ဘာတွေက
ကျောက်ကပ်ပျက်စီးစေတာလဲ
ပိမင်…ဒီနေ့ရေးပေးမယ့်…
အကြောင်းအရာလေးကတော့…
ဘာတွေက…ကျောက်ကပ်ပျက်စေတယ်ဆိုတဲ့…
အကြောင်းအရာလေးပါပဲ…
ကိုယ့်ပတ်ဝန်းကျင်မှာ…ကြားဖူးကြမှာပါ…
လူကအကောင်းကြီးကနေ…
ကျောက်ကပ်ပျက်ပြီး…ကျောက်ကပ်ဆေးနေရတယ်…
ကျောက်ကပ်ဆေးဖို့…အဆင်မပြေတာတွေ…
အခက်အခဲဖြစ်တာတွေ…
ဖေ့ဘုတ်ပေါ်မှာ…Post တက်လာတာတွေ….တွေ့နေရမှာပဲမလား…
ကျောက်ကပ်ထိခိုက်တယ်ဆိုတာ….
ကိုယ်မထင်မှတ်…မထင်မိထားတာတွေကနေပြီးတော့မှ…ြ
ဖစ်နိုင်တာမလို့…
ဘာတွေက…ကျောက်ကပ်ပျက်စေနိုင်တယ်ဆိုတာ…
သတိထားမိသွားအောင်…ပိမင်…တင်ပေးလိုက်ပါတယ်…
ကဲ….စလိုက်ရအောင်…
ဘာတွေက…ကျောက်ကပ်…ပျက်စီးစေတာလဲ???
****အစားအသောက်တွေ****
ကျောက်ကပ်ထိခိုက်စေတဲ့နေရာမှာ…
နေ့ဓူဝ…စားသောက်နေရတဲ့…
အစားအသောက်တွေလည်း…အဓိကပါပါတယ်…
၁ - အငန်များတာတွေ…
မြန်မာလူမျိုးဆိုတာ…ဟင်းဆိုရင်….
လေးနေမှကြိုက်တာမလား…
အရသာဆိုလည်း…ပြင်းနေမှကြိုက်တာမလား..
အဲ့လို…လေးလေးပင်ပင်..ဟင်းတွေမှာ…ပါတဲ့…
အငန်ဓာတ်က…ခန္ဓာကိုယ်ကို…
သွေးတိုးစေတတ်ပါတယ်…
သွေးတိုတာက…ကျောက်ကပ်ပျက်စီးစေတဲ့…
တရားခံတွေထဲက…ထိပ်ဆုံးက…တစ်ခုပါပဲ…
၂ - ပရိုတင်းဓာတ်တွေ…လိုတာထက်..ပိုစားတာ…
ပရိုတင်းဓာတ်ဆိုတာ…ခန္ဓာကိုယ်အတွက်…
အကျိုးပြုတဲ့အရာပါ…
ခန္ဓာကိုယ်ကို ထိခိုက်စေတဲ့…အခြေအနေဆိုတာ…
ရှားကြပါတယ်…
ဒါပေမယ့်လည်း…သာမန်လူတွေမှာ…
ပရိုတင်းဓာတ်လွန်ကဲပြီး…
ကျောက်ကပ်ထိခိုက်စေနိုင်တဲ့…အခြေအနေ…တချို့ရှိနိုင်ပါတယ်…
ဥပမာ…ပြောရရင်…
Gym သမားတွေ…ပရိုတင်းမှုန့်တွေ…အလွန်အကျွန်သောက်မိတာတွေနဲ့…
လှချင်တဲ့သူတွေ…အရည်အသွေးမပြည့်မှီတဲ့…ကော်လဂျင်တွေ…သောက်မိတာ…
အလွန်အကျွန်သောက်မိတာတွေကနေတစ်ဆင့်…
ကျောက်ကပ်ကို အလုပ်ပိုလုပ်စေရပြီး…
ရေရှည်မှာ…ကျောက်ကပ်ကို…ထိခိုက်စေတတ်တာမျိုး…ပေါ့လေ…
၃ - အချိုစာတွေ…
အချိုစာတွေမှာ….သကြားများတာကို…
လူတွေသိကြပေမယ့်လို့…
High Carb တွေဆိုတဲ့…ကစီဓာတ်များတာတွေကိုတော့…
လူသိနည်းကြပါတယ်…
ကစီဓာတ်များတာတွေမှာ…မြန်မာနိုင်ငံမှာဆို…
ဆန်လုံးချောတွေ…ပါပါတယ်…
လူတွေအစားများတဲ့…ပေါင်မုန့်နုအိနေတာတွေလည်းပါပါတယ်…
ခန္ဓာကိုယ်မှာ…အချိုဓာတ်…ရေရှည်များနေတဲ့အခါ…
အင်ဆူလင်ပိုထုတ်ရပြီး…
ရေရှည်မှာ…ဆီးချို…သွေးချိုတို့…Metabolic Syndrome တို့ကနေတစ်ဆင့်…
ကျောက်ကပ်ပျက်စီးတဲ့အထိ…ဖြစ်တတ်တယ်ပေါ့လေ..
၂ - လေ့ကျင့်ခန်းမလုပ်တာနဲ့…အဝလွန်တာတွေ…
အဝလွန်တာကနေ…သွေးတိုး…ဆီးချိုတွေဖြစ်နိုင်သလို…
အဝလွန်ခြင်းကြောင့်…အဆီဓာတ်များရာကနေ…
ခန္ဓာကိုယ်မှာ နာတာရှည်ရောင်ရမ်းမှုတွေလည်း…ဖြစ်ရပါတယ်…
သွေးတိုးတွေ…ဆီးချိုတွေ…နာတာရှည်..ရောင်ရမ်းမှုတွေက…
ရေရှည်မှာ..ကျောက်ကပ်ကို…ထိခိုက်ပျက်စီးစေတတ်တယ်ပေါ့လေ..
၃ - အရက်…ဆေးလိပ်…ကွမ်းယာတွေ….
အရက်က…သွေးတိုးနဲ့…ရေဓာတ်ခန်းခြောက်တာတွေဖြစ်စေတတ်တယ်…
ဆေးလိပ်က…သွေးကြောတွေ…ကျဉ်းစေ…ပိတ်စေတယ်…
ကွမ်းယာက…ဆီးကျောက်တည်စေတယ်…
အဲ့ဒါတွေကလည်း…ကျောက်ကပ်ပျက်စီးမှုကို…
ဦးတည်စေတယ်ပေါ့လေ…
၄ - အကိုက်အခဲပျောက်ဆေးတွေ…
ငယ်ငယ်ရွယ်ရွယ်နဲ့…ကျောက်ကပ်ပျက်စီးပြီး..
ကျောက်ကပ်ဆေးနေရသူတွေကို…ကြည့်လိုက်ရင်…
အကိုက်အခဲပျောက်ဆေး…
အလွန်အကျွန်သောက်တဲ့သူတွေလည်း…
တော်တော်များများတွေ့ရတယ်ပေါ့လေ…
ဥပမာပြောရရင်…
ကာယလုပ်သားတွေ…ကိုက်ခဲပင်ပန်းတဲ့အခါ…
စပ်ဆေးသောက်တာ…အကိုက်အခဲပျောက်ဆေးတွေသောက်တာ…ထိုးတာတွေ…
ခဏခဏလုပ်ဖြစ်တယ်ပေါ့လေ…
နောက်တစ်လူတစ်မျိုးကတော့…နာတာရှည်…ဇရာကြောင့်..ဒူးနာတဲ့…
အဒေါ်ကြီးတွေပါပဲ…
သူတို့တွေက…အကိုက်အခဲပျောက်ဆေးကို…ပဲကြီးလှော်လို…မှီဝဲရာကနေပြီးတော့…
ကြာလာတဲ့အခါ…အချိန်မတန်ဘဲ…ကျောက်ကပ်ပျက်စီးတာမျိုးတွေနဲ့…
ကြုံရတယ်ပေါ့လေ…
၅ - ဆီးချို…သွေးတိုး…သေချာမကုတာ…
ဒါကလည်း…ကျောက်ကပ်ပျက်စီးစေတဲ့နေရာမှာ…ထိပ်ဆုံးပြေးနေတဲ့အရာတွေပါပဲ…
ဆီးချိုဆိုလည်း…တက်မှသောက်လိုက်မယ်…
သွေးတိုးဆိုလည်း…သွေးတိုးမှ…သောက်လိုက်မယ်ကနေ…
သေချာမကုပဲ…ဒီတိုင်းထားရာကနေပြီးတော့မှ…
ကျောက်ကပ်ပျက်စီးမှ…ပြင်ဆင်မရ…နောင်တရကြတယ်ပေါ့လေ…
၆ - တရားမဝင် တိုင်းရင်းဆေး…ဘယဆေးနဲ့…မူးယစ်ဆေးတွေ…
ဟိုအရွက်ပြုတ်သောက်…ဒီအရွက်ပြုတ်သောက်…
ဟို…ဘာနာမည်မှန်းမသိ…ဘယ်ကလာမှန်းမသိတဲ့…
သူများညွန်းတဲ့…တိုင်းရင်းဆေးလေးသောက်…တာကနေပြီးတော့မှ…
ကျောက်ကပ်ပျက်နိုင်သလို…
မူးယစ်ဆေးတွေ…အလွန်အကျွန်သုံးတာကနေပြီးတော့လည်း…
ကျောက်ကပ်ပျက်စီးနိုင်သေးတယ်ပေါ့လေ…
၇ - ဝမ်းပျက်ဝမ်းလျောအလွန်အကျွန်ဖြစ်တာ…
ဒါကလည်း…အခုတလော…အဖြစ်များနေတဲ့…ပြဿနာပေါ့လေ…
ဝမ်းပျက်ဝမ်းလျောက…ဘာမှမဖြစ်တာလည်းရှိသလို…
အလွန်အကျွန်ဖြစ်ရင်လည်း…
ရေဓာတ်ခမ်းခြောက်ပြီး…ကျောက်ကပ်ထိခိုက်ပျက်စီးသည်အထိ…ရှိနိုင်တယ်ပေါ့လေ…
သေချာကုရင်တော့…လူအများစုမှာ ပြန်ကောင်းနိုင်ပေမယ့်…
လူအနည်းစုမှာတော့…နာတာရှည်…ကျောက်ကပ်ရောဂါဖြစ်တဲ့အထိ…
ရှိသွားနိုင်တာပေ့ါလေ…
ကဲ…စာလည်း…ရှည်သွားပြီဆိုတော့…
ဒီမှာခဏနားအုန်းမယ်နော်…
ကျောက်ကပ်ပျက်စီးစေတဲ့…အကြောင်းအရင်းတွေကို…
သိသွားပြီဆိုတော့…
အမေပေးတဲ့…ကျောက်ကပ်နှစ်လုံးကို…
တန်ဖိုးထားနိုင်ကြပါစေလို့ပြောရင်း…
ဒီမှာခဏနားလိုက်အုန်းမယ်နော်…
ဟုန်…ပိပါပိ…ကျေးဇု…
#PhyoWaiYan
#LibraAestheticScience
#ChantaraCosmeticShop
#RenalFunctionImpairment
~ကူးချသူfinနူ~










