မန္တလေးမြို့ မစိုးရိမ် ကျောင်းတိုက် သံဃာတော်များ စစ်ကောင်စီ အလိုမရှိကြောင်း ဆန္ဒပြ
ဧရာဝတီ၊ ဧပြီ ၉၊ ၂၀၂၁
ဓာတ်ပုံ - CJ
#WhatsHappeningInMyanmar
#RejectMilitaryCoup
h

Kiana Khansmith
$LAYYYTER

roma★
NASA
wallacepolsom
styofa doing anything
almost home
No title available
cherry valley forever

Janaina Medeiros
Peter Solarz

❣ Chile in a Photography ❣
Today's Document
YOU ARE THE REASON

Product Placement
Cosimo Galluzzi

★

No title available
One Nice Bug Per Day
seen from United States
seen from India

seen from United States
seen from United States

seen from United States

seen from Tunisia

seen from France

seen from Sweden
seen from United States
seen from Türkiye

seen from United States
seen from Saudi Arabia

seen from Argentina
seen from Peru
seen from Türkiye

seen from Türkiye

seen from United States

seen from Türkiye
seen from Ecuador

seen from Belgium
@burmagamer
မန္တလေးမြို့ မစိုးရိမ် ကျောင်းတိုက် သံဃာတော်များ စစ်ကောင်စီ အလိုမရှိကြောင်း ဆန္ဒပြ
ဧရာဝတီ၊ ဧပြီ ၉၊ ၂၀၂၁
ဓာတ်ပုံ - CJ
#WhatsHappeningInMyanmar
#RejectMilitaryCoup
ဧရာဝတီတိုင်းအတွင်း မြို့နယ်အချို့မှာ အကြမ်းဖက်စစ်ကောင်စီက သတင်းအမှောင်ချနိုင်ရေးအတွက် PSI စလောင်းများ လိုက်လံသိမ်းဆည်း
ဧရာဝတီတိုင်းအတွင်းမှာရှိတဲ့ မြို့နယ်အချို့မှာ အကြမ်းဖက်စစ်ကောင်စီက သတင်းအမှောင်ချနိုင်ရေးအတွက် PSI စလောင်းများကို ဧပြီလ ၈ရက်နေ့ မနက်ပိုင်းကနေစတင်ပြီး နေအိမ်များ ဆိုင်များကနေ လိုက်လံသိမ်းဆည်းနေပါတယ်။
လျှပ်စစ်ပစ္စည်းအရောင်းဆိုင်များအပါအဝင် နေအိမ်များမှာပါ တပ်ဆင်ထားတဲ့ စလောင်းများကို လိုက်လံသိမ်းဆည်းနေခဲ့တာပါ။
“အုပ်ချုပ်ရေးမှူးက သူ့ဆီကို ရဲကစာပို့ထားတယ် PSI စလောင်းတွေကို ဖြုတ်ပြီး ရပ်ကွက်ရုံးလာပို့ရမယ် မပို့ရင်ဖမ်းမယ်လို့ပြောကြလို့ မနက်ထဲက ရပ်ကွက်ထဲမှာ စလောင်းတွေ အကုန်ဖြုတ်လိုက်ကြပြီး ရပ်ကွက်ရုံးသွားအပ်ကြတာ အများကြီးဘဲ”လို့ မြောင်းမြမြို့နယ် ဇောင်ခါးပင်ဆိပ်ရပ်ကွက်နေသူ တစ်ဦးကပြောပါတယ်။
အကြမ်းဖက်စစ်ကောင်စီ လက်နက်ကိုင်များက အရောင်းဆိုင်များလဲ လိုက်လံသိမ်းဆည်းမှုတွေ ပြုလုပ်နေလျှက်ရှိပါတယ်။
“ဆိုင်တွေကို လိုက်မွှေပြီး PSIတွေကိုသိမ်းတယ် တချို့ဆိုင်တွေဆိုရင် PSI တင်မကဘူး CANAL+ တွေပါ သိမ်းသွားတယ် ကျွန်တော့်မိတ်ဆွေဆိုင်တစ်ဆိုင်ဆိုရင် သူ့ဆိုင်ခွဲက သုံးခုတောင်ရှိတာ တစ်ဆိုင်မှာဆို မှန်ပုံးထဲက ဒီမနက်စျေးရောင်းထားတဲ့ ပိုက်ဆံဆယ်သိန်းကျော်ကိုပါ ယူသွားတယ်”လို့ ဟင်္သာတမြို့လျှပ်စစ်ပစ္စည်းအရောင်းဆိုင်က ဆိုင်ရှင်တစ်ဦးကပြောပါတယ်။
အကြမ်းဖက်စစ်ကောင်စီက မြန်မာနိုင်ငံအတွင်း မိုဘိုင်းအင်တာနက်နဲ့ Wireless အင်တာနက်တွေကို ဖြတ်တောက်ထားပြီးနောက် သတင်းစီးဆင်းမှုများ မရှိစေရန် PSI စလောင်းများကိုပါ လိုက်လံသိမ်းဆည်းနေတာလို့ ပြည်သူများက ဆိုပါတယ်။
PSI စလောင်းများဟာ မြန်မာပြည်တွင်း အကြမ်းဖက်စစ်ကောင်စီရဲ့ မတရားမှုများကို တိုက်ရိုက်ထုတ်လွှင့်ပေးနေတဲ့ MIZZIMA နဲ့ DVB ရုပ်သံလိုင်းများ ဖမ်းယူကြည့်ရှု့လို့ရတာကြောင့် အခုလိုဖြုတ်သိမ်းခိုင်းနေတာပဲ ဖြစ်ပါတယ်။
အမေရိကန်စင်တာအား သေနတ်ဖြင့် ပစ်ခတ်ခဲ့သည့် အမျိုးသားတဦးအား ဖမ်းဆီးရမိဟုစစ်ကောင်စီ ကြေညာ
ဧပြီလ ၇ ရက်
ရန်ကုန်မြို့ရှိ အမေရိကန်စင်တာကို သေနတ်ဖြင့် ပစ်ခတ်ခဲ့သည့် ကိုအေးသော်ကောင်းကို ဖမ်းဆီးရမိပြီဟု အကြမ်းဖက်စစ်ကောင်စီက ထိန်းချုပ်ထားသည့် MRTV သတင်းမှာ ဖော်ပြသည်။ အဆိုပါ အမျိုးသားဟာ ရွှေပုစွန်မိသားစုလုပ်ငန်း၏ ပိုင်ရှင်ဖြစ်သည်ဟု အွန်လိုင်းမီဒီယာပေါ်တွင် ပြောဆိုနေကြသည်
ကျီးကန်းတွေ ညဖက်ကြီး အစာရှာနေတယ်၊
မူမမှန်တဲ့ အကျင့်ပဲ၊
နီးစပ်ရာ လူကြီးသူမတွေသာ မေးကြည့်ကြတော့။
Photo credit.
၇.၄.၂၀၂၁ ရက်နေ့၊ (၀၅ ၃၅)အချိန်ခန့်၊ ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ်၊ စက်မှုဇုန်(၂)၊ ဆိပ်ကမ်းသာလမ်းနှင့် ဖန်ချက်ဝန်ဦးရွှေအိုးလမ်းထောင့်တွင် စက်ရုံမီးလောင်မှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် Level 3 ယာဉ်အုပ်စုများ ထွက်ခွာငြှိမ်းသတ်လျက်ရှိပါသည်။
Update
(၀၆ ၀၅)အချိန် Level 4 ယာဉ်အုပ်စုများ ထွက်ခွာလျက်ရှိပါသည်။
Update
(၀၆ ၂၅)အချိန် မီးထိန်းပါသည်။
Update
(၀၆ ၅၅)အချိန် မီးငြိမ်းပါသည်။
မိတ္ထီလာမြို့မှာ မတ်လ ၂၇ ရက်နေ့က စစ်ကောင်စီတပ်တွေ ပစ်ခတ်မှုအတွင်း သေဆုံးခဲ့သူ ကိုထွန်းနိုင်ကို အစွဲပြုပြီး အောင်မင်္ဂလာရပ်ကွက်ထဲက တံတားတစ်ခုကို ထွန်းနိုင်တံတားလို့ မြို့ခံတွေက ဧပြီလ ၅ ရက်မှာ နာမည်ပေး ဆိုင်းဘုတ်တပ်လိုက်ကြပါတယ်။ မတ်လ ၂၇ ရက် မိတ္ထီလာမြို့တွင်းက ပစ်ခတ်မှုတွေမှာ ကိုထွန်းနိုင်အပြင် နေအိမ်ထဲနေထိုင်ရင်း အပစ်ခံရတဲ့ အသက် ၁၃ နှစ်အရွယ် ကျောင်းသူလေးတစ်ဦးအပါအဝင် အနည်းဆုံး လူ ၄ ဦးသေဆုံးခဲ့ပါတယ်။ ဓာတ်ပုံ - CJ
လေယာဥ်နဲ့ ဗုံးကြဲလို့ ဒေးဘိုးနိုး အထက်တန်းကျောင်း ပျက်စီး ~~~~~~ ■ ဧပြီလ ၄ ရက်နေ့က စစ်ကောင်စီ လေယာဉ်ဗုံးကြဲခဲ့တာကြောင့် ပျက်စီးသွားတဲ့ ကရင်ပြည်နယ်၊ ဖာပွန်မြို့နယ်က ဒေးဘိုးနိုး အထက်တန်းကျောင်းကို တွေ့ရတာဖြစ်ပါတယ်။
သာကေတမြို့နယ်က လိုလျှင်ယူ၊ ပိုလျှင်လှူ ကမ်ပိန်း ~~~~~~ ■ ယနေ့မနက်က သာကေတမြို့နယ်တွင် ပြုလုပ်ခဲ့တဲ့ "လိုလျှင်ယူ ပိုလျှင်လှူ'' ကမ်ပိန်းကို ဧပြီ ၆ရက်နေ့ ယနေ့မနက်ပိုင်းက သာကေတမြို့နယ်တွင် လိုလျှင်ယူ၊ ပိုလျှင်လှူဆိုတဲ့ လှူဒါန်း/အလှူခံ လှုပ်ရှားမှုကို ပြုလုပ်ခဲ့ပါသည်။
မြောက်ဥက္ကလာပမြို့နယ်က လူငယ်တွေ မနေ့ ဧပြီလ ၅ ရက်တုန်းက ပြုလုပ်ခဲ့တဲ့ စစ်အာဏာရှင် ဆန့်ကျင်ရေး ကော်ဖီသပိတ် မြင်ကွင်းတွေ ဖြစ်ပါတယ်။ စစ်အုပ်ချုပ်ရေးအမိန့်ကြေညာခံထားရတဲ့ ရန်ကုန်တိုင်းထဲက မြို့နယ် ခြောက်ခုထဲမှာ မြောက်ဥက္ကလာပမြို့နယ်လည်း ပါဝင်နေပါတယ်။ ဒါပေမဲ့ အဲဒီက လူငယ်တွေကတော့ လူမဲ့သပိတ်၊ ပြောက်ကျားသပိတ်အပြင် သပိတ်မျိုးစုံကို နေ့စဉ်လိုလို ပြုလုပ်နေကြပါတယ်။ ဓာတ်ပုံ - CJ
ဖုန်းတောင်ပါမသွားတဲ့ပြည်သူတစ်ဦးကို လက်နက်များနှင့်အတူ ဖမ်းဆီးရမိဟု စစ်ကောင်စီဝါဒဖြန့်မဇ္ဈိမပုသိမ်မြို့မှာ မတ်လ ၂၉ ရက်နေ့က စျေးဝယ်သွားတဲ့ အမျိုးသားတစ်ဦးကို စစ်ကောင်စီက မတရားဖမ်းဆီးပြီးနောက် MRTV၊ MWDနဲ့ စစ်ကောင်စီဝါဒဖြန့်ချီရေး သတင်းစာတွေကနေ လက်နက်တွေနဲ့အတူဖမ်းမိတယ်လို့ လိမ်လည်ဓါတ်ပုံရိုက်ကာ သတင်းအမှားဖြန့်ချီ အမှုဆင်ဖမ်းဆီးခဲ့ပါတယ်။ စစ်ကောင်စီရဲ့ ဝါဒဖြန့်ချီရေးသတင်းစာတွေနဲ့ရုပ်သံတွေမှာ ပုသိမ်မြို့နေ ကိုဇော်အေးကို ဆူပူအကြမ်းဖက်မှုများဆောင်ရွက်ရာတွင် အသုံးပြုသည့် လက်နက်များနဲ့ ဖမ်းမိတယ်လို့ ဓါတ်ပုံနဲ့တကွဖော်ပြခဲ့ရာမှာ ပုံတွင်ပါဝင်တဲ့အမျိုးသားရဲ့ အမည်မှန်ဟာ ကိုမိုးစန်းအေးဖြစ်ပြီး မတရားဖမ်းဆီးစဉ်မှာ လက်ကိုင်ဖုန်းတစ်လုံးတောင်ပါဝင်ခြင်းမရှိဘူးလို့ ကိုမိုးစန်းအေးနဲ့ နီးစပ်သူတွေက ပြောပါတယ်။ “ ဟိုက သူ့ဘာသာ စျေးသွားဝယ်တာ၊ လမ်းမှာ စစ်တပ်က လိုက်ပစ်နေတော့ ကြောက်ပြီး ပုန်းလိုက်တာကို အတင်းဝင်ဖမ်းတယ်၊ ဖမ်းချိန်မှာ သူ့မှာ ဆိုင်ကယ်တစ်စင်းပဲပါတာ ဖုန်းတောင်မပါဘူး။ဘာလက်နက်မှမရှိဘူး၊ အခုတပ်က သတင်းတွေမှာ သူ့ပုံနဲ့ နာမည်တော့မတူဘဲ လက်နက်တွေနဲ့ ဖမ်းမိတယ်လို့ သတင်းတွေတက်လာတယ် ” လို့ ပုသိမ်မြို့ခံတစ်ဦးကပြောပါတယ်။ စစ်ကောင်စီလက်နက်ကိုင်များက အေးချမ်းစွာသွားလာနေတဲ့ ပြည်သူများကိုလဲ မတရားဖမ်းဆီးမှုတွေ ပြုလုပ်ပြီး အမှုလုပ်ဖမ်းဆီးမှုတွေ ဆက်တိုက်ပြုလုပ်နေပါတယ်။ အချို့အဖမ်းဆီးခံပြည်သူတွေကို ငွေပေးပြီး ပြန်ရွေးဖို့ ခြိမ်းခြောက်မှုတွေပါ လုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။
လမ်းပေါ်တက်ဆန္ဒပြရင် ပစ်မယ်လို့ အကြမ်းဖက်စစ်ကောင်စီ တပ်ရင်းမှူး ခြိမ်းခြောက် ဒူးပလာယာခရိုင်၊ ဝင်းရေးမြို့နယ် ဘုရားသုံးမြို့တွင် ပြည်သူများ လမ်းမပေါ်ဆန္ဒတက်ပြပါက ပစ်မည်ဟု ဧပြီလ ၃ ရက်နေ့က ဘုရားသုံးဆူမြို့ အာဏာသိမ်းစစ်အုပ်စုတပ် (ရတခ ၃၁) တပ်ရင်းမှူး ထူးလင်းမြတ် ကိုယ်တိုင် လာရောက်ပြောခဲ့တယ်လို့ ဘုရားသုံးဆူမြို့နေပြည်သူတစ်ဦးက ပြောသည်။ အဲဒါကြောင့် ဒေသခံတွေက မြို့လမ်းမပေါ် ဆန္ဒမပြတော့ပဲ မက္ကသချောင်းတွင် စစ်အာဏာရှင်ဆန်ကျင်ရေး သပိတ် ပြုလုပ်ခဲ့ကြသည်။ ဒူးပလာယာခရိုင် KNU အတွင်းရေးမှူး စောလစ္စတန်က ဆန္ဒပြသူတွေနဲ့ CDMဝန်ထမ်းတွေကို အစွမ်းကုန်ကာကွယ်သွားမယ်လို့ ဧပြီလ ၃ ရက် ရက်စွဲနဲ့ စာထုတ်ပြန်ကြေငြာထားပါတယ်။ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်အတွင်းက မြို့အချို့မှာ ဆန္ဒပြပြည်သူတွေကို KNU က လိုက်လံဝန်းရံပေးတာတွေ ရှိသလို တပ်မဟာ ၁၊ ၃၊ ၅ နယ်မြေတွေမှာလည်း အကြမ်းဖက်စစ်ကောင်စီနဲ့ တိုက်ပွဲတွေ ဖြစ်ပွားလျက်ရှိသည်။
နယူးယောက်က မြန်မာ့အရေးဆန္ဒပြပွဲ အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့က Time Square မှာ ဒေသစံတော်ချိန် ဧပြီလ ၃ ရက်နေ့ ညနေ ပိုင်းက အဝေးရောက်မြန်မာနိုင်ငံသားတွေနဲ့ တိုင်းရင်းသား လူမျိုးပေါင်းစုံ စုပေါင်းပြီး မြန်မာ့အရေးအတွက် တောင်းဆို ဆန္ဒပြခဲ့ကြပါတယ်။ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ CRPH ကို ထောက်ခံကြောင်း ဆန္ဒ ဖော်ထုတ်ခဲ့ကြသလို လူထုမဲရလာဒ်ကို လေးစားဖို့၊ အကြမ်းဖက်ပစ်ခတ်သတ်ဖြတ်တာတွေရပ်ဖို့ကိုလည်း စာတန်းတွေ ကိုင်ဆောင်ဆန္ဒပြခဲ့ကြပါတယ်။
မန္တလေးတိုင်းဒေသကြီးထဲက သဲတောနဲ့ ဝမ်းတွင်းမြို့ခံတွေစုပြီး အကြမ်းဖက် စစ်အာဏာရှင်ဆန့်ကျင်ရေးလူထု လှုပ်ရှားမှု အရုဏ်ဦး သပိတ်ကို မြို့နေလူထုက ဒီနေ့ ဧပြီလ ၄ ရက်မှာလည်း ပြုလုပ်သွားပါတယ်။ လုံခြုံရေးတချို့ စစ်ကား ၂ စီးလောက်နဲ့ ကင်းလှည့်နေတာရှိပေမဲ့ မြို့ခံ တွေက ရှောင်ကွင်း ဆန္ဒပြခဲ့ကြတာလို့ ဆိုပါတယ်။ သဲတောရော ဝမ်းတွင်းမှာပါ လူမဲ့သပိတ်၊ စီတန်းလှည့်လည်တဲ့သပိတ် အပြင် ညသပိတ်တွေကိုပါ နေ့စဉ်လိုလိုပြုလုပ်နေပါတယ်။ ဓာတ်ပုံ- CJ
ရှမ်းပြည်တပ်မတော် RCSS/SSA ကို အကြမ်းဖက်စစ်ကောင်စီက ဝင်တိုက်ခိုက်တော့မယ်ဆိုတဲ့ ကောလာဟလတွေကြောင့် RCSS ဌာနချုပ် လွိုင်တိုင်းလျံ အနီး ထိုင်း-မြန်မာနယ်စပ်က ရွာတွေနဲ့ ဘုန်းကြီးကျောင်းတွေမှာ ဗုံးခိုကျင်း၊ ကတုတ်ကျင်းတွေ တူးနေကြတာကို ဧပြီလ ၃ ရက်မှာ မြင်တွေ့ရတာပါ။ အဲဒီဒေသတဝိုက် နယ်စပ်မှာ ဘုန်းကြီးကျောင်း သုံးကျောင်းထက်မနည်းရှိပါတယ်။ အနီးအနားရွာတွေက ဒေသခံတွေဟာ တောတောင်ထဲ တိမ်းရှောင်နေပြီး စစ်ရှောင်ဒုက္ခသည်အရေအတွက် ၆၀၀၀ ဝန်းကျင်ရှိမယ်လို့ ခန့်မှန်းရပါတယ်။
လက်ရှိမှာ အကြမ်းဖက်စစ်ကောင်စီဟာ KNU, KIAတို့နဲ့ တိုက်ပွဲ ဖြစ်ပွားနေပြီး RCSS နဲ့ပါ တိုက်ပွဲဖြစ်လာနိုင်တဲ့ အခြေအနေပါ။ ကရင်ပြည်နယ်မှာ အကြမ်းဖက်စစ်ကောင်စီရဲ့ ဗုံးကြဲတိုက်ခိုက်မှုအပေါ် ရှုတ်ချကြောင်း RCSS က ဗိုလ်ချုပ်ကြီးယွက်စစ်က ပြောဆိုထားပါတယ်။
စစ်တပ်နဲ့ရဲ ဖမ်းဆီးခေါ်ဆောင်သွားတဲ့ ယင်းမာပင်ရွာသား ခြောက်ယောက်မှာ နှစ်ယောက်သေဆုံး ~~~~~ ■ စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်၊ သပြေအေးကျေးရွာမှာ ဧပြီ ၂ ရက်နေ့က စစ်တပ်နဲ့ ရဲတပ်ဖွဲ့က ဖမ်းဆီးခေါ်ဆောင်သွားခံရတဲ့ ရွာသား ခြောက်ယောက်မှာ နှစ်ယောက်် သေဆုံးသွားလို့ မုံရွာဆေးရုံကြီးကို အလောင်းလာယူဖို့ ဧပြီ ၄ ရက်၊ ဒီနေ့မနက် ရွာကို ဆက်သွယ်လာတယ်လို့ ဒေသခံတွေက ပြောပါတယ်။ "ယင်းမာပင် ရဲကနေတဆင့် လှမ်းပြောတယ်။ နှစ်ယောက်သေတာ အလောင်းလာယူဖို့ဆိုပြီး ဆက်တယ်။ သေဆုံးသူတွေက ဘယ်သူတွေမှန်း မသိရသေးဘူး။ အလောင်းသွားယူဖို့ကို ခက်ခဲနေတယ်"လို့ သပြေအေးရွာက ဒေသခံတစ်ယောက်က RFA ကို ပြောပါတယ်။ အခုလ ၂ ရက်နေ့က စစ်တပ်နဲ့ ရဲတပ်ဖွဲ့ ယာဥ်တန်းတွေဟာ သပြေအေးကျေးရွာ ဘုန်ကြီးကျောင်းကို ရောက်ရှိလာချိန် ဒေသခံတွေနဲ့ စစ်ကောင်စီအဖွဲ့ဝင်တွေ ပြဿနာဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။ လတ်တလောမှာတော့ ကျေးရွာအတွင်းက အမျိုးသမီး၊ အသက်အရွယ်ကြီးသူတွေနဲ့ ကလေးတွေဟာ ရွာကနေ တိမ်းရှောင်နေကြရတယ်လို့ဆိုပါတယ်။ အဲဒီနေ့က ဖြစ်စဥ်မှာ ဒေသခံတွေဘက်က ဒဏ်ရာရသူ သုံးဦးထက်မနည်းရှိခဲ့ပါတယ်။
ဆန္ဒပြမှု အားကောင်းနေတဲ့ မန္တလေးမြို့ ပေါ်က စစ်ကောင်စီတပ်များ
ဧရာဝတီ၊ ဧပြီ ၄၊ ၂၀၂၁
စစ်အာဏာရှင် အလိုမရှိကြောင်း၊ ဒီမိုကရေစီကိုသာ လိုလားကြောင်း ဆန္ဒပြမှုတွေ နေ့စဉ် အားကောင်းကောင်းနဲ့ထွက်နေတဲ့ မန္တလေးမြို့ပေါ်မှာ စစ်ကောင်စီတပ်တွေက စောင့်ကြည့်နေတာတွေ့ရပါတယ်။ ဒီကနေ့မနက်ပိုင်းမှာလည်း မဟာအောင်မြေနဲ့ ချမ်းမြေ့သာစံ အကြား သိပ္ပံလမ်းပေါ်တွင် စစ်ကောင်စီတပ်များက ဖမ်းဆီးမှုတွေ လုပ်ဖို့ စောင့်ကြည့်နေတာတွေ့ရပါတယ်။
ဓာတ်ပုံ - CJ
#WhatsHappeningInMyanmar#RejectMilitaryCoup
ဧပြီလ ၄ ရက် မနက် ၃ နာရီဝန်းကျင်က မီးလောင်ပျက်စီးသွားတဲ့ ရန်ကုန်တိုင်း စမ်းချောင်းမြို့နယ် ကျွန်းတော မြောက်ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး မြင်ကွင်း