ရေတံခွန် ရာသီ ☕🏊♀️🏅💯🌳 မိုးရာသီ အချိန်အခါရောက်လာခဲ့လျှင် ထားဝယ်မြို့နေ ကလေးသူငယ် ပျိုပျိုအိုအို ကာလသား သမီးမကျန် သွားရောက်လည်ပတ်ကြလေသည်။ ထားဝယ်မြို့သည် မိုးရေချိန်လက်မ ၂၀၀ ကျော်ရရှိသည်။ မြောက်ဘက်တွင် တနသင်္ာရီ သဘာဝထိန်းသိမ်းရေး သစ်တော၊ အရှေ့ဘက်နှင့်တောင်ဘက်တွင် တနသင်္ာရီ ရိုးမကြီးအတွင်းရှိ လာနူခီးနှင့် ကစယ်ဒို အမျိုးသားဥယျာဥ် နှင့် အနောက်ဘက်တွင် မြောက်ဘက်ရှိ တောင်ညိုတောင်တန်းများမှဖြာထွက်လာသော လောင်းလုံ တောင်တန်းကြီးများ ဝန်းရံထားသည်။ ထို့အတွက်ကြောင့် မိုးလေးများဖွဲပြီဆို ထားဝယ် လေးမျက်နာမှာ ဖြူဖြူသွယ်တန်း နေသော ရေတံခွန် တွေနှင့်သာ မြင်ကွင်းပြည့်တော့သည်။ တစ်ချို့ နာရီ ဝက်ခန့်သွားရင်ရောက်သည်။တစ်ချို့မှာ တစ်နာရီ နှင့်တစ်ချို့များတော့ မြင်လျှက်ဝေး အတော်သွားရသည်များလည်းရှိပါသည်။ နွေရာသီရောက်လို့ ရှင်ကိုးရှင်ဘုရားနှင့်ကမ်းခြေတွေ စည်ကားသလို ဝသန်ချိန်မှာတော့ ရေတံခွန် များဆီချီတက်ကြတော့သည်။ #dawei #Waterfall #rainyseason #locallytrip #SamthemanDawei #traveltanintharyi #MyanmarBeEnchanted #🇲🇲 #travelsoutheastasia #greenseasoning (at Dawei) https://www.instagram.com/p/CCVn82PjPgZ/?igshid=1hk9h9mmr8tu1












