Bullet Journaling - 20 Title Ideas📝
မင်္ဂလာပါ Dreamer တို့ရေ🤓
ဒီနေ့တော့ Dreamer တို့အတွက် Journaling လုပ်တဲ့အခါ ကျောင်းမှာ notes မှတ်တဲ့အခါ ခေါင်းစဉ်လေးတွေကို စာလုံးပုံစံလှလှလေးတွေဖြစ်အောင် brush pen လေးတွေနဲ့ ဘယ်လိုရေးလို့ရသလဲဆိုတာ မေလေ့လာတွေ့ရှိသလောက် ပြောပြပေးသွားမယ်နော် 😘
တစ်ပုံချင်းစီဖတ်ကြည့်ကြည့်ပါဦးရှင့်😬
Dreamer တို့ရေးတဲ့ idea လေးတွေရှိလည်း မေကို comment မှာ share သွားပါဦးနော်🧡
မေ့လုပ်ထားတာလေးကြိုက်ရင်လည်း Like & Share ပေးပါဦးနော်😙
Bullet Journaling Playlist
မေရဲ့ spread ပုံလေးတွေကို တော့ Instagram ပေးသွားမှာမို့ Follow လုပ်ထားဦးနော်😉
ဒီပထမ group လေးမှာတော့ အကြီးစာလုံးလေးတွေနဲ့ ရေးလို့ရတဲ့ ပုံစံလေးတွေပါ
No .1 ပုံစံလေးကတော့ မေက Brush Pen လေးနဲ့ စာလုံးအကြီးလေးတွေရေးပြီး Line Pen အနက်လေးနဲ့ ဘောင်လေးပြန်ကွတ်လိုက်တာပါ ထင်းထင်းလေးနဲ့လှသွားရော
No . 2 မှာတော့ ဘောင်အပြည့်မလုပ်ပဲ အရိပ်ကျသလိုလေး တစ်ခြမ်းထဲပဲလိုက်ထည့်လိုက်ပါတယ် စာလုံးလေးက ကြွတက်နေသလိုလေးဖြစ်သွားရော
No . 3 ကတော့ ဘောင်ကို စာလုံးနဲ့ကပ်မဆွဲပဲ ခွါထားလိုက်တယ် တစ်လုံးချင်း စတစ်ကာလေးကပ်ထားသလိုပုံလေးဖြစ်သွားရော
No . 4 မှာတော့ စာလုံးအကြီးရဲ့ရှေ့ဖက်မှာ Line Pen လေးနဲ့ လက်ရေဆက်လေးရေးလိုက်တယ် တမျိုးလေးဆန်းသွားတယ်ဟုတ်? မေတော့ဒီလိုပုံလေးကြိုက်တယ်
No . 5 မှာတော့ Brush Pen အနုရောင်နဲ့ စာလုံးတွေအရင်ရေးလိုက်ပြီး အရင့်ရောင်လေးနဲ့ အောင်ပိုင်းတစ်ဝက်ကိုပြန်ထပ်ရေးလိုက်တယ် နှစ်ရောင်စပ်ပုံလေးနဲ့ လွင့်တာပေါ့ ဟီးဟီ
Group 2 မှာတော့ စားလုံးအသေးလက်ရေဆက်ကို ပုံစံအလှလေးတွေလုပ်ပြမယ်နော်
No . 1 မှာတော့ Group 1 ထဲကလိုမျိုးပဲ ဘောင်လေးကို ဝေးဝေးက ဆွဲလိုက်တာ စတစ်ကာဆန်ဆန်effect လေးရရော
No . 2 မှာတော့ အရိပ်လေးထည့်တာပေါ့ တစ်ခြမ်းထဲ ကြွနေအောင်လို့ လှတယ်ဟုတ်?
No . 3 မှာတော့ Brush Pen လေးနဲ့ စာလုံးရေးပြီး Line Pen လေးနဲ့ element လေးတွေ လိုက်ထည့်လိုက်တယ် ကြယ်လေးတွေ အသဲလေးတွေ ဘာညာပေါ့ ချစ်စရာကောင်းတဲ့ ပုံစံလေးပေါ့
No . 4 မှာတော့ Brush Pen အနုနဲ့အရင့်လေးကို Background ပုံစံလေးလုပ်ပြီး Line Pen လေးနဲ့ စာလုံးရေးထားတာ Brush Pen အရောင်ရွေးတာမလိုက်သွားတော့ သိပ်မလှသွားဘူး Dreamer တို့တော့လိုက်တာလေးနဲ့စမ်းကြည့်နော်
No . 5 မှာတော့ အရင့်ရောင်လေးနဲ့စာလုံးရေးပြီး အနုရောင်လေးနဲ့ အရိပ်ပုံလေးဖြစ်အောင် အနုရောင်လေးနဲ့ တစ်ခြမ်းကိုလိုက်ဆွဲလိုက်တာ ဒါလေးလည်းလှတယ်ဟုတ်?
Group 3 မှာတော့ Line Pen ကိုအသားပေးသုံးထားတဲ့ ပုံစံလေးတွေပါ
No . 1 ပုံစံမှာတော့ မေက Brush Pen အရောင်တစ်ရောင်လေးကို Background လုပ်ပြီး ရှေ့မှာ Line Pen လေးနဲ့ရေးလိုက်တာပေါ့ စာလံုးလေးပိုပေါ်လွင်သွားရော
No . 2 မှာတော့ Brush Pen နဲ့ အနောင်ဘက်မဟုတ်ပဲ စာလုံးဘေးနှစ်ဘက်ကို မျဉ်းလေးဆွဲလိုက်တာပေါ့ sub title လေးတွေအတွက်ဒါလေးကအဆင်ပြေတယ် ချစ်စရာလေးပေါ့
No . 3 မှာတော့ label စတစ်ကာ ပုံစံလေးပေါ့ ဘောင်လေးနှစ်ထပ်ဆွဲပြီး နောက်ကဟာလေးကို အရောင်လေးပေးလိုက်တာ
No . 4 မှာတော့ ရိုးရိုရှင်းရှင်း label စတစ်ကာပုံစံလေး Line Pen လေးနဲ့ ဘောင်ပြန်ကွပ်လိုက်တယ်
No . 5 ကိုတော့မေကြိုက်မှကြိုက် Brush နဲ့ရေးတာလေးကို အပေါ်ကနေ Line Pen လေးနဲ့ မျဉ်းတစ်စောင်းလေးတွေလိုက်ထည့်လိုက်တာ လှမှလှဗျာ
Group 4 မှာတော့ Color Line Pen လေးတွေနဲ့ရေးပြထားတယ်နော်
No . 1 မှာတော့ စာလုံးဘောင်လေးတွေကိုအရင်ဆွဲလိုက်ပြီး မထဲမှာ မျဉ်းစောင်းလေးတွေလိုက်ဖြည့်လိုက်တယ် ဆန်းဆန်းလေးပေါ့
No . 2 မှာတော့ ညီညီညာညာမရေးပဲ အပေါ်တက်အောက်ဆင်း နည်းနည်းကစားပေးလိုက်တာ စာလုံးကိုရိုးရိုးကြီးဖြစ်မနေအောင်လည်း ထိပ်လေးတွေမှာ dot လေးတွေထည့်လိုက်တယ် အဆင်ပြေတယ်ဟုတ်?
No . 3 မှာတော့ Color Line Pen ရယ် Black Line Pen ရယ်နဲ့ အကွာအဝေးနည်းနည်းခြားပြီး ထပ်ရေးလိုက်တာ တစ်မျိုးလေးဆန်းတယ်နော် စမ်းကြည့်ပါဦး Dreamer တို့ရေ
No . 4 မှာတော့ Banner Style လေးဆွဲလိုက်တာ လှသွားရော
No . 5 မှာတော့ Label လိုလေးပေါ့ stitch ပုံစံလေးလိုဖြစ်အောင် dash ဘောင်လေးပါထပ်ထည့်လိုက်တယ် ချစ်ဖို့ကောင်းသွားရော
ကဲ မေလေ့လာတွေ့ရှိတာလေး တစ်ချို့မေလျောက်ဆန်းသစ်ထားတာလေး 20 တော့ပြီးသွားပြီး Dreamer တို့စမ်းကြည့်ဖို့ပဲလိုတယ်နော်😁
တခြား Dreamer တို့ ရေးတဲ့ ပုံစံလေးတေရှိလည်း မေကို share ပါဦးနော့😍
မေ့လုပ်ထားတာလေးကြိုက်ရင်လည်း Like & Share ပေးပါဦးနော်😙
Thank you dreamers🙏🏻
xoxo 😘
• M A Y •