကတော်တော် ကူးလ်ဖြစ်တယ်။
-
မက်တယ်ဂီယာဆောလစ် ဖန်တွန်ပိန်း ထဲမှာ ဘစ်ဘော့စ်က လူတွေကိုသတ်တာများရင် ဘစ်ဘော့်စ်ရဲ့ ဗုံးဒဏ်ခံရလို့ဦးခေါင်းမှာစိုက်နေတဲ့ အချွန်အစိတ်အပိုင်းကြီးကရှည်လာတဖြည်းဖြည်းရှည်လာတာ။ အဲ့တာလဲတအားကူးလ်ဖြစ်တယ်။
တချိန်တုန်းက အွန်စိုက်သွားရတုန်းက သူများရုံးမှာ ယူအေတီ လုပ်ရတယ်။ အဝေးကြီးလာရတဲ့အပြင် တနေကုန်ရုံးတက်ရတာ။ ဟိုဘက်ရုံးဒီဘက်ရုံးနှစ်ရုံးပေါင်းပြီး စမ်းတာတနေကုန်အာရုံစိုက်ထားရတယ်။
-
ညနေလဲရောက်ရောအဲ့ကကောင်မလေးတယောက်က ကိုယ်တွေတယောက်ထဲကိုဘဲကွက်ပြီးမုန့်လာပေးတယ်။ ကိုယ်တွေကဘာကျွေးကျွေးစားပေမဲ့ အဲ့မုန့်က ကိုယ်တွေအတွက်အချိုအရမ်းများတဲ့မုန့်ဖြစ်နေတယ်။ အချိုကိုလျော့စားနေတာရယ် နေ့လည်က ခေါင်းနည်းနည်းလန်းအောင် ကိုလာသောက်ထားတော့ အဲ့မုန့်ကိုမစားချင်တော့ဘူး။
-
အလုပ်တွေပြီးလို့ ပြန်ကြတော့မယ်ဆိုတော့ ကိုယ်တွေက အဲ့မုန့်ကိုမစားဖြစ်တာသေချာလို့မယူတော့ဘူးဆိုပြီးထားခဲ့ပြီးထလာတာ ရုံးကဆရာက အင်္ဂလိပ်လို “ဒါကမယဉ်ကျေးဘူး” ဆိုပြီးတီးတိုးပြောလိုက်တယ်။
-
အဲ့တာနဲဘဲ ဟုတ်သား သူတို့အတွက်ဒါမျိုးလုပ်တာမကောင်းဘူးထင်တယ်ဆိုပြီး မုန့်ဘူးလေးကိုယူလာတယ်(မြန်မာပြည်မှာကောမယဉ်ကျေးဘူးဖြစ်မလားမသိ)။ ခက်တာက ကျွတ်ကျွတ်အိတ်နဲ့မထည့်လိုက်ရဘူး။ ပြီးတော့မုန့်ကအုန်းနို့ ကျောက်ကျောတွေဆိုတော့ လွယ်အိတ်ထဲထည့်မရဘူး။
-
အဲ့တာနဲ့ဘဲ နှစ်နာရီလောက်အိမ်ပြန်ခရီးကို ကျောက်ကျောဘူးကြီးကိုင်ထားရတော့မယ်ဆိုပြီးတွေးမိပြီးပျင်းသွားသေးတယ်။ ယဉ်ကျေးတယ်သိမ်မွေ့တယ်ဆိုတာ လူ့တန်ဖိုးဘဲလေဆိုပြီး ကျောက်ကျောဘူးပုံကို ရည်းစားကောင်မလေး ကိုပို့ပြီး ဒါကြီးသယ်နေရတာပျင်းတယ်ဆိုပြီးသူ့စီသွားဘူနေလိုက်တော့တယ်။
ဟင်းမချက်တက်ဘူးဗျာ။ ကြိုးစားကြည့်တယ်။ ဖြစ်မလာဘူး။ အရင်တုန်းက ဂင်တားမား ထဲက အိုတာအဲ ကြက်ဥကြော်တိုင်း မဲမဲတူးတူးထွက်လာတဲ့ဟာကိုအပြင်မှာတကယ်မရှိဘူးထင်တာ ကိုယ်တွေအဲ့လိုဖြစ်နေပြီ။ ပိုဆိုးတာက ကာတွန်းကားထဲ မဲမဲတူးတူးမြင်ရတာ အပြင်မှာက စားမကောင်းတဲ့အပြင် အနံ့ပါမကောင်းဘူး။
-
မနေ့က အလွယ်ဆုံးဆိုတဲ့ ABC soup ကိုချက်ဖြစ်တယ်။ ABC soup ဆိုတာ အေဘီစီဒီ ရွတ်ဆိုသလောက်ကိုလွယ်တယ်လို့အဓိပ္ပါယ်ရတယ်။ အဲ့တာကိုမကောင်းပါဘူးခင်ဗျာ။ အနံ့ကလဲညှီသေး။ သွန်ပစ်လိုက်ရသေးတယ်။
-
စိတ်ရောဂါနောက်တစ်ခုက ကိုယ်တိုင်ချက်ထားတဲ့ဟာဆို ရွံလို့မစားချင်ဘူး။ တကယ်စားကောင်းမကောင်းကို အခြားလူတွေကိုကျွေးချင်ပေမဲ့ ကိုယ်တိုင်တောင်မစားချင်တာ ဘာလို့သူများသွားကျွေးမှာတုန်း။
-
YouTube မှာဆိုရင် ဟင်းချက်တဲ့ ချန်နယ်တွေတော်တော်ကြည့်ဖြစ်တယ်။ သူတို့ကြည့်ပြီးအရမ်းအားကျတယ်။ သူတို့ဓားကိုင်တတာဆိုရင်အရမ်းသေသပ်တယ်။ ကိုယ်တွေကြက်သွန်မြိတ်လှီးရင်တောင် အဖြူတခုအစိမ်းတခုထွက်လာတယ်။
-
ဟင်းချက်တက်ချင်တယ်။ ဟင်းချက်တာက အပြင်မှာစားတာထက် (၃)ဆ ကနေ (၅)ဆ အထိသက်သာတယ်လို့ reddit မှာပြောကြတယ်။ အခုတလောဒီမှာ အရာရာစျေးသိသိသာသာတက်လာတယ်။ အပြင်ဆိုင်ဆို ၂၀-၃၀ လောက်စျေးသိသိသာသာတက်သွားတယ်။
သရဲကားကြည့်တဲ့သူတွေကလူဘာသာစကားကိုနားလည်ဖို့ခက်ခဲကြတယ်ထင်တယ်။ သရဲကြောက်လို့သရဲကားမကြည့်ဘူးဆိုတာပြောရင် အဲ့စကားကမရပ်ဘဲ ဇာတ်ကားနာမည်တွေလိုက်ရွေးပြီး ဒါကြည့်မလားဟိုဟာကြည့်မလားရွေးတာဘဲ။ သရဲကားဖွင့်ထားလို့မကြည့်ဘဲအခြားဟာလုပ်နေရင် ကြည့်လေကြည့်လေ ကလုပ်သေးတာ။ ကြောက်လို့မကြည့်တာဆိုတာ စကားနဲ့မရလို့ ကိုယ်ဟန်အမူအရာနဲ့ပြတာကိုနားလည်ရခက်နေကြတယ်။
-
လက်ဖက်ရည်တိုက်တဲ့ဇာတ်လမ်းတိုထဲကလိုဖြစ်နေပြီ။ လက်ဖက်ရည်မသောက်ချင်ဘူးဆိုတာကို ချိုစိမ့်ကြိုက်လားပေါ့စိမ့်ကြိုက်လား လာမေးနေတယ်။ အခုလဲ Final Destination ကြည့်ဖို့ပြောနေတာ တော်သေးတယ် ရုပ်ရှင်ပြမဲ့လူကကိုယ်တွေဖြစ်နေလို့ Lilo & Stitch ကြည့်ရတော့မယ်။
ဒီနှစ်ထဲမှာကြိုးစားနေတဲ့အရာတွေထဲမှာ web ကနေထွက်ပြီးအခြားအရာအတွက်ကုဒ်ရေးတာဖြစ်ချင်တာ။ အခုတလောဘာတွေလေ့လာဖြစ်တုန်းဆိုရင်တော့ အလုပ်အကိုင်အတွက် ဘဏ်လုပ်ငန်းတွေမှာလုပ်ကြည့်ချင်လို့ ဂျာဗားကိုသေချာလုပ်ဖို့ပြင်နေတယ်။ ဝါသနာအတွက်ကတော့ ဂိမ်းအင်ဂျင် တွေကိုမျက်စိကျနေတယ်။ ဒီကြားထဲတိုးတက်တဲ့အရှိန်အရမ်းကောင်းနေတဲ့ အေအိုင် ကိုလဲ နောက်ကျပြီးကျန်ခဲ့မှာစိုးလို့ ခေတ်နဲ့အညီလိုက်လုပ်ရသေးတယ်။ ဖြစ်ချင်တဲ့အရာတွေရှေ့နည်းနည်းချင်းဘဲရောက်နေလို့အားမရမိဘူး။
ပရိုဂမ်မာတွေမှာဖြတ်သန်းရတဲ့ ကာလအစိတ်အပိုင်းတစ်ချိန်ရှိတယ်။ အဲ့အချိန်ကလူတွေကိုလိုက်ကြွယ်တဲ့အချိန်ဘဲ။ ကိုယ်တွေလဲရှိခဲ့တယ်။ ၂၀၂၀ လောက်အထိကအင်တာနက်ပေါ်လူကြွယ်ဘဲ။ ဘယ်အချိန်မှာ ရပ်သွားတုန်းဆို အမှန်အကန်အလုပ်တကယ်လုပ်ရတဲ့ ကုမ္ပဏီကိုရောက်သွားတဲ့အချိန်ဘဲ။ - အလုပ်ဝင်ပြီး နှစ်ပတ်လောက်လဲကြာရော ကိုယ့်ကိုယ်ကိုသေးသေးလေးဘဲဆိုတာသိသွားတာဘဲ။ တအားရှက်သွားတယ်။ အဲ့တုန်းက မနက်(၉) ည (၇) အထိလုပ်ရတာ။ တအားလဲပင်ပန်းတယ်။ အဲ့တုန်းက အနေလဲဆင်းရဲတယ်။ အဝတ်လျှော်စက်မရှိလို့တစ်ရက်ဝတ်တာအလုပ်ကပြန်ရောက်ရင်ရေချိုးရင်းလျှော်ရတာ။ ပန်းကန်မရှိလို့ ဖုပန်ဒါကအထုတ်ထဲကအတိုင်း တစ်ချောင်းထဲရှိတဲ့ဇွန်းနဲ့စားတာ။ အဲ့ဇွန်းဘယ်ကရတုန်းဆိုမုန့်ဟင်းခါးဆိုင်ကအပိုင်ပေးလိုက်လို့။ နေလဲနေနိုင်လွန်းတယ်။ - တောင့်ခံနိုင်တဲ့တစ်ခုထဲသောအကြောင်းပြချက်က ငါသိတယ်လို့ထင်ခဲ့တာတွေက ဘာမှကိုမရှိသေးဘူး၊ နေ့တိုင်းသင်ယူရတာတွေအများကြီးမို့လို့တောင့်ခံနိုင်ခဲ့တာ။ အဲ့တုန်းကလုပ်ဖော်ကိုင်ဖက်တွေကလဲအတော်ဆုံးဆိုတဲ့လူတွေကြီးဘဲ။ ကိုယ့်ကိုယုံကြည်ပြီးသင်ပြပေးခဲ့တာတွေကိုကျေးဇူးအမြဲတင်မိတယ်။ ကိုယ်ကတကယ့်ကိုအာပေတူးဖြစ်ခဲ့တာကိုး။ - ၂၀၂၂မှာကိုယ်ကတကယ်ဒီအလုပ်နဲ့ကိုက်ညီရဲ့လားဆိုတာကိုယ့်ကိုယ်ကိုဘာနဲ့ဆုံးဖြတ်ခဲ့တုန်းဆို နိုင်ငံခြားမှာအလုပ်ရှာနိုင်လားဆိုတာနဲ့ဆုံးဖြတ်ခဲ့တယ်။ စင်ကာပူမှာရှာတာမရခဲ့ဘူး။ ပထမဆုံး ထိုင်းမှာအလုပ်ရတုန်းကဆိုရင်တအားပျော်တာ။ ကိုယ်နဲ့မသိတဲ့သူစိမ်း နောက်တော့လုပ်ဖော်ကိုင်ဖက်ဖြစ်လာတဲ့သူတွေ ကအင်တာဗျူးပြီး ကိုယ့်ကိုလူတွေအများကြီးတွေထဲကရွေးချယ်တယ်ဆိုတာက ဒီ့ထက်ပိုပြီးကိုက်ညီ၊ မညီ စစ်တဲ့နည်းမရှိတော့ဘူးထင်တာဘဲ။ (အခုအခြေအနေနဲ့တော့မတူဘူးပေါ့ဗျာ။ အခုကတော့တိုးရတအားခက်တယ်ဗျာ။) - အမှန်အကန်အလုပ် (၂) နှစ်လောက်လုပ်ဖူးသွားရင် လိုင်းပေါ်ကြွယ်ဖို့နေနေသာသာ မသိသေးတာတွေများလွန်းလို့ လိုက်ပြီး လေ့လာနေလို့ကြွယ်ကိုမကြွယ်နိုင်တော့ဘူး။ အခုဆိုကုဒ်ရေးရတာလဲဂုဏ်မယူတော့ဘူး။ ကိုယ့်ကိုယ်ကိုတော်တယ်လို့လဲမမြင်တော့ဘူး။ သူများထက်ထူးတယ်လို့လဲမမြင်တော့ဘူ။ ကြွယ်လဲမကြွယ်ချင်တော့ဘူး။ သိချင်တာကို မသိရင်သိအောင်လုပ်လိုက်မယ်။ မှားနေရင်မှန်အောင်ဘယ်လိုလုပ်မလဲဆိုတာရယ်ဘဲခေါင်းထဲရှိတော့တယ်။ အရာအားလုံးကိုသိထားစရာမှမလိုတာလေနော့။ -
ဟယ်ရီပေါ်တာပြန်ကြည့်နေတာ အကြိုက်ဆုံးရုပ်ရှင်က goblet of fire ဘဲ။ အဲ့ကားထဲမှာ တော်တော်များများဆံပင်အရှည်နဲ့မို့လို့ ဆံပင်အရှည်ကအဲ့ရုပ်ရှင်ရဲ့အဓိကကျတဲ့အချက်အချာတစ်ခုဖြစ်နေတယ်။ အဲ့တာကိုအရမ်းသဘောကျတယ်။ - ဒါပေမဲ့တအားရယ်ရတာက triwizard cup မှာ ဂိမ်းသုံးဂိမ်းဆော့ရတယ်။ ပထမဂိမ်းက နဂါးဥဖမ်းရတာ။ ဟယ်ရီပေါ်တာဆော့တော့ တံမြက်စီးပျံစီးပြီးနဂါးလိုက်တာပြေးရတော့ကွင်းအပြင်ရောက်သွားတယ်။ ဒုတိယဂိမ်းကလဲရေအောက်ထဲမှာ သူငယ်ချင်းကိုကယ်ရတယ်။ နောက်ဆုံးဂိမ်းက ဝင်္ကပါထဲမှာဆော့ရတာ။ ဂိမ်းသုံးခုလုံးက ပရိတ်သက်အပြည့်နဲ့အားပေးကြတာ ဒါပေမဲ့ဂိမ်းပြိုင်ပွဲကိုဘယ်လိုဆော့နေကြလဲသေချာဘယ်သူမှမသိကြရဘူး။ ဒါမျိုးရုပ်ရှင်ထဲမှာမို့သာမြင်
ရတယ်။