sheepfilms
No title available
art blog(derogatory)
DEAR READER

izzy's playlists!
almost home

ellievsbear

Love Begins
NASA

PR's Tumblrdome
RMH
let's talk about Bridgerton tea, my ask is open

pixel skylines
No title available

Product Placement
Sweet Seals For You, Always
Game of Thrones Daily
"I'm Dorothy Gale from Kansas"
PUT YOUR BEARD IN MY MOUTH
Mike Driver
seen from Germany

seen from Germany
seen from Belgium

seen from Germany

seen from Australia

seen from United States
seen from Malaysia
seen from Singapore
seen from Belgium

seen from United States

seen from Malaysia

seen from India

seen from Germany

seen from United States

seen from Türkiye

seen from United States

seen from United States

seen from Malaysia
seen from Australia
seen from United States
@nyeinsworld
ဝါးလုံး 85,000
ဆိုက်ကား+သယ်ယူစရိတ် 20,000
လက်ခ 90,000
သွပ်ကြိုး+သံ 13,000
ဒီဇယ်+ရေနံဆီ 38,000
ရေနံသုတ်ပြီး😂
ပထဝီဇယမန္တာန် ܀܀܀܀܀
၁။ သီ ပထဝီဇယသဗ္ဗ၊ အနေက အန္တရာယိကံ၊ ဇယံ ပစ္စေကဗုဒ္ဓါစ၊ ဇယံ ပရိမဟေသယော။ ၂။ ဇယံ ဟရောဟရိဒေဝေါ၊ ဇယံ ဗြဟ္မာဓတရဋ္ဌော၊ ဇယံ နာဂေါစ ဝိရုဠော၊ ဝိရူပေက္ခာစ စန္ဒိမာ။ ၃။ ဝိဣန္ဒော ဝေနတေယျောစ၊ ကုဝေရာ ဝရုဏောပိစ၊ အဂ္ဂိဝါရဏော ပဇ္ဇုန္နော၊ ကုမာရော စတုပါလကော။
၄။ အဋ္ဌာရဿ မဟာဒေဝါ၊ သုခိတာစ ပသိဒ္ဓိယော၊ အသီတိ မဟာသာဝကာ၊ သဗ္ဗဇယံ ဒဒန္တု မေ။
၅။ ဇယော ဓမ္မောစ သံဃောစ၊ ဒသဗလောစ ဇေယျကော၊ ဧတေန သစ္စဝဇ္ဇေန၊ ဇယာ သုခါ ဘဝန္တု မေ။ ၆။ နရာဒေဝါစ ဗြဟ္မဏော၊ ယက္ခာ နာဂါစ ဂရုဠာ၊ တေပိ ဒိသွာပိယာ မယှံ၊ ပုတ္တံမမေဝ သိနေဟာ။
၇။ ဗုဒ္ဓါ ပစ္စေကဗုဒ္ဓါစ၊ အရဟာ အဂ္ဂသာဝကာ၊ သဗ္ဗေ ကရောန္တု၊ မေမေတ္တံ၊ သဗ္ဗေ တိဋ္ဌန္တု မတ္ထကေ။
၈။
တေသံမေတ္တာ နုဘာဝေန၊ သဗ္ဗေရောဂါ သုသီတလာ၊ သဗ္ဗေဘယာ ဝိနဿန္တု၊ သဗ္ဗေနဿန္တု ပဒ္ဒဝါ။
၉။ ဣမသ္မိံ စက္ကဝါဠေစ၊ ဗဟူအနန္တ ပါဏိနော၊ အနန္တစက္ကဝါဠေစ၊ ဗဟူအနန္တ ပါဏိနော။
၁၀။ ဣမေသတ္တာ အဝေရာစ၊ အညမညံ ပိယာဟောန္တု၊ ဣမေသတ္တာ အဝေရာစ၊ အညမညံ သုခါဟောန္တု။ ၁၁။ နေရယိကာ တိရစ္ဆာနာ၊ ပေတာ အသုရကာယမာ၊ ဣမေ သဗ္ဗေယထာသတ္တာ၊ ဒုက္ခာမုစ္စန္တုတတ္ထကာ။ ၁၂။ ဒဿကောဋိဒကဇာစ၊ ထလံဇာနာကောဋိယော၊ သသေဒဇောပပါတိကာ၊ ဒီဃာယုကာ ဘဝန္တုတေ။
၁၃။ ဥဒ္ဓံယာဝ ဘဝဂ္ဂါစု၊ အဓောယာဝ အဝီစိတော၊ သမန္တာ စက္ကဝါဠေသု၊ ယေသတ္တာ ပထဝီစရာ။ ၁၄။ အဗျာပဇ္ဇာ.နိဝေရာစ၊ နိဒုက္ခစ နုပဒ္ဒဝါ၊ သဗ္ဗေသတ္တာ အဝေရာစ၊ သဟသဗ္ဗေဟိ ဉာတိဘိ။
* * * * *
(ပထဝီဇယမန္တန်တော် - မြန်မာပြန်)
၁။ မြေအပြင်၌ များလှစွာသော အန္တရာယ်ဟူသမျှကို အောင်မြင်ပါ စေသတည်း၊ အောင်မြင်ပါစေသား . . ။ မြင့်မြတ်တော်မူကြကုန် သော ဘုရား၊ ပစ္စေကဗုဒ္ဓါ၊ အဂ္ဂသာဝက ရဟန္တာအရှင်မြတ်တို့ သည် ဘုရားတပည့်တော်အား အကြွင်းမရှိ အောင်ဆုတော်မြတ် ကို ပေးသနားတော်မူကြပါစေကုန်သတည်း။
၂။ ဟရနတ်မင်း၊ ဟရိနတ်မင်း၊ ဗြဟ္မာမင်း၊ ဓတရဋ္ဌနတ်မင်း၊ မဟာ နာဂနတ်မင်း၊ ဝိရူဠကနတ်မင်း၊ ဝိရူပက္ခနတ်မင်းနှင့် လနတ်သား တို့သည် အကျွန်ုပ်အား အောင်ဆုကို ပေးတော်မူကြပါစေကုန် သတည်း။
၃။ သိကြားမင်း၊ ဝေနတေယျနတ်မင်း၊ ကုဝေရနတ်မင်း၊ ဝရုဏနတ် မင်း၊ မီးနတ်သား၊ လေနတ်သား၊ မိုးနတ်သား၊ ကုမာရနတ်သား နှင့် လောကစောင့်နတ်သား ၄-ယောက်တို့သည် အကျွန်ုပ်အား အောင်ဆုကို ပေးတော်မူကြပါစေကုန်သတည်း။
၄။ ချမ်းသာမှုကို ပေးဆောင်နိုင်ကြကုန်သော တစ်ဆယ့်ရှစ်ယောက် သော နတ်မင်းကြီးများနှင့် လောကီ, လောကုတ်ချမ်းသာကို ပြီးစေ တတ်ကုန်သော ရှစ်ဆယ်သော ရဟန္တာအရှင်မြတ်ကြီးတို့သည် အကျွန်ုပ်အား အောင်ဆုဟူသမျှကို ပေးတော်မူကြပါစေကုန် သတည်း။
၅။ တရားတော်ဆယ်ပါးနှင့် သမ္မုတိ, ပရမတ် နှစ်ရပ်သော သံဃာ တော်အရှင်မြတ်တို့သည် ရန်ဟူသမျှကို အောင်မြင်တော်မူကြ ကုန်၏။ ကာယဗလ, ဉာဏဗလ, ဉာဏ်တော်ဆယ်ပါးနှင့် ပြည့်စုံ တော်မူသော ဘုရားရှင်သည် ရန်မျိုးဥဿုံ အလုံးစုံကို အကုန် အစင် အောင်မြင်တော်မူပါပေ၏။ အထက်ပါ သစ္စာစကား ကြောင့် အကျွန်ုပ်သည် ရန်အပေါင်းကို အောင်မြင်၍ ချမ်းသာ သုခနှင့် ပြည့်စုံရပါလို၏။
၆။ လူ, နတ်, ဗြဟ္မာ၊ ဘီလူး, နဂါး, ဂဠုန် တို့သည် အကျွန်ုပ်ကို မြင်သည်ရှိသော် မိမိသားကဲ့သို့ ချစ်ခင်မြတ်နိုးကြပါစေကုန် သတည်း။
၇။ မြတ်စွာဘုရား၊ ပစ္စေကဗုဒ္ဓါ၊ ရဟန္တာအရှင်မြတ်များနှင့် အဂ္ဂ သာဝကအားလုံးတို့သည် ဘုရားတပည့်တော်အား မေတ္တာဓာတ် ကို ပေးသနားတော်မူပါဘုရား။ ထိုဘုရား၊ ပစ္စေကဗုဒ္ဓါ၊ ရဟန္တာ၊ အဂ္ဂသာဝကတို့သည် ဘုရားတပည့်တော်၏ ဦးခေါင်းထက်၌ ကိန်းဝပ်တည်ရှိတော်မူပါဘုရား။
၈။
ထိုဘုရား၊ ပစ္စေကဗုဒ္ဓါ၊ ရဟန္တာ၊ အဂ္ဂသာဝကတို့၏ မေတ္တာတော် ၏ အာနုဘော်တော်ကြောင့် အလုံးစုံကုန်သော ရောဂါဝေဒနာ တို့သည် ငြိမ်းအေးကင်းပျောက်ကြပါစေကုန်သတည်း။ ဘေး အမျိုးမျိုးတို့သည် ပျောက်ကွယ်ကြပါစေကုန်သတည်း၊ အလုံးစုံ ကုန်သော နှိပ်စက်တတ်သော ဥပဒေဝေါတို့သည် ပျက်စီးကြပါ စေကုန်သတည်း။
၉။ ဤစကြာဝဠာ၌ အနန္တများစွာ သတ္တဝါတို့သည်လည်းကောင်း၊ အနန္တများစွာ စကြာဝဠာ၌ အနန္တများစွာသတ္တဝါတို့သည် လည်း ကောင်း။
၁၀။ ဤဆိုအပ်ကုန်ပြီးသော သတ္တဝါတို့သည် အချင်းချင်းရန် မရှိကြဘဲ ချစ်ခင်မြတ်နိုးကြပါစေကုန်သတည်း၊ ဤဆိုအပ်ခဲ့ကုန်ပြီးသော သတ္တဝါတို့သည် အချင်းချင်းရန်မရှိကြဘဲ ကိုယ်, စိတ်နှစ်ပါး ချမ်းသာခြင်းနှင့် ပြည့်စုံကြပါစေကုန်သတည်း။
၁၁။ ငရဲ, တိရစ္ဆာန်, ပြိတ္တာ, အသူရကာယ်တို့နှင့် ယမမင်းတို့သည် လည်းကောင်း၊ အကြောင်းအားလျော်စွာ ဖြစ်ကြကုန်သော သတ္တဝါတို့သည် လည်းကောင်း ဆင်းရဲဒုက္ခအပေါင်းတို့မှ ကင်း လွတ်ကြပါစေကုန်သတည်း။
၁၂။ ရေနေ ဆယ်ကုဋေ၊ ကုန်းနေ ကိုးကုဋေ၊ သံသေဓဇ၊ ဥပပါတ် သတ္တဝါအားလုံးတို့သည် အသက်ရှည်ကြပါစေကုန်သတည်း။ ၁၃။ ထက်ဝန်းကျင် စကြာဝဠာတိုက်အပေါင်း၌အထက်ဘဝဂ်၊အောက် အဝီစိတိုင်အောင် သတ္တဝါအားလုံးတို့သည် ရေ, မြေ နှစ်ပြင် ထက်ကောင်းကင်၌ သွားလာကျက်စားကြကုန်၏။
၁၄။ ထို ဆိုအပ်ခဲ့ကုန်ပြီးသော သတ္တဝါအပေါင်းတို့သည် အလုံးစုံကုန် ဆွေမျိုးတို့နှင့် အတူတကွ စိုးရိမ်ကြောင့်ကြမရှိခြင်း၊ အပရန်
မရှိခြင်း၊ ဆင်းရဲဒုက္ခ မရှိခြင်း၊ ဥပဒ္ဒဝေါ မရှိခြင်း၊ အတွင်းရန် မရှိခြင်း ဖြစ်ကြပါစေကုန်သတည်း။