ကျောင်းသင်ခန်းစာနဲ့ စစ်အာဏာရှင်တွေရဲ့ဝါဒဖြန့်ချိမှု (ဆောင်းပါး)
လက်ကျန် စာသင်နှစ် ဒါမှမဟုတ် လာမယ့်ပညာသင်နှစ်တွေမှာ စစ်တပ်ရဲ့ မတရား စစ်မှုထမ်းဥပဒေ၊ သူတို့ စိတ် ကြိုက်ရေးဆွဲထားတဲ့ အခြေခံဥပဒေနဲ့ အာဏာရှင်ဆန့်ကျင်တဲ့အင်အားစုတွေကို ပုံဖျက်ရေးဆွဲထားတဲ့အကြမ်းဖက် ဥပဒေစတဲ့ ဝါဒဖြန့်ဘာသာရပ်တွေကို စစ်ကောင်စီလက်အောက်က အခြေခံပညာ ကျောင်းသူ/ကျောင်း သား တွေ သင်ယူရဖို့ ရှိနေတယ်လို့ ဗမာ့ရေးရာနဲ့ ပဋိပက္ခလေ့လာရေးအဖွဲ (BACS) က ဒီရက်ပိုင်းအတွင်း ထုတ်ပြန်ပါတယ်။













