ပါရဂူ ဘာသာပြန်သည့် ‘ချစ်သမီးထံသို့ ’
‘နေရူး ၏ ကမ္ဘာကျော် ပေးစာများ’

Andulka
tumblr dot com
YOU ARE THE REASON
art blog(derogatory)

祝日 / Permanent Vacation
cherry valley forever

JVL
dirt enthusiast
Aqua Utopia|海の底で記憶を紡ぐ

PR's Tumblrdome
Three Goblin Art
he wasn't even looking at me and he found me

blake kathryn
$LAYYYTER
todays bird
Alisa U Zemlji Chuda
Not today Justin
Mike Driver

Kaledo Art
ojovivo

seen from Germany

seen from Austria

seen from United States

seen from United States
seen from Ecuador

seen from Pakistan

seen from United Kingdom
seen from United States

seen from United States
seen from United States
seen from Ukraine

seen from South Korea

seen from Malaysia
seen from Hong Kong SAR China

seen from United States
seen from France
seen from United States
seen from United States
seen from United States

seen from China
@teacheraaethwin
ပါရဂူ ဘာသာပြန်သည့် ‘ချစ်သမီးထံသို့ ’
‘နေရူး ၏ ကမ္ဘာကျော် ပေးစာများ’
အာရက္ခတပ်တော်ရဲ့ နိုင်ငံရေးစစ်ရေး အလားအလာ - BBC News မြန်မာ
အာရက္ခတပ်တော် အေအေဟာ အာဏာသိမ်းစစ်တပ်ရဲ့ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် အပါအဝင် ရခိုင် တစ်ခုလုံးနီးပါးကို သိမ်းပိုက် ထိန်းချုပ် ပြီးနောက်မှာတော့ နိုင်ငံရေးနည်းလမ်းနဲ့ ဖြေရှင်းဖို့ရာ အသင့်ရှိတယ် ဆိုပြီး ကျန် ညီနောင်အဖွဲ့တွေဖြစ်တဲ့ ကိုးကန့်တပ် MNDAA နဲ့ တအာင်းတပ် TNLA တို့လိုပဲ ကြေညာလာပါတယ်။
ဒါဟာ ရခိုင်ထဲက မြို့တော် စစ်တွေ အပါအဝင် လက်ကျန် မြို့ ၃ မြို့ကို ဆက်မတိုက်တော့ပဲ တရုတ်ကို ကြားခံထားလို့ စစ်ကောင်စီနဲ့ အပစ်ရပ် ဆွေးနွေးမယ် ဆိုပြီး မူအရ အဓိပ္ပာယ် သက်ရောက်သလား ဆိုတဲ့ မေးခွန်း ထွက်လာစေပါတယ်။ မြေပြင် အခြေအနေတွေကို ကြည့်ရင်တော့ စစ်ကောင်စီဟာ နှစ်သစ်ကူးကာလ တိုင်းပြည်နေရာ အနှံ့ ဗုံးကြဲခဲ့တာမှာ ရခိုင် ပုဏ္ဏားကျွန်းမြိုနယ်ထဲက ယိုးတရုပ်ရွာလည်း ပစ်မှတ်ထားခံရပါတယ်။ သေဆုံးသူ အနည်းဆုံး ၅ ယောက် ရှိတယ်လို့ သိထားရပါတယ်။
တခါ၊ အေအေဘက်ကလည်း တောင်ကုတ်မြို့နယ်ထဲ လက်ကျန် စစ်ကောင်စီ စခန်းတွေကို အပြီးသတ် ရှင်းလင်းနေတာမှာ ပဲခူးတိုင်းနဲ့ ထိနေတဲ့ ပန်းတောင်း-တောင်ကုတ်လမ်းပိုင်း အထိ အေအေ ထိုးစစ်ရောက်လာတယ်လို့ အဲဒီကလာတဲ့ သတင်းတွေက ဆိုပါတယ်။
အခု တစ်ပတ်မှာတော့ အာရက္ခတပ်တော် အေအေဘက်က စစ်ရေး နိုင်ငံရေး ဗျူဟာမြောက် ဘာတွေ ဆက်ပြီး လုပ်လာနိုင်လဲ … စစ်တွေ၊ ကျောက်ဖြူ၊ မာန်အောင် လက်ကျန် ၃ မြို့ကို မသိမ်းတော့ပဲ ရခိုင်ထဲ အပစ်ရပ် သဘောတူမှု တကယ်ရယူမလား … ရခိုင်နဲ့ ထိစပ်နေတဲ့ ချင်း၊ မကွေး၊ ပဲခူး၊ ဧရာဝတီထဲက တော်လှန်ရေး အင်အားစုတွေ အပေါ် ဘယ်လို သက်ရောက် လာနိုင်လဲ စတာတွေကို ဆွေးနွေးသွားဖို့ ရှိပါတယ်။
ဒီတစ်ပတ် ပါဝင် ဆွေးနွေးကြသူတွေကတော့ … အမေရိကန် နိုင်ငံတော်ကာကွယ်ရေး တက္ကသိုလ်ရဲ့ အစိတ်အပိုင်း National War College က လုံခြုံရေး မဟာဗျူဟာ ဘာသာရပ်မှာ ပါမောက္ခတစ်ဦး ဖြစ်ပြီး၊ အရှေ့တောင်အာရှရဲ့ နိုင်ငံရေးနဲ့ လုံခြုံရေးပိုင်း ကျွမ်းကျင်သူ ပါမောက္ခ ဇာခရီ အဘူဇာ နဲ့ နိုင်ငံတကာ ပဋိပက္ခတွေ ဖြေရှင်းရေး အကြံပြုနိုင်ဖို့ ဘရပ်ဆဲလ်စ်မြို့ အခြေစိုက် ဖွဲ့စည်း ထူထောင်ထားတဲ့ International Crisis Group ICG အဖွဲ့က မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ် အရေးဆိုင်ရာ အကြီးတန်း အကြံပေး သောမတ်စ်ကီးန်တို့ ဖြစ်ပါတယ်။
အာရက္ခတပ်တော်ရဲ့ နိုင်ငံရေးစစ်ရေး အလားအလာ - BBC News မြန်မာ
အာရက္ခတပ်တော် အေအေဟာ အာဏာသိမ်းစစ်တပ်ရဲ့ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် အပါအဝင် ရခိုင် တစ်ခုလုံးနီးပါးကို သိမ်းပိုက် ထိန်းချုပ် ပြီးနောက်မှာတော့ နိုင်ငံရေးနည်းလမ်းနဲ့ ဖြေရှင်းဖို့ရာ အသင့်ရှိတယ် ဆိုပြီး ကျန် ညီနောင်အဖွဲ့တွေဖြစ်တဲ့ ကိုးကန့်တပ် MNDAA နဲ့ တအာင်းတပ် TNLA တို့လိုပဲ ကြေညာလာပါတယ်။
ဒါဟာ ရခိုင်ထဲက မြို့တော် စစ်တွေ အပါအဝင် လက်ကျန် မြို့ ၃ မြို့ကို ဆက်မတိုက်တော့ပဲ တရုတ်ကို ကြားခံထားလို့ စစ်ကောင်စီနဲ့ အပစ်ရပ် ဆွေးနွေးမယ် ဆိုပြီး မူအရ အဓိပ္ပာယ် သက်ရောက်သလား ဆိုတဲ့ မေးခွန်း ထွက်လာစေပါတယ်။ မြေပြင် အခြေအနေတွေကို ကြည့်ရင်တော့ စစ်ကောင်စီဟာ နှစ်သစ်ကူးကာလ တိုင်းပြည်နေရာ အနှံ့ ဗုံးကြဲခဲ့တာမှာ ရခိုင် ပုဏ္ဏားကျွန်းမြိုနယ်ထဲက ယိုးတရုပ်ရွာလည်း ပစ်မှတ်ထားခံရပါတယ်။ သေဆုံးသူ အနည်းဆုံး ၅ ယောက် ရှိတယ်လို့ သိထားရပါတယ်။
တခါ၊ အေအေဘက်ကလည်း တောင်ကုတ်မြို့နယ်ထဲ လက်ကျန် စစ်ကောင်စီ စခန်းတွေကို အပြီးသတ် ရှင်းလင်းနေတာမှာ ပဲခူးတိုင်းနဲ့ ထိနေတဲ့ ပန်းတောင်း-တောင်ကုတ်လမ်းပိုင်း အထိ အေအေ ထိုးစစ်ရောက်လာတယ်လို့ အဲဒီကလာတဲ့ သတင်းတွေက ဆိုပါတယ်။
အခု တစ်ပတ်မှာတော့ အာရက္ခတပ်တော် အေအေဘက်က စစ်ရေး နိုင်ငံရေး ဗျူဟာမြောက် ဘာတွေ ဆက်ပြီး လုပ်လာနိုင်လဲ ... စစ်တွေ၊ ကျောက်ဖြူ၊ မာန်အောင် လက်ကျန် ၃ မြို့ကို မသိမ်းတော့ပဲ ရခိုင်ထဲ အပစ်ရပ် သဘောတူမှု တကယ်ရယူမလား ... ရခိုင်နဲ့ ထိစပ်နေတဲ့ ချင်း၊ မကွေး၊ ပဲခူး၊ ဧရာဝတီထဲက တော်လှန်ရေး အင်အားစုတွေ အပေါ် ဘယ်လို သက်ရောက် လာနိုင်လဲ စတာတွေကို ဆွေးနွေးသွားဖို့ ရှိပါတယ်။
ဒီတစ်ပတ် ပါဝင် ဆွေးနွေးကြသူတွေကတော့ ... အမေရိကန် နိုင်ငံတော်ကာကွယ်ရေး တက္ကသိုလ်ရဲ့ အစိတ်အပိုင်း National War College က လုံခြုံရေး မဟာဗျူဟာ ဘာသာရပ်မှာ ပါမောက္ခတစ်ဦး ဖြစ်ပြီး၊ အရှေ့တောင်အာရှရဲ့ နိုင်ငံရေးနဲ့ လုံခြုံရေးပိုင်း ကျွမ်းကျင်သူ ပါမောက္ခ ဇာခရီ အဘူဇာ နဲ့ နိုင်ငံတကာ ပဋိပက္ခတွေ ဖြေရှင်းရေး အကြံပြုနိုင်ဖို့ ဘရပ်ဆဲလ်စ်မြို့ အခြေစိုက် ဖွဲ့စည်း ထူထောင်ထားတဲ့ International Crisis Group ICG အဖွဲ့က မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ် အရေးဆိုင်ရာ အကြီးတန်း အကြံပေး သောမတ်စ်ကီးန်တို့ ဖြစ်ပါတယ်။
DSA ရဲ့ Fresher Welcome
မနေ့ကတော့ DSAက ထမင်းဝိုင်းနဲ့ ပတ်သတ်ပြီး ပြောခဲ့တာပါ။ ဒီနေ့တော့ အောက်တပ်ရင်းကနေ ဗိုလ်လောင်းအဆောင်တွေကို ရောက်ရောက်ချင်း အကြောက်တရားနဲ့ brainwash ဘယ်လိုလုပ်လဲဆိုတာလေး ပြောပြချင်ပါတယ်။ ဒါကလဲ ကျနော်တို့တုန်းက ကြုံခဲ့ရတာကို ပြောပြမှာပါ။ ကျန်တဲ့သူတွေ ဘယ်လိုဆိုတာမျိုး မဟုတ်ပါဘူး။ ဒါပေမယ့် အားလုံးနီးပါးကတော့ အတူတူပါပဲ။
ဗိုလ်လောင်းမဖြစ်ခင် အောက်တပ်ရင်းဆိုတဲ့နေရာမှာ အစမ်းသုံးလနေရတယ်။ ဗိုလ်လောင်းမဖြစ်သေးပေမယ့် ရဲဘော်ကြီးဘဝပေါ့။ ကိုယ်ပိုင်နံပါတ်တွေတော့ပေးထားပါတယ်။ တဝမ်းပူမျဥ်းစောင်းတွေပေါ့။ အောက်တပ်ရင်း နေရတဲ့အချိန်မှာ နောက်ဆုံးစစ်ဆေးမှုဖြစ်တဲ့ ဆေးစစ်တာကိုခံယူရတယ်။ သတ်မှတ်ရက်တွေမှာ ဆေးရုံကို သွားပြီး စစ်သားဖြစ်သင့် မဖြစ်သင့် အမျိုးစုံစစ်ဆေးကြတယ်။ မျက်လုံးကောင်းမကောင်းကအစ လိပ်ခေါင်းရှိမရှိအဆုံး အကုန်အစစ်ခံရပါတယ်။ လိပ်ခေါင်းအစစ်ခံရတဲ့အချိန်က စစ်အညစ်ဆုံးပါပဲဗျာ။ အမျိုးသမီးသူနာပြုတွေရှေ့မှာ ဘောင်းဘီချွတ် ဖျင်ကုန်းပြီး ချောင်းဆိုးပြရတာပါ။ အနောက်ကနေ တစ်ယောက်ချင်းစီကို လိုက်ကြည့်လို့ရအောင် ကုန်းပေးထားရတယ်ဆိုတော့ ဘယ်လောက်နေရခက်မလဲ စဥ်းစားကြည့်ပါတော့။ အဲ့ဒီအကြောင်းကတော့ ပြောစမှတ်ကို တွင်တော့တာပါပဲ။ အောက်တပ်ရင်းမှာ ဆေးအောင်မအောင် အဖြေထွက်တဲ့အထိစောင့်ရပါတယ်။ စစ်အောင်စာရင်းထွက်တဲ့နေ့ကလဲ ရင်ခုန်ရပါတယ်။ ကိုယ်အောင်တယ်ဆိုတော့ ပျော်တာပေါ့။ တစ်ကယ့်တလွဲတွေလဲ ရှိပါသေးတယ်။ ဗိုလ်လောင်းဖြစ်ချင်တဲ့သူကမအောင်ပဲ အိမ်ကအတင်းထည့်လို့ ရောက်လာတဲ့သူတွေက မအောင်ချင်လဲအောင်ကြတယ်။ ဖြစ်ချင်တဲ့သူကလဲ မဖြစ်ရလို့ငို၊ မဖြစ်ချင်တဲ့သူကလဲ ဗိုလ်လောင်းဖြစ်ရတော့မှာမို့ငိုနဲ့ ဆူညံနေတော့တာပါပဲ။
ဒီလိုနဲ့ အောင်တဲ့သူတွေက အပေါ်တပ်ရင်း(ဗိုလ်လောင်းကုန်း)ကို တက်ကြရတယ်။ ပြောရရင် တရားဝင်ဗိုလ်လောင်း စဖြစ်တဲ့နေ့ပေါ့။ မှတ်မိသေးတယ်။ ရောက်တဲ့နေ့က ကျနော်တို့တစ်ပတ်စဥ်လုံးကို တန်းစီပြီး စကားပြောကြတယ်။ ဟိုမေးဒီမေး ဟိုပြောဒီပြောပေါ့။ ပြီးတာနဲ့ တတိယနှစ် စီနီယာတစ်ယောက်က
''first year တွေ… ဖားခုန်ခုန်တတ်ပြီလား…''
လို့မေးလာတယ်။ အကုန်လုံးက ခုန်တတ်တယ် မခုန်တတ်ဘူးနဲ့ တစ်ယောက်တစ်ပေါက် ဖြေကြတာပေါ့။
''ဟ တစ်ယောက်တစ်ပေါက်နဲ့… ကဲလာကြကွာ… ခုန်ပြကြစမ်း… သဘောကျရင် အခါနှစ်ဆယ်တည်းနဲ့ တန်းဖြုတ်ပေးမယ်…''
အဆောင်ရှေ့က အုတ်ဘောင်လေးမှာ တစ်ပတ်စဥ်လုံး ဖြန့်ပြီးထိုင်လိုက်ကြတယ်။ အကုန်လုံးကပုံမှန်ခုံသလို လက်ကိုခေါင်းပေါ်တင်ပြီး အသင့်ပြင်ထားကြတယ်။
''ခုန်ဆိုရင် ဘောင်ပေါ်ကို ဒီအနေအထားအတိုင်းပဲ ခုန်တက်မယ်… အောက်ပြန်ရောက်မှ အမှတ်စဥ်ဆိုမယ်… ကြားကြလား…''
''ဟုတ်…''
''ကဲ… အဲ့ဒါဆို ခုန်…''
ဂုတ်ဂုတ်ဂွပ်ဂွပ်နဲ့ ခုန်ကြတာပေါ့။ ကျန်ခဲ့သူကကျန်ခဲ့။ ခုန်တဲ့သူကခုန်။ အမှတ်စဥ်အော်တဲ့သူကအော် မအော်ပဲနေတဲ့သူကနေနဲ့ တစ်ကယ်ကိုတစ်ယောက်တစ်ပေါက် ဖြစ်နေတော့တာပါပဲ။ ဒါနဲ့ပဲ
''ဟ အဲ့လိုခုန်လို့မရဘူး… တစ်စုတစ်စည်းတည်း ခုန်ရမယ်… ခေါင်းပေါ်ကလက်တွေဖြုတ်… ဘေးကလူရဲ့ပုခုံးကိုဖတ်ထား… အဲ့ဒီအတိုင်းခုန်မယ်… အမှတ်စဥ်အကုန်လုံးမဆိုရင် တစ်ကပြန်စမယ်… တစ်ယောက်ကမခုန်ပဲကျန်ခဲ့ရင် ပြန်စမယ်… မညီရင်ပြန်စမယ်…''
စဥ်းစားသာကြည့်ပါတော့။ အယောက်ခြောက်တယ်ကျော် ညီအောင်ခုန်ဖို့ဆိုတာ လွယ်တာမှမဟုတ်တာ။ ဒီလိုနဲ့ ခုန်လိုက် စိတ်ကြိုက်မဖြစ်လို့ အစကပြန်စလိုက်နဲ့ အခါတစ်ရာကျော်လောက်ထိ ရောက်ကုန်ပါတော့တယ်။ စိတ်တွေလဲညစ်လှပြီ။ ဒူးတွေလဲပူနေပြီ။ အကုန်လုံးကလဲ ချွေးတွေရွှဲပြီး မျက်နှာတွေရှုံ့မဲ့လို့။ အီးအီးအားအား အသံတွေကလဲဆူညံနေတာပဲ။ နောက်ဆုံးတော့ အားရကျေနပ်သွားတယ်ထင်ပါတယ်။
''ကဲ…ရပ်ထားမယ်… ငြိမ်ထားမယ်… သေချာနားထောင်…''
လို့အစချီရင်း သူတို့သတ်မှတ်ထားတဲ့ စည်းမျဥ်းစည်းကမ်းတွေ လိုက်နာရမယ့်အချက်တွေ အရှည်ကြီး ပြောပါတော့တယ်။ ပြောလို့အားရသွားပြီဆိုမှ
''တန်းထလို့ပြောရင် အမှတ်စဥ်အကျယ်ဆုံးဆိုမယ်… အမှတ်စဥ်ဆိုတဲ့အသံကလွဲပြီး ဘာသံမှမကြားချင်ဘူး… သတိကိုကပ်နေအောင်ဆွဲထားမယ်… လှုပ်ရွနေတာတွေ့ရင် ပြန်ခုန်ခိုင်းမယ်… တန်း… ထ…''
''တစ်….''
အကျယ်ဆုံးအမှတ်စဥ်ဖြစ်ပါလိမ့်မယ်။ ဘေးဘယ်ညာကိုမျက်လုံးကစားကြည့်မိတော့ တော်တော်များများက ပုဆိုးတွေကျွတ် အင်္ကျီတွေပြုတ်ထွက်နဲ့ တော်တော်လေး ဖရိုဖရဲဖြစ်သွားကြတယ်။ ဒီလိုလုပ်ခံရအပြီးမှာ တော်တော်လေးတုန်လှုပ်သွားတယ်။ တစ်ခါမှလဲမကြုံဖူးဘူးလေ။
အဲ့ဒီထက်ဆိုးတာက Fresher welcome လုပ်တဲ့အချိန်ပါပဲ။ အပြင်တက္ကသိုလ်တွေက မောင်မယ်သစ်လွင် ကြိုဆိုပွဲနဲ့တော့ တစ်ခြားစီပါပဲ။ ခန်းမမဝင်ခင် ရေမိုးချိုး စတစ်ကော်လံနဲ့ တိုက်ပုံဝတ်ရတယ်။ Note book နဲ့ ဘောပင်ယူရတယ်။ လက်ကိုင်ပုဝါယူရတယ်။ တိုက်ပုံမှာ Name plate တပ်ရတယ်။ နဖာကလော်၊ လက်သည်းညှပ်၊ ခေါင်းဖြီး(ဘီး) စတဲ့ပစ္စည်းသေးသေးလေးတွေတွဲထားတဲ့ ကင်းသော့တွဲဆိုတဲ့ဟာပါရတယ်။ မဝင်ခင်တန်းစီလူစစ်တဲ့အခါ အဲ့ဒီပစ္စည်းတွေမပါသေးရင်၊ မပြည့်စုံသေးရင်လဲ အုပ်ခံရပါတယ်။ အစီစဥ်စတာနဲ့ တပ်ခွဲတာဝန်ရှိတတိယနှစ်ဗိုလ်လောင်းတွေက ပြောကြဆိုကြ ဟောပြောကြပေါ့။ အောက်ကအဖွဲ့တွေကလဲမှတ်ချင်ရာလိုက်မှတ်ပဲ။ အစီစဥ်ကတော့ကောင်းကောင်းမွန်မွန် အေးအေးဆေးဆေး ပြီးသွားပါတယ်။
Fresher Welcome က အခုမှစမှာပါ။ စောစောကခန်းမထဲမှာပဲ ကျနော်တို့အပတ်စဥ်တစ်ခုတည်းကို တန်းစီတယ်။ ကျနော်တို့ရှေ့မှာ ကုလားထိုင်တစ်လုံးချထားတယ်။ စပြီဆိုတာနဲ့ ဗိုလ်လောက်းတပ်ခွဲမှူးက ထိုင်ခုံပေါ်တက်ပြီး သူ့ကိုယ်သူမိတ်ဆက်တယ်။
''ငါကတော့ဗိုလ်လောင်းအမှတ်ဘယ်လောက် ဗိုလ်လောင်းတပ်ခွဲမှူးဘယ်သူဖြစ်တယ်… ငါ့နာမည်နံပါတ်ကို မှတ်ထား… ပြန်မေးလို့မဖြေနိုင်ရင် မှားရင်အုပ်ခံရမယ်…''
ဒီလိုမိတ်ဆက်ပြီးတာနဲ့ ပြန်ဆင်းသွားတယ်။ သုံးခါအော်ဆိုရတယ်။ ပြီးတာနဲ့
''ချောက်…''
ခနဲ မီးပိတ်သံကြားပြီး အခန်းတစ်ခုလုံး အမှောင်ကျသွားတယ်။ ဘာဖြစ်တာလဲလို့ တွေးနေတုန်းရှိသေးတယ်။ ကျနော့်ဘေးနားကို တစ်ယောက်ရောက်လာပြီး
''first year စောစောကတပ်ခွဲမှူးနာမည်ဘယ်သူလဲ… ဗိုလ်လောင်းအမှတ်ဘယ်လောက်လဲ…''
ဆိုပြီး မေးသံကြားလိုက်တယ်။ ကျနော်ဖြေလိုက်တယ်။ အခုမှပြောထားတာမှတ်မိတာပေါ့။ ကျနော့်လိုပဲတစ်ခြားသူတွေကို လိုက်မေးနေသံကြားတယ်။ သူတို့တွေလဲဖြေနိုင်ကြတယ်။ မေးလို့အားရတော့
''ချောက်…''
ခနဲအသံကြားပြီး မီးပြန်လင်းလာတယ်။ အားလုံးအဆင်ပြေသေးတယ်။ ထိုင်ခုံပေါ်ကို နောက်တစ်ယောက်တက်လာတယ်။ သူကဒုတိယတပ်ခွဲမှူး။ စောစောကလိုပဲ မိတ်ဆက်ပြီးပြန်ဆင်းသွားတယ်။ အစီစဥ်ကလဲအတူတူပဲ။ သုံးကြိမ်အော်တယ်။ မီးပိတ်လိုက်တယ်။ အမှောင်ထဲမှာလိုက်မေးတယ်။ တစ်ယောက်နှစ်ယောက်ကအဆင်ပြေနေပေမယ့် ဗိုလ်လောင်းတာဝန်ကျတွေ မိတ်ဆက်သူများလာလေ နာမည်နံပါတ်တွေကရောကုန်လေပဲ။ တစ်ဖြည်းဖြည်းစိတ်ပူလာတယ်။ မဖြေနိုင်မှာကြောက်လာတယ်။ ထင်တဲ့အတိုင်းပါပဲ။ မီးပိတ်ပြီးလိုက်မေးတဲ့အချိန်မှာ လူတွေရောပြီး မှားဖြေကြပါတော့တယ်။ မှားပြီဆိုတာနဲ့
''ဟာ first year တပ်ခွဲမှူးနံပါတ်တောင်မမှတ်မိဘူးလား… တပ်စု၂တပ်စုမှူးနာမည်တောင် မှန်အောင်မပြောနိုင်ဘူးလား… လက်ထောက်မှောက်ဆယ်ခါလုပ်စမ်း… ထိုင်ထလုပ်စမ်း… ဖားခုန်ခုန်စမ်း…''
ကျနော်တို့စိတ်ပူနေတဲ့အတိုင်းပါပဲ။ အခြေအနေတွေကပိုပိုဆိုးလာပါတော့တယ်။ ကျနော်ဆို နောက်ပိုင်းမေးသမျှ တစ်ယောက်မှ မှန်အောင်မဖြေနိုင်တော့ဘူး။ ခေါင်းထဲမှာလဲမှန်အောင်ဖြေမယ်လို့အတွေးမရှိတော့ဘူး။ ငါ့ကိုဖားခုန်ခုန်ခိုင်းမှာလား ထိုင်ထလုပ်ခိုင်းမှာလာ ခိုင်းချင်ရာခိုင်းလုပ်လိုက်တော့မယ်ဆိုတာပဲ တွေးနေမိတော့တယ်။ ဘာလို့လဲဆိုတော့ မမှား မှားအောင်လိုက်မေးနေတာ။ မဖြေနိုင်အောင်တမင်လုပ်နေတာ။ အပြစ်ပေးချင်လို့ကိုလုပ်နေတာလေ။ ဒါပေမယ့် ''ချောက်…''ဆိုပြီး မီးပိတ်သံကြားလေလေ ထိုင်ခုံပေါ်နောက်တစ်ယောက်တက်လာလေလေ အဗျင်းခံရတာပိုများလေလေနဲ့ ပိုပြီးပြင်းထန်လေလေဖြစ်လာပါတယ်။ အမှောင်ထဲမှာဂျွမ်းထိုးတဲ့သူထိုးနေကြတယ်။ ပတ်ပြေးတဲ့သူပြေးနေကြတယ်။ နောက်ပိုင်းပိုဆိုးလာတယ်။ မေးလို့မဖြေနိုင်ဘူးဆိုတာနဲ့ တန်းပြီးအထိုးခံရတယ်။ တစ်ခါတစ်လေဖြေတဲ့အထိကိုမစောင့်ဘူး။ မေးပြီးတာနဲ့တန်းထိုးတော့တာ။ အော်ငိုတဲ့သူကငိုတယ်။
''အား… အမလေး… အမေရေ…''
''ကယ်ကြပါဦး…''
''သေပါပြီဗျ… ကြောက်ပါပြီဗျ…''
စသဖြင့် အမှောင်ထဲက ကူကယ်ရာမဲ့ အသံပေါင်းစုံနဲ့ ဆူညံပြီး ငရဲပွက်သလိုဖြစ်နေပါတော့တယ်။ မီးဖွင့်လို့ကြည့်လိုက်ရင် အကောင်းအတိုင်းရှိနေတာ တစ်ယောက်မှမကျန်တော့ဘူး။ ပုဆိုးမရှိတော့ဘူး။ တိုက်ပုံမရှိတော့ဘူး။ အင်္ကျီမရှိတော့ဘူး။ အတွင်းခံကလွဲပြီး ဘာအဝတ်မှမကျန်တော့ဘူး။ ကင်းသော့တွဲတွေ၊ လက်ကိုင်ပုဝါတွေ ဘယ်ရောက်ကုန်မှန်းမသိတော့ဘူး။ ပထမနှစ်အကုန်လုံးဟာ ရှုံ့မဲ့ငြီးငြူပြီး ဖရိုဖရဲ။ ''ချောက်…''ဆိုတဲ့ မီးပိတ်သံကို ကြောက်လာကြတယ်။ အဲ့ဒီအချိန်မှာ ''ငါတော့ မှားပြီထင်တယ်…''ဆိုတဲ့အတွေကို အားလုံးတွေးနေကြမယ်ထင်ပါတယ်။
နာရီပိုင်းလောက် အားရအောင် brainwash လုပ်ပြီးချိန်မှာတော့ ဗိုလ်လောင်းတပ်ခွဲမှူးက
''ကဲ အားလုံးငြိမ်ထား… ဘာသံမှမကြားချင်ဘူး… အမိန့်အတိုင်းပဲလုပ်မယ်… မလုပ်နိုင်တဲ့ကောင် ထပ်ခံရမယ်… ပြောတာကိုကြားရင်သိရင် ''ဟုတ်''လို့ တစ်လုံးတည်းပြောမယ်… မသိရင် ''မဟုတ်''လို့ ပြောမယ်… ရှည်ရှည်ဝေးဝေးတွေမပါလာနဲ့… ဟုတ်ကဲ့ခင်ဗျတွေ၊ မဟုတ်ပါဘူးတွေ လာမလုပ်နဲ့… ကြားလား…''
''ဟုတ်….''
brainwash လုပ်ခံရအပြီး ပထမနှစ်တွေရဲ့ ဖြေသံဟာ တပ်ခွဲတစ်ခွဲလုံး ပွင့်ထွက်မတတ် ကျယ်လောင်လွန်းလှပါတယ်။ ဒါဟာ စစ်တက္ကသိုလ်ဆိုတဲ့ကျောင်းကြီးမှာ ပထမနှစ်ဗိုလ်လောင်းတွေအတွက် brainwash စတဲ့နေ့ပါပဲ။ နေ့စဥ်နဲ့အမျှ ငရဲလိုဖြတ်သန်းကြရပါတယ်။ ပထမနှစ်တွေဟာ စတက္ကသိုလ်ရဲ့ ကျွန်တွေ စဖြစ်လာကြပါတယ်။
(စာလဲ ရှည်သွားပြီဖြစ်လို့ တောင်းပန်ပါတယ်။ နောက်ထပ်လဲ အခုလိုအကြောင်းအရာတွေ ဝေမျှပါဦးမယ်။ စိတ်ရှည်လက်ရှည် ဖတ်ပေးကြသူများကို ကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ။)
"နွေဦး တော်လှန်ရေးနဲ့ နိုင်ငံတကာ" - (ကျနော်ဆွဲဖွင့်မိသောတံခါးများ)
ကျောင်းသင်ခန်းစာနဲ့ စစ်အာဏာရှင်တွေရဲ့ဝါဒဖြန့်ချိမှု (ဆောင်းပါး)
လက်ကျန် စာသင်နှစ် ဒါမှမဟုတ် လာမယ့်ပညာသင်နှစ်တွေမှာ စစ်တပ်ရဲ့ မတရား စစ်မှုထမ်းဥပဒေ၊ သူတို့ စိတ် ကြိုက်ရေးဆွဲထားတဲ့ အခြေခံဥပဒေနဲ့ အာဏာရှင်ဆန့်ကျင်တဲ့အင်အားစုတွေကို ပုံဖျက်ရေးဆွဲထားတဲ့အကြမ်းဖက် ဥပဒေစတဲ့ ဝါဒဖြန့်ဘာသာရပ်တွေကို စစ်ကောင်စီလက်အောက်က အခြေခံပညာ ကျောင်းသူ/ကျောင်း သား တွေ သင်ယူရဖို့ ရှိနေတယ်လို့ ဗမာ့ရေးရာနဲ့ ပဋိပက္ခလေ့လာရေးအဖွဲ (BACS) က ဒီရက်ပိုင်းအတွင်း ထုတ်ပြန်ပါတယ်။