Art Journal ဆိုတာဘာလဲ? ဘယ်လိုစလုပ်မလဲ?
မင်္ဂလာပါ Dreamer တို့ရေ🤓
အခုတလော အနာဂတ်လည်းပျောက် ဘာဆက်လုပ်ရမလဲမသိ ဘာမှလုပ်ချင်စိတ်လည်းမရှိ lost ဖြစ်နေတယ် Dreamer လည်းအဲ့လိုခံစားနေရရင်တော့တစ်ယောက်တည်းမဟုတ်ဘူး မေလည်းတူတူဖြစ်နေပါတယ်လို့ပြောပါရစေ အဲ့တာကြောင့်စိတ်ထွက်ပေါက်တစ်ခု စိတ်အပန်းဖြေစရာတစ်ခုအနေနဲ့ Art Journaling ကိုပြန်လုပ်ဖြစ်တယ် Journaling ထဲ နစ်မျောပြီး အနည်းငယ် စိတ်သက်သာရာရတာမို့ Dreamer တို့လည်း စမ်းပြီးလုပ်ကြည့်လို့ရမယ့် Art Journaling အကြောင်း မေသိသလောက်လေးပြောပြမယ်နော်
Expand
Journalတစ်မျိုးပဲ ဒါပေမယ့်စာတွေချည်းရေးတာမျိုးမဟုတ် paintings, drawings, doodles, collages စတဲ့ art မျိုးစုံကို ကိုယ့်ရဲ့ creativity နဲ့ပေါင်းစပ်ပြီး Journal တစ်အုပ်ထဲဖန်တီးထားတာမျိုးပါ။ Art Journal ဆိုတာမျိုးက “ဖန်တီးခြင်း” ကိုအဓိကထားတယ် ဖန်တီးတယ်ဆိုတဲ့ process ကို ပျော်ဖို့ဖြစ်တယ်။ Result ကအရေးမကြီးဘူး မေတို့ စိတ်တွေ creativity တွေကို art တစ်ခုအဖြစ်ဖန်တီးရင်း လွှတ်ချလိုက်ဖို့ ဖြေလျော့လိုက်ဖို့ပဲဖြစ်တယ် ဒါကြောင့် art journaling မှာဘာ rules မရှိဘူး။ ကိုယ့်စိတ်ထဲရှိတာ စိတ်ကူးမိရာ art မျိုးစုံဖန်တီးလိုက်လို့ရတယ် Journal တစ်အုပ်အနေနဲ့မို့ ဘယ်အချိန်မဆို ကိုယ်ဖန်တီးခဲ့တာတွေကို ပြန်ပြီး reflect လုပ်လို့ရတာမျိုးပေါ့
ဘာကြောင့် art journaling လုပ်မလဲ?
၁။ ပထမတစ်ချက်ကတော့ ပျော်ဖို့ စိတ်ဖိစီးမှုလျော့ချဖို့ဖြစ်ပါတယ် ကိုယ်ရဲ့ စိတ်ထဲ ခေါင်းထဲမှာရှိတဲ့ အတွေးတွေ စိတ်ကူးတွေ ဖိစီးမှုတွေ ကို ပုံတွေ စကာလုံးတွေအဖြစ်စာရွက်ပေါ်လွှတ်ချလိုက်ဖို့ဖြစ်တယ်
၂။ နောက်တစ်ချက်ကတော့ မေတို့ရဲ့ ကိုယ်ထဲမှာ အိပ်ပျော်နေတတ်တဲ့ inner artist ကိုနိုးထလာအောင်လုပ်ပေးနိုင်ပါတယ် တစ်ချို့ကထင်ကြတယ် art journal လုပ်ရအောင် artist မှမဟုတ်တာ တကယ်တော့ art journaling လုပ်ကြသူတိုင်းဟာ ကိုယ်ကိုယ်ကို artistလို့ creative ဖြစ်တဲ့သူတွေလို့ သတ်မှတ်ထားသူတွေမဟုတ်ပါဘူး ဖန်တီးရင်းဖန်တီးရင်နဲ့မှ ကိုယ်သတိမထားမိတဲ့ creative skill တွေထွက်လာတတ်တာပါ ဆိုတော့ ဝါသနာအသစ် idea အသစ်တွေပါရှာတွေ့လာနိုင်ပါတယ်
ဘယ်လိုစလုပ်ရမလဲ ဘာတွေလိုလဲ?
Art Journal လုပ်ဖို့ စာအုပ်တစ်အုပ် ဘောပင်တစ်ချောင်းရှိရင်ကိုစလို့ရပါပြီ အပေါ်မှာပြောသလို no rule မို့ ဘာပစ္စည်းတွေရှိမှစလို့ရမယ်မျိုးမဟုတ်ပါဘူး ဆိုတော့ အဓိကကစပြီးဖန်တီးဖို့ပါပဲ အောက်ကပုံလေးတွေမှာ လုပ်ကြည့်ဖို့ နည်းလမ်းလေးတွေ ပြောပြထားတာမို့ Dreamer တို့ idea တစ်ခုခုရပြီ စလုပ်ကြည့်ချင်မယ်လို့ မျှော်လင့်ပါတယ်နော်
Art Journal ဖန်တီးဖို့ အလွယ်ဆုံးနည်းကတော့ မေတို့ အနီးနားမှာရှိတဲ့ သတင်းစာ ဂျာနယ် မဂ္ဂဇင်းတွေထဲက ပုံလေးတွေစာလေးတွေကို ဖြတ်ညှပ်ကပ်ပြီး စိတ်ကူးရှိသလို layoutဖန်တီးပြီး collageလုပ်တာပါပဲ ပျော်ဖို့လည်းကောင်းသလို့ မေတို့ရဲ့ creativity ကိုလည်းမြင့်တင်ပေးနိုင်ပါတယ် မေဆို စာရွက်အပိုင်းအစတွေ receipt လေးတွေလည်းသိမ်းထားပြီး art journal ထဲလျောက်ဖန်တီးဖြစ်တယ် Trash to Art ပေါ့😉
ဘောပင်တစ်ချောင်းပဲရှိရင် doodle လေးတွေဆွဲပြီးဖန်တီးကြည့်ပါ relax လည်းဖြစ် စိတ်တည်ငြိမ်မှုလည်းရစေပါတယ်
Dreamer တို့က painting drawing ဝါသနာပါသူဆိုရင်တော့ art journal ထဲမှာ supplies အသစ်တွေ technique အသစ်တွေ စမ်းသပ်ဆွဲကြည့်တာမျိုးလုပ်လို့ရပါတယ်နော်
နောက်ထပ် art journal ထဲထည့်လို့ရတာကတော့ ကိုယ်ကြိုက်တဲ့ quotes လေးတွေ ကဗျာလေးတွေ ဖတ်တဲ့စာအုပ်တွေထဲကကြိုက်တဲ့စာသားလေးတွေကို သင့်တော်တဲ့ပုံလေးတွေဆွဲတာဖြစ်ဖြစ် ဖြတ်ညှပ်ကပ်လုပ်ပြီးဖြစ်ဖြစ် သရုပ်ဖော်ဖန်တီးလို့ရပါတယ် ဒီဟာလေးကတော့ မေ ဟိုးအရင်ခေတ် တောင်သူလယ်သမားဂျာနယ်အဟောင်းရှာတွေ့လို့ အထဲကစကားလုံးလေးတွေ ပုံလေးတွေကိုဖြတ်ပြီး ဖန်တီးထားတာဖြစ်ပါတယ်
နောက်တစ်မျိုးကတော့ ပန်းခြောက်လေးတွေသုံးပြီး ဖန်တီးကြည့်ပေါ့ ပန်းခြောက်လေးတွေကပ်တာတော့သတိထားပြီးကပ်နော် မေကပ်ထားတာဆိုတော်တော်ကြာပြီ စာအုပ်ထဲမို့မပျက်စီးဘူး
ဆိုတော့ art journaling ကကိုယ်စိတ်ကူးရှိရင်ရှိသလို အမျိုးစုံလုပ်ကြည့်လို့ရပါတယ်နော် ကိုယ်ဘာကိုယ်မလုပ်တတ်ဘူး creative မရှိဘူးလို့မထင်ပါနဲ့ ယုံပါ မေတို့အားလုံးက creator တွေချည်းပါပဲ စကြည့်ဖို့ပဲလိုတာပါ မလုပ်ကြည့်ပဲနဲ့တော့ မရဘူးလို့မပြောနဲ့နော် စမ်းကြည့်ပါ creative skill တွေထွက်လာပါလိမ့်မယ် စိတ်လည်းပေါ့သွားပါလိမ့်မယ်🧡
မေ share ပေးခဲ့တာလေးတွေထဲကနေ idea လေးတွေ စမ်းကြည့်ချင်စိတ်လေးတွေ ပေါ်လာပြီး Dreamer တို့စိတ်ဖိစီးမှုလျော့ချဖို့ နည်းလေးတစ်ခုရသွားမယ်လို့မျှော်လင့်ပါတယ်နော်
Fighting and Stay safe Dreamers!💪🏻