Damai Suria Ground Floor Duplex for Sale
View On WordPress
seen from United States
seen from United States
seen from United States

seen from United States
seen from United States

seen from Singapore
seen from United States
seen from United States

seen from Malaysia
seen from China
seen from United States
seen from Saudi Arabia

seen from Bulgaria
seen from United States

seen from United States
seen from United States

seen from Saudi Arabia
seen from Brazil
seen from India
seen from Brazil
Damai Suria Ground Floor Duplex for Sale
View On WordPress
Had a pretty fascinating @Uber pickup yesterday. Picked up a professor for a long ride from her aunt's house. She told me her aunt's father was the third Secretary General of the United Nations!! His name is U Thant..he served from 1961-1971. While JFK was president, Haile Selassie was emperor of Ethiopia, Vietnam War and all other things you can imagine. He negotiated with Fidel Castro at the U.N. to prevent a war with the U.S. after the Bay of Pigs. She said this photo of him with Fidel was at the U.N. and the only time weapon was allowed inside..because...Fidel. Told me politics is in the family and basically runs in the blood when you grow up around it. Especially on that level. We talked about tge tom foolery that's currently going on in the White complete mockery of people who do this shit for real. You really never know who's sitting in front of you out there. Never know what conversation can lead to. #UberStories #IGottaStorytoTell #UThant #WorldLeaders #Politics #WorldHistory #FidelCastro #JFK #HaileSelassie https://www.instagram.com/p/Bu_yygSAvbe/?utm_source=ig_tumblr_share&igshid=dxrdwj8lofdg
U Thant Island in the middle of the East River, just south of Roosevelt Island and almost directly across from the United Nations. Named after the Burmese Secretary General 1961-1971. #uthant #uthantisland #secretarygeneral #un #unitednations (at U Thant Island)
#uthanthouse #uthant #museum (at U Thant House)
တချိန်က ဦးသန့်
ဦးသန့်က ဗုဒ္ဓဘာသာကို စူးစူးနစ်နစ် ယုံကြည်ကိုးကွယ်ပြီး သိုသိုသိပ်သိပ်နေတတ်တဲ့ လူတယောက် အဖြစ်ကနေ တကမ္ဘာလုံးက အာရုံစိုက်ခံရတဲ့ ကမ္ဘာ့ကုလသမဂ္ဂ ရဲ့ တတိယမြောက် အထွေထွေအတွင်းမှူးချုပ် ဖြစ်လာတယ်။ ၁၉၆၁ စက်တင်ဘာလမှာ အာဖရိက အသွား လေယာဉ်ပျက်ကျပြီးဆုံးသွားတဲ့ ဒုတိယမြောက် အထွေထွေအတွင်းမှူးချုပ် Dag Hammarskjöld ရဲ့ တာဝန်တွေကိုအစားထိုးနေရာယူဖို့ လုံခြုံကောင်စီကနေ ရွေးကောက်တင်မြှောက်လိုက်တာပေါ့။
သူတာဝန်ယူတဲ့အချိန်က ကုလသမဂ္ဂရဲ့ သမိုင်းတလျောက်မှာ ကံဆိုးမိုးမှောင်အကျဆုံးအချိန်ပဲ။ ကွန်ဂိုအရေးအခင်းမှာ ကုလသမဂ္ဂ ငြိမ်းချမ်းရေးထိန်းသိမ်းတဲ့တပ်ရဲ့ အလုပ်တွေ ရပ်သွားနိုင်တဲ့အထိ ဆိုဗီယက် နဲ့ ပြင်သစ်က ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးရဲ့ ဩဇာကို သွေးတိုးစမ်းနေတယ်။ ကုလသမဂ္ဂ အထဲမှာလဲ စစ်အေးတိုက်ပွဲကြောင့် အုပ်စုဖွဲ့ကွဲပြဲနေပြီး အာဖရိကပြသနာတွေကို ထိထိရောက်ရောက် ကိုင်တွယ်ဖြေရှင်းလို့မရတဲ့ အခြေအနေကိုရောက်နေတယ်။ ဒီလိုပြသနာတွေ ရှုပ်ပွေနေတဲ့ အဖွဲ့အစည်းကို ဦးသန့်က ပြန်စုစည်း တည့်မတ်ပေးခဲ့တယ်။
ဦးသန့်က အထွေထွေအတွင်းရေးမှူးချုပ်ဖြစ်နေတဲ့ချိန်မှာ ကျနော်က Katanga ရဲ့ (ကွန်ဂိုရဲ့ပြည်နယ်တခု) ကုသမဂ္ဂလုပ်ငန်းတွေကို ဦးစီးနေရတဲ့အချိန်ပေါ့၊ တော်တော့ကို အန္တရာယ်များပြီး အကျပ်အတည်းကြားတဲ့ရောက်နေတဲ့အလုပ်တခုပဲ။ ကျနော် Elisabethville (ကွန်ဂိုရဲ့ ဒုတိယ အကြီးဆုံးမြို့) ရောက်တော့ ပြန်ပေးဆွဲခံရပြီး ဆိုးဆိုးရွားရွားရိုက်နှက်ခံရတဲ့အထိပဲ။ ဒီလို ကုလသမဂ္ဂဝန်ထမ်းတွေကို ကိုယ်ထိလက်ရောက်တိုက်ခိုက်လာတယ်ဆိုတော့ ကျနော့်အနေနဲ့ ကုလသမဂ္ဂတပ်တွေကို သုံးပြီး တားရမယ့် အနေအထားကိုရောက်လာတယ်။ ကျနော်နဲ့တွဲလုပ်နေတဲ့ စစ်ရေးအဖွဲ့အစည်းက မလုပ်တတ်မကိုင်တတ် စည်းစည်းလုံးလုံးလဲမရှိ ကူမယ့်လူတွေကလဲ လုံလုံလောက်လောက်မရှိဆိုတော့ တော်တော်ပင်ပန်းပြီး အရမ်းကိုစိတ်ပျက်ဖို့ကောင်းတဲ့ အနေအထားပဲ။
အဲလိုအချိန်မျိုးမှာ နယူးယောက်မှာရုံးထိုင်တဲ့ အထွေထွေအတွင်းရေးမှူးချုပ်အသစ်က လှိုက်လှိုက်လှဲလှဲ ကိုယ်ရောစိတ်ပါ အားပေးတော့ တဖြေးဖြေးအားတက်လာတာပေါ့။ ဦးသန့်က ကျနော်တို့အတွက် တပ်ကူတွေပို့ပေးရုံတင်မကပဲ ခွဲထွက်ရေးသမား ပြည်နယ်သမ္မတ Moise Tshombe ရဲ့ အာဘော်တွေကို ထောက်ခံရေးပေးနေတဲ့ အနောက်တိုင်း သတင်းအဖွဲ့တွေရဲ့ အတိုက်အခိုက်ကိုလဲ ကာကွယ်ပေးသေးတယ်။ ဦးသန့်က သူ့ကို ကူညီအားပေးနေတဲ့ လက်ယာအဖွဲ့အစည်းတွေနဲ့ စီးပွားရေးလုပ်ငန်းရှင်တွေရဲ့ အကြိုက်ကိုဆန့်ကျင်ပြီး Moise Tshombe ရဲ့အဖွဲ့သားတွေကို ဘာမှနားမလည်တဲ့ကောင်တွေ လို့တောင် ထုတ်ပြောလိုက်သေးတယ်။ သူက အဲလို ဘာမှအရေးမထားပဲ ပွင့်ပွင့်လင်းလင်း ဟောပောာဒိုင်းဒိုင်း ပြောလိုက်တာက အမှားတွေအများကြီးဖြစ်နေတဲ့ ဒီလောကထဲမှာတော့ တကယ့်ကို အသစ်အဆန်းတခုပဲ။ (အဲအချိန်မှာ ကွန်ဂိုက ဘယ်လဂျီယံရဲ့ ကိုလိုနီအဖြစ်ကနေ လွတ်လပ်ရေးရခါစ နိုင်ငံရေးအရှုပ်အထွေးတွေ အများကြီးဖြစ်နေတဲ့အချိန်မှာ Moise Tshombe က Katanga ပြည်နယ်ကို ဘယ်လဂျီယံအစိုးရရဲ့အကူအညီနဲ့ ကွန်ဂိုနိုင်ငံထဲက ခွဲထွက်ပြီး နိုင်ငံတခု ထူထောင်ဖို့ ကြိုးစားခဲ့တယ်)
၁၉၆၂ နွေဦးမှာ ကျနော် Katanga ကနေ နယူးယောက်ပြန်ရောက်လာတော့မှ ဦးသန့်နဲ့ပထမဆုံးတွေ့ခဲ့ရတာ၊ သူက ဖော်ရွေတယ် ကိန်းခန်းမကြီးဘူး တယောက်ယောက်ကပြောရင်လဲ စိတ်ပါလက်ပါ နားထောင်တယ်။ သူ့အရင် အထွေထွေအတွင်းရေးမှူးချုပ် လုပ်ခဲ့တဲ့ Dag Hammarskjöld ဆိုရင် အောက်ခြေဝန်ထမ်းတွေ အကြံပေးတာကို တော်ရုံနားထောင်လေ့မရှိတော့ တော်တော်လေး ကွဲပြားနေတာပေါ့။ သူက Dag Hammarskjöld လုပ်ပုံကိုင်ပုံတွေနဲ့ တကယ့်ကိုဆန့်ကျင်ဘက်ပဲ။ သူက ရိုးစင်းပြီး ပြောစရာရှိရင်ဒဲ့ပြောတယ် Dag Hammarskjöld က နားလည်ရခက်တယ် ဝေ့ဝိုက်ပြီးပြောတယ်။ သူက စကားနည်းတယ်၊ Dag Hammarskjöld က ဝေဝေဆာဆာပြောတတ်တယ်။ သူက ဘာသာတရားကိုင်းရှိုင်းတဲ့ ဗုဒ္ဓဘာသာဝင်တယောက်ဖြစ်ပေမယ့် Dag Hammarskjöld က သူ့ဖာသာသူဖန်တီးယူထားတဲ့ ဘာသာအယူဝါဒကို ပိုပြီးယုံကြည်တယ်။ သူက တော်ရုံနဲ့ စိတ်မလှုပ်ရှားတတ်တဲ့လူ Dag Hammarskjöld က အင်မတန် စိတ်လှုပ်ရှားလွယ်တဲ့လူ။ သူက ရိုရိုကျိုးကျိုးနဲ့ ဟန်မဆောင်တတ်တဲ့ပဲ ရှေးရိုးထုံးစံတွေနဲ့ ခောတ်ပညာကို မျှပြီးသုံးတဲ့လူ Dag Hammarskjöld က ခောတ်ပညာကို အလေးထားတဲ့လူ။ သူက သူများတကာရဲ့အကြံတွေကိုလက်ခံတဲ့လူ Dag Hammarskjöld က သူ့အယူအဆကိုပဲ သေချာဆွဲကိုင်ထားတဲ့လူ။ (Dag Hammarskjöld က ဆွီဒင်နိုင်ငံက ပါရဂူဘွဲ့ရ စီးပွားရေးပညာရှင် တယောက်ဖြစ်ပြီး၊ ဒုတိယမြောက် ကမ္ဘာ့ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် တယောက်အနေနဲ့ နိုင်ငံတကာက လေးစားခံခဲ့ရသလို ၁၉၆၁ခု ငြိမ်းချမ်းရေးနိုဘယ်ဆုကို ရခဲ့တယ်။ ဆုရတဲ့အချိန်မှာ သူကဆုံးသွားပါပြီ။ ကွန်ဂိုနိုင်ငံမှာ အပြစ်အခတ်ရပ်စဲရေး သဘောတူညီချက်တခုရအောင် လုပ်နေတုံးမှာ လေယာဉ်ပျက်ကျပြီး ဆုံးပါးသွားခဲ့တယ်။)
အပေါ်ယံလေးပဲကြည့်ရင်တော့ ဦးသန့်က မတုံမလှုပ် ထုံထုံထိုင်းထိုင်းကြီးလို့ထင်ရပေမယ့် သူက သူ့နည်းသူ့ဟန်နဲ့ ပြတ်ပြတ်သားသား ရဲရဲရင့်ရင့် လုပ်တတ်တယ်။ သူက သူဘယ်လောက် ကောင်းအောင်လုပ်ခဲ့တယ် ဆိုတာတွေပြောပြီး ပနာယူတတ်တဲ့လူမျိုးမဟုတ်သလို တခုခုမှားသွားရင်လဲ သူများတွေကို အပြစ်ပုံချတာတို့ ဟိုဟာကြောင့် ဒီဟာကြောင့်ဆိုပြီး ဆင်ခြေရှာနေတဲ့လူမျိုးလဲမဟုတ်ဘူး။ သူ့လိုနေရာမှာရောက်ရင်ဖြစ်တတ်တဲ့ အားမလိုအားမရဖြစ်ပြီး စိတ်ပျက် စိတ်ရှုပ်တာ ခံရခက်တာတွေအားလုံးကို ဗုဒ္ဓဘာသာဝင်တယောက်အနေနဲ့ ထိန်းသိမ်းထားနိုင်ခဲ့တယ်။ သူကတခါမှ စိတ်တိုတာမရှိသလို သည်းမခံနိုင်တာမျိုးလဲမရှိဘူး။ သိပ်ပြီး စိတ်ဖိစီးလာလို့စိတ်လှုပ်ရှားလာရင် သူ့ခြေထောက်ကကြမ်းကိုစည်းချက်ကျကျ ပုတ်နေတာလောက်ပဲ တွေ့ရတယ်။ နောက်တော့ သူမှာ စိတ်ဖိစီးလွန်းလို့ဖြစ်တဲ့ ရောဂါတွေစုံနေအောင်ခံရတော့တာပါပဲ။
ဦးသန့်က အကျင့်စာရိတ္တ သိက္ခာ နဲ့ ကျင့်ဝတ်ကို နိုင်ငံရေးထက်ပိုပြီးဦးစားပေးတော့ အနောက်တိုင်းက သံတမန်တွေတော်တော်များများ သူ့ကိုတကယ်နားလည်ခဲရဲ့လားဆိုတာ ကျနော်တော့သံသယဖြစ်မိတယ်။ သူက သူ့အတွက် နိုင်ငံရေးအရ အကျိုးမရှိပေမယ့်လဲ သူမှန်တယ်လို့ယုံထားတာကိုလုပ်တယ်။ ဦးသန့်က ဗီယက်နမ်စစ်ကို လူ့ကျင့်ဝတ်အရ မဖြစ်သင့်ဘူး၊ နောက်ဒီစစ်ဟာ နည်းနည်းတောင် လူမျိုးရေးခွဲခြားတဲ့ စိတ်တွေပါတယ်လို့တောင် သတ်မှတ်ထားတယ်။ ဒီစစ်ကြောင့် ဗီယက်နမ်နဲ့ အမေရိကန်လူမျိုး အသက်တွေ အများကြီးဆုံးရှုံးသွားတာကို ကြည့်ပြီး စိတ်မကောင်း အကြီးအကျယ်ဖြစ်ခဲ့တယ်။ သူက ဒီင်္စစ်ကြီးရပ်သွားအောင် တစိုက် မတ်မတ်လုပ်ခဲ့တယ်။ ဗီယက်နမ်မြောက်ပိုင်း နဲ့ ဗီယက်ကောင်း (ကွန်မြူနစ် ဗီယက်နမ်တပ်) က အမေရိကန်နဲ့ ရန်ကုန်မှာဆုံပြီး အပြစ်အခတ်ရပ်စဲရေးနဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲကို တက်ဖို့ သဘောတူလာအောင်ဆွဲဆောင်နိုင်ခဲ့ပေမယ့် အဲ့အချိန်က စိတ်ခတ်ထန်နေတဲ့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Dean Rusk က သူ့ရဲ့အစီအစဉ်ကို လက်မခံခဲ့ဘူး။ ဝန်ကြီးက ဦးသန့်ဟာ ငြိမ်းချမ်းနိုဘယ်ဆုကိုလိုချင်နေလို့ ဒီစစ်ကိုရပ်အောင်လုပ်နေတာဆိုပြီး လူကြားမှာ ကြမ်းကြမ်းတမ်းတမ်း သရော်ခဲ့တယ်။ ဦးသန့်ရဲ့လုပ်ရပ်ကို သူ့ရဲ့တဖက်သပ် အမြင်မကြည်လင်တာတွေ ကြောင့် နောက်ပိုင်းမှာ ဖြစ်လာတဲ့ စစ်ပွဲဟာ ဘယ်လောက်အရုပ်ဆိုး အကျည့်တန်ခဲ့တယ်ဆိုတာတွေ့နိုင်တယ်။ သုံးနှစ်ကြာပြီး လူသိန်းချီသေခဲ့ပြီးမှ Henry Kissinger (အဲအချိန်က အမေရိကန်နိုင်ငံလုံခြုံရေးအကြံပေး နောက်ပိုင်းမှာ နိုင်ငံခြားရေးဝန်ကြီး ဖြစ်လာမယ့်သူ) က ဦးသန့်ရဲ့ နည်းနာတချို့ကိုယူပြီး စစ်ပွဲကိုအဆုံးသတ်နိုင်ခဲ့တယ်။
ဦးသန့်က မိသားစုနဲ့ရိုးရိုးရှင်းရှင်းပဲနေတယ်၊ ညနေဆို Riverdale က (ဦးသန့် ရုံးထိုင်တဲ့ နယူးယောက်ကုလသမဂ္ဂရုံးရဲ့ မြောက်ပိုင်းကရပ်ကွက်) အိမ်မှာနေတဲ့ မိန်းမဆီပြန်ပြီး ရုံးစာတွေ သတင်းစာတွေနဲ့ ဂျာနယ်တွေဖတ်တယ်။ နယူးယောက်မြို့ရဲ့ လူမှုအသိုင်းအဝန်း အနုအလှတွေကိုလဲ စိတ်မဝင်စားလေတော့ သံတမန်တွေနဲ့ တခြားလူတွေက သူ့ကို ညစာစားပွဲ ဧည့်ခံပွဲတွေ ဖိတ်ဖို့လက်လျော့ လိုက်ကြတယ်။ Persepolis (အီရန်မြို့ဟောင်း) မှာအကြီးအကျယ် ငွေကုန်ကျေးကျခံပြီး အလျှံအပယ်လုပ်တဲ့ နိုင်ငံတကာက ထိပ်တီးတွေတက်တဲ့ပွဲကို Shah of Iran (အီရန်ဘုရင်) ကဖိတ်ပေမယ့် တကမ္ဘာလုံးမှာ လူတွေ ဒီလောက်ချို့ချို့တဲ့တဲ့နဲ့ စိတ်ဆင်းရဲနေတဲ့ချိန်မှာ ဒီလိုပွဲမျိုးကို သူတက်ရမှာ စိတ်မသန့်ဘူးဆိုပြီး ငြင်းခဲ့တယ်။
ကမ္ဘာ့ငြိမ်းချမ်းရေးကို ထိပါးလာပြီဆို ဦးသန့်က ရင်ဆိုင်ဖို့အဆင်သင့်ပဲ။ ၁၉၆၂ခု ကျူးဘားအရေးအခင်း အစမှာ ကနေဒီ (အမေရိကန်သမ္မတ) နဲ့ ခရူးချက် (ဆိုဗီယက်ခေါင်းဆောင်) တွေဆီကိုစာရေးခဲ့တယ်။ စာထဲမှာ ဒီအရေးခင်းက သမိုင်းဆိုတာတောင်မကျန်ခဲ့အောင် လူမျိုးသုန်းစစ်ကို စခဲ့လူတွေအဖြစ် ကမ္ဘာ့သမိုင်းမှာ ဘယ်သူကမှ ကျန်ခဲ့ချင်မှာ မဟုတ်ဘူး ဆိုပြီးရေးခဲ့တယ်။ ပြီးတော့ သူကပဲ အတ္တလန္တိတ် သမုဒ္ဒရာထဲမှာရှိတဲ့ ဆိုဗီယက်ရဲ့ စစ်သဘောင်္တွေနဲ့ ရန်စောင်နေတဲ့ အမေရိကန်ရေတပ်ကို ဆုတ်ပေးဖို့၊ ကျူးဘားမှာ ဆိုဗီယက်က ဆင်ထားတဲ့ဒုန်းကျည်တွေဖျက်သိမ်းဖို့ နဲ့ ဒုန်းကျည်တင်ယာဉ်တွေကို ပြန်ဆုတ်ပေးဖို့ အဆိုပြုခဲ့တယ်။ ဒီလိုနဲ့ ကမ္ဘာပျက်နိုင်တဲ့ကပ်ဘေးက လွတ်လာနိုင်ခဲ့တယ်။
နောက်ဆုံးမှာ သူက ကမ္ဘာအင်အားကြီး နိုင်ငံနှစ်ခုကို ကမ္ဘာပျက်စစ်ကြီးလဲမဖြစ် နှစ်ဖက်လုံးလဲမျက်နှာမနာရတဲ့ အခြေအနေတခု ဖန်တီးပေးနိုင်ခဲ့တယ်။ ပြီးတော့မှ သူက ကျူးဘားကိုသွားပြီး ဒေါသ ခက်ထန်နေတဲ့ Castro (ကျူးဘား သမ္မတ) ကို ဖြောင်းဖြခဲ့တယ်။ သူဒီလိုလုပ်ခဲ့တာကို လူတွေရှေ့လဲ မပြောခဲ့သလို၊ ဒီအတွက်လဲ သူသက်ရှိထင်ရှားရှိနေချိန်မှာ ဂုဏ်လုပ်ပြီးမပြောခဲ့ဘူး။
၁၉၆၅ စက်တင်ဘာလမှာ ဦးသန့်က ကုလသမဂ္ဂလုံခြုံရေးကောင်စီကို လာမယ့်ခြောက်လအတွင်းမှာ ဖြစ်လာမယ့် အန္ဒိယ နဲ့ ပါကစ္စတန်တို့ရဲ့ ကပ်ရှမီးယားစစ်ကြီးရဲ့ အန္တရာယ်ကို သတိပေးခဲ့တယ်။ ဆိုဗီယက်က ထဲထဲဝင်ဝင်ပါနေတဲ့ အန္ဒိယကတဖက် တရုတ်က အားပေးတဲ့ ပါကစ္စတန်ကတဖက် ပြသနာတွေဖြစ်လာရင် သာမာန် ဒေသတွင်းဖြစ်တဲ့စစ်ထက် အများကြီးပိုပြီးအန္တရာယ်များတယ်ဆိုတာကိုထောက်ပြခဲ့တယ်။ လုံခြုံရေးကောင်စီက နောက်ကျနေတော့မှ အထွေထွေအတွင်းရေးမှူးချုပ်ကို ပြသနာဖြေရှင်းပြေးဖို့ အရေးတကြီးတာဝန်ပေးလာပြန်တယ်။ ဦးသန့်လဲကျနော့်ကိုခေါ်ပြီး စစ်ဖြစ်နေတဲ့နေရာကို ချက်ချင်း ထွက်လာတယ်။
ပုံမှန်ဆို အထွေထွေအတွင်းရေးမှူးချုပ် ခရီးထွက်ရင် ခရီးသည်တင် လေယာဉ်တွေနဲ့ပဲသွားတယ်။ ဒါပေမယ့် အဲ့အချိန်က စစ်ဖြစ်နေတော့ ခရီးသည်တင်လေယာဉ်တွေက အဲဒီဖက်ကို မသွားနေတော့ဘူး။ အမေရိကန် သမ္မတ Lyndon Johnson က Air Force One (သမ္မတစီးတဲ့ လေယာဉ်) ကိုယူသွားဖို့တိုက်တွန်းပေမယ့် ဦးသန့်က အမေရိကန် သမ္မတရဲ့လေယာဉ်နဲ့သွားခဲ့ရင် သူ့ကိုအမေရိကန်ရဲ့လူလို့ အမြင်မှားနေမှာစိုးလို့ သမ္မတ Lyndon Johnson ကို လူလေးယောက်ထဲနဲ့ လေယာဉ်ကြီးတစီးနဲ့သွားရင် ငပေါလိုဖြစ်နေမယ်လို့ ပြောခဲ့တယ်။ ကျနော်တို့လဲ ခရီးသည်တင်လေယာဉ်နဲ့ပဲ နယူးယောက်ကနေ အီရန်ရဲ့မြို့တော် တီဟီရန်သွား အဲဒီကတဆင့် Rawalpindi (ပါကစ္စတန်ရဲ့ မြို့တမြို့)ကိုအရင်သွားဖို့ လမ်းရှာမယ်ဆိုပြီး ထွက်ခဲ့ကြတယ်။
တီဟီရန် ရောက်တော့ ဦးသန့်ကလွဲပြီး ကျန်တဲ့လူတွေက စစ်ပွဲတွေဖြစ်တဲ့နေရာမှာ သူ့ရဲ့လုံခြုံရေးကို စိုးရိမ်နေကြတယ်။ သူ့အရင် အထွေထွေအတွင်းရေးမှူးချုပ်ဟောင်း Dag Hammarskjöld အာဖရိကမှာ သေသွားတာကိုလဲ လူတွေစိတ်ထဲရှိနေကြသေးတာကိုး။ အန္ဒိယ လေတပ်ကလဲ ပါကစ္စတန် လေဆိပ်တွေကို ဗုံးကြဲနေတော့ Karachi (ပါကစ္စတန်မြို့တော်) ကိုပဲသွားသွား Rawalpindi ကိုပဲသွားသွား အင်မတန် အန္တရာယ်များတယ်လို့ ယုံထားကြတယ်လေ။ ဦးသန့်ကတော့ရှင်းရှင်းပဲ စစ်ဖြစ်နေတဲ့နေရာကို ဖြစ်တဲ့နည်းနဲ့ အမြန်ဆုံးရောက်အောင်သွားမယ်လို့ပြောတယ်။ အဲဒီအချိန်မှာ ကျနော်တို့ထက်ပိုပြီး အနေအထားကိုလဲ နားလည် အင်အားလဲရှိတဲ့ အမေရိကန်သံရုံးက လေယာဉ်ပျံအသေးလေးပေးတယ်။ အဲဒီလေယာဉ်ပျံလေးနဲ့ပဲ ပါကစ္စတန်ကို ခပ်မြန်မြန်ထွက်ခဲ့ကြတယ်။
အန္ဒိယနဲ့ ပါကစ္စတန်ကလူတွေက လေယာဉ်ဝန်ထမ်းတွေကို CIA ကလူတွေလို့ထင်နေကြတော့ ခရီးဖင့်ပြီး ရှောင်သွားနေရတော့ အရမ်းကြာတယ်။ နောက်ဆုံးတော့ Rawalpindi မှာ ပါကစ္စတန် သမ္မတ Ayub Khan နဲ့တွေ့ နောက်တော့ စစ်ဖြစ်နေတဲ့ နေရာတွေကိုရှောင်ပြီး ဘုံဘေကတဆင့် နယူးဒေလီမှာရှိတဲ့ အန္ဒိယ ဝန်ကြီးချုပ် Shastri တွေ့ခဲ့တယ်။ နောက်ဆုံး ကျနော်တို့လဲ အပြစ်အခတ်ရပ်စဲရေးမူကြမ်းနဲ့ ပြန်လာနိုင်ခဲ့တယ၊် နောက်နှစ်ရက်လောက်ကြာတော့ အဲဒီမူကြမ်းက စပြီးအသက်ဝင်ခဲ့တယ်။
ဒီခရီးမှာ ကျနော်အနေနဲ့ ဦးသန့်ကိုပိုပြီး လေးစား ချစ်ခင်လာခဲ့တယ်။ သူ့ရဲ့ အမြော်အမြင်နဲ့ တစိုက်မတ်မတ် လုပ်တတ်တာတွေက စစ်ကြောင့် အင်မတန် စိတ်ကြောင့်ကြများနေတဲ့ နိုင်ငံခေါင်းဆောင်တွေကို ထိန်းထိန်းသိမ်းသိမ်းဖြစ်လာပြီး လေးစားအားထားလာအောင်လုပ်နိုင်ခဲ့တယ်။ နောက်တော့ တဖက်နဲ့တဖက် လိုချင်တာတွေကို မူကြမ်းရေးဖို့နဲ့ ကြေငြာစာတမ်းထုတ်ဖို့ကို ကျနော်နဲ့လွှဲပေးပြီး ဖြစ်သမျှကိုတာဝန်ခံခဲ့တယ်။ ဒီလိုတာဝန်တွေနဲ့သွားတဲ့ခရီးမှာ ရီစရာကောင်းတဲ့အဖြစ်ကိုလဲ သူကရီဖြစ်အောင်ရီလိုက်သေးတယ်။ ဖြစ်ချင်တော့ သူ့မိန်းမ သရက်ယိုကြိုက်တတ်တာကိုသိတဲ့ လမ်းမှာကြုံတဲ့မြန်မာအရာရှိတွေက သူမသိပဲ ယိုပုလင်းတွေ လေယာဉ်ပေါ် တင်ပေးလိုက်တယ်။ လေပေါ်ရောက်တော့ ပုလင်းတွေက အချင်းချင်းရိုက်မိပြီး အသံတွေထွက်လာတော့ လေယာဉ်မှူးက ဗုံးပါလာတယ်ဆိုပြီး ဒီပုလင်းတွေကိုထုပ်ပြစ်တာပေါ့။ အဲမှာ ဦးသန့် ခွက်တိုးခွက်လန် ရီတာကို ကျနော် ပထမဆုံးတွေ့ဖူးတာပဲ။
ဦးသန့်က Ralph Bunche (၁၉၅၀ခု ငြိမ်းချမ်းရေးနိုဘယ်ဆုရခဲ့တဲ့ နိုင်ငံရေးပညာရှင်) ကိုအင်မတန် အားထားတယ်။ ( ဦးသန့်ရဲ့လက်ထက်မှာ Ralph Bunche က ကုလသမဂ္ဂရဲ့ အထူးနိုင်ငံရေးဋ္ဌာန (Special Political Affairs) မှာ လက်ထောက်အထွေထွေအတွင်းရေးမှူးချူပ် (Under-Secretary-General) အနေနဲ့ လုပ်တယ် ) Ralph Bunche ကျန်းမာရေး တဖြေးဖြေးဆိုးလာတော့ နေ့တိုင်းလုပ်ရမယ့်တာဝန်တွေနဲ့ ပတ်သက်ပြီး ကျနော် ဦးသန့်နဲ့ပိုပြီးတွေ့လာရတယ်။ ဦးသန့်ရဲ့ နိုင်ငံရေး မိန့်ခွန်းတွေနဲ့ အစီရင်ခံစာတွေ တော်တော်များများကို ကျနော်ပဲ ရေးပေးရတယ်။ သူနဲ့အလုပ်တွဲလုပ်ရတာ စိတ်ပျော်ဖို့ကောင်းတယ်၊ သူက စိတ်ထားဖြောင့်ပြီး ပြောစရာရှိတာပြောတတ်တယ် လေးစားခင်မင်စရာကောင်းတော့ သူ့မှာနိုင်ငံရေး မကျွမ်းကျင်တာတွေရှိလဲ လွယ်လွယ်နဲ့ပြေလည်သွားတာပါပဲ။ သူနဲ့သူ့မိန်းမက ဗေဒင်တော်တော်ယုံတယ်။ သူ့မိန်းမက ဒီနေ့ဒီရက်မှာ အရေးကြီးတဲ့အလုပ်တွေလုပ်ရင်မအောင်မြင်နိုင်ဘူးပြောလာရင် အစီအစဉ်ဆွဲရတာ တခါတခါ အခက်အခဲကြုံရတယ်။ ကျနော့သား ချာလီ ၁၉၆၇ မှာမွေးတော့ ဦးသန့်က သားလေးရဲ့ဇာတာကို တွက်ချက်ပေးတာ တညနေလုံးပဲ၊ သူက သူ့လက်အောက်ဝန်ထမ်းတွေအတွက် အင်မတန် စဉ်းစားပေးတတ်တယ်။
၁၉၆၇ ဇွန်လထဲမှာ အီဂျစ်သမ္မတ Nasser က Sinai (အီဂျစ်အနောက်ပိုင်း အစ္စရေးနဲ့ကပ်နေတဲ့နေရာ) မှာရှိတဲ့ ကုလသမဂ္ဂငြိမ်းချမ်းရေးထိန်းသိမ်းတဲ့တပ်တွေထွက်သွားပေးဖို့ ရုတ်တရက်တောင်းလာတယ်။ ဒီတပ်တွေက အီဂျစ်နဲ့ အစ္စရေးကြားမှာ ပြသနာမဖြစ်အောင် ၁၀နှစ်လောက်ထိန်းထားနိုင်ခဲ့တာ။ အရင်အထွေထွေအတွင်းရေးမှူးချုပ်ဟောင်း Dag Hammarskjöld နဲ့ အီဂျစ်သမ္မတ Nasser သဘောတူချက်အရ တောင်းဆိုလာတာဆိုတော့ ဦးသန့်လဲ ဘာမှမတတ်နိုင်ဘူး။ အစ္စရေးက ဒီတပ်တွေကို သူတို့ဖက်မှာထားဖို့ သဘောမတူဘူးလေ။ တကယ်တော့ Nasser ဒီလိုတောင်းဆိုတာက ကိုယ့်လည်ပင်းကိုယ်ကြိုးဆွဲချသလိုပဲ။ ဂျော်ဒန် နဲ့ ဆီးရီးယား က အရူးထလို့ အီဂျစ်နဲ့ ပူးပေါင်းပြီး East Jerusalem, West Bank နဲ့ Golan Heights ကိုသိမ်းမယ်ဆိုတာနဲ့ အစ္စရေးကလဲ အစောကြီးထဲကလိုချင်နေတဲ့ Sinai နဲ့ Gaza ကိုဝင်ဖို့ အကြောင်းရှာလို့ရသွားတာပေါ့။ ဦးသန့်နဲ့ Ralph Bunche က အချိန်တွေ အင်အားတွေ အကြီးအကျယ်အကုန်ခံပြီး Nasser ကို ဒီလိုလုပ်တာ ဘယ်လောက်တောင် အန္တရာယ်များတယ်ဆိုတာ သတိပေးဖို့ ကြိုးစားခဲ့ကြတယ်။
ကမ္ဘာခေါင်းဆောင်တွေကြားမှာ ဦးသန့်တယောက်ပဲ ကိုင်ရိုကိုသွားပြီး Nasser ကို Sinai မှာ အီဂျစ်တပ်တွေ မဝင်ဖို့နဲ့ ကုလသမဂ္ဂတပ်တွေ ဒီတိုင်းဆက်ရှိနေဖို့ ဖြောင်းဖြဖို့ကြိုးစားခဲ့တယ်။ အဲအချိန်မှာ တခြားနိုင်ငံခေါင်းဆောင်တွေက စစ်အေးကာလ အကြောင်းတွေပဲ အာရုံစိုက်နေခဲ့တယ်။ အနောက်နိုင်ငံတွေကလဲ ဦးသန့်ဟာ Nasser က အရင်သဘောတူချက်အတိုင်း ဥပဒေအရ တောင်းဆိုတာကို လက်ခံရမလားဆိုပြီး အပြစ်ဖို့ကြတယ်။ ဘယ်အစိုးရကမှ ဦးသန့်ဘက်မှာမရှိဘူး။ ဇွန်လ ၅ရက်မှာ အစ္စရေးက West Bank မှာရောက်နေတဲ့ အီဂျစ် ဆီးရီးယား နဲ့ ဂျော်ဒန်တပ်တွေကို လေကြောင်းကနေ စတိုက်တော့တာပဲ။ ကုလသမဂ္ဂ ငြိမ်းချမ်းရေးထိန်းသိမ်းတဲ့တပ်က အဲမှာပဲရှိနေသေးတာဆိုတော့ ဒီတပ်သားတွေပဲ အရင်ဆုံးစစ်ထဲမှာ ဆုံးရှုံးသွားခဲ့တယ်။
ဒီခြောက်ရက်ကြာတဲ့စစ်ပွဲ (The Six-Day War) က ပါလက်စတိုင်းနဲ့ အာရပ် နိုင်ငံတွေအတွက် အကြီးအကျယ် အထိနာသွားစေခဲ့တယ်။ ကုလသမဂ္ဂ အတွက်လဲ ပြသနာကြီးပေါ့။ အစ္စရေးက သိမ်းလိုက်တဲ့ West Bank, Gaza နဲ့ Golan Heights ပြသနာကို ခုထိတကမ္ဘာလုံးက ဖြေရှင်းဖို့ ကြိုးစားနေရတုံးပဲ။ ဒီစစ်ကြီးစဖြစ်တော့ ကုလသမဂ္ဂလုံခြုံကောင်စီမှာ အရှေ့တိုင်း အနောက်တိုင်းက အင်အားကြီးနိုင်ငံတွေက စစ်အေးကာလ အကြောင်းတွေနဲ့ပဲ ငြင်းခုံနေခဲ့ကြတာ။ စစ်ကြီဲးဖြစ်ပြီလဲဆိုရော အစိုးရတွေ သတင်းသမားတွေက တရားခံလိုက်ရှာကြတော့တာပဲ။ အဲဒီမှာ တယောက်ထဲ တကယ်ကိုကြိုးကြိုးစားစား စစ်မဖြစ်အောင် ကာကွယ်နေတဲ့ ဦးသန့် ကို သူ့ကြောင့်ဆိုပြီး လက်ညိုးဝိုင်းထိုးကြတာပေါ့။
ကျနော် ကုလသမဂ္ဂမှာလုပ်ခဲ့တဲ့တောက်လျောက် ဦးသန့် လောက်အပြစ်ဖို့ခံခဲ့ရတဲ့လူမျိုးမကြုံဖူးဘူး။ အဲဒီအချိနိက လူထုမှာ တကယ့်အဖြစ်အပျက်တွေကို သေသေချာချာသိဖို့ဆိုတာကလဲ မဖြစ်နိုင်ဘူးလေ။ နာမည်ကြီး အမေရိကန် သတင်းသမားတွေကိုထားလိုက် ဒီကိစ္စတွေကို သေချာသိတဲ့ နိုင်ငံခေါင်းဆောင်တွေကလည်း ဦးသန့် ကိုပဲ အားပါးတရ ဝိုင်းအပြစ်ဖို့ကြတော့တာပဲ။ အစ္စရေး သံအမတ် Abba Eban က ကုလသမဂ္ဂငြိမ်းချမ်းရေးထိန်းသိမ်းတဲ့တပ်ကို တကယ်မိုးလဲရွာရော ပိတ်လိုက်တဲ့ထီးလို့ သရော်ခဲ့တယ်။ ဒီလိုပြောတာက တော်တော်လေး မစဉ်းစားမဆင်ခြင်ပဲ ငါ့စကားနွားရ ပြောတာမျိုးပဲ။ ကျနော်တို့ ကုလတပ်တွေက ဒီနယ်မြေငြိမ်းချမ်း အောင် ပြီးခဲ့တဲ့ ၁၀နှစ်လုံးလုံး ကာကွယ်ပေးခဲ့တယ် ပြီးတော့ သူတို့ အစ္စရေးကပဲ ဒီတပ်တွေနဲ့ တူတူပူပေါင်းပြီးမလုပ်နိုင်ဘူးလို့ သူတို့ပဲငြင်းခဲ့တာ။ ဗြိတိန် နိုင်ငံခြားရေးဝန်ကြီးဟောင်း George Brown က ဒီအကြောင်းကို သူ့ရဲ့ဘဝမှတ်တမ်းစာအုပ်မှာ ပိုပြီးအရုပ်ဆိုးအောင် မဟုတ်တန်းတရားတွေ ချဲ့ကားပြီးရေးလာတော့ ကျနော်တို့က ဦးသန့်ကို လူထုရှေ့မှာ ပြန်ဖြေရှင်း ကြရအောင် လို့ပြောပေမယ့် သူက ဘာမှတခွန်းမှ ပြန်ပြောမနေဘူး။
အဲလို အရှက်မရှိ ဝိုင်းအပြစ်ဖို့တာကို ကြိတ်ခံတတ်တဲ့ ဦးသန့် တယောက် တကယ့်ကိုထိတာပေါ့ ၁၉၆၇ နွေ လောက်ကစပြီး သူ့ကျန်းမာရေး တဖြေးဖြေးနဲ့ ဆိုးလာခဲ့တယ်။ နောက်နှစ်ထဲရောက်တော့ ဦးသန့် က သူ့ရာထူးသက်တန်းပြီးပြီ အနားယူတော့မယ်လဲဆိုရော သူ့ကိုဒီလိုစစ် ကြီးဖြစ်အောင်လုပ်တဲ့လူလို့ ဝိုင်းအပြစ်ဖို့ခဲ့တဲ့ အစိုးရတွေကပဲ ဒီရာထူးမှာပဲ ဆက်ပြီး တာဝန်ယူပေးဖို့ တောင်းခံခဲ့ကြတယ်။ ဦးသန့်ကလဲ ရူးရူးမိုက်မိုက်ပဲ လက်ခံပြီး ဆက်လုပ်ခဲ့တယ်။
ဦးသန့်ရဲ့ ကုလ သက်တမ်းနောက်ဆုံးနှစ်တွေကတော့ စိတ်မကောင်းစရာပဲ။ နေမကောင်းဖြစ်တဲ့ အချိန်တွေကများတော့ ရုံးလဲသိပ်မလာနိုင်တော့ဘူး။ ပိုဆိုးတာက သူအားကိုးလို့ အတင်းအကျပ်ခေါ်ထားတဲ့ Ralph Bunche ကလဲ တော်တော်နေမကောင်းဖြစ်လာပြီး ဦးသန့် ကုလသမဂ္ဂ ကနေမထွက်ခင် နှစ်လလောက်အလို ၁၉၇၁ နိုဝင်ဘာမှာဆုံးသွားတယ်။
ကုလသမဂ္ဂကနေ ထွက်ပြီး ၂-၃နှစ်လောက်နေတော့ ဦးသန့်လဲ မေးရိုးကင်ဆာနဲ့ဆုံးသွားတယ်။ သူသိပ်ကြိုက်တဲ့ မြန်မာပြည်ကလာတဲ့ အတော်ပြင်းတဲ့ဆေးပေါ့လိပ်တွေ ကြောင့်နဲ့တူပါတယ်။ ကြာလာတော့ သူ့ကိုလူတွေလဲမေ့လောက်ပျောက်လောက်ဖြစ်နေကြပါပြီ။ သူ့နာမည်ပေါ်လာရင်လဲ သူ့သက်တမ်းမှာဖြစ်ခဲ့ပြီး သူတယောက်ထဲမဖြစ်အောင်ကြိုးစားတားဆီးခဲ့ရတဲ့ ခြောက်ရက်ကြာစစ် (The Six-Day War) နဲ့ယှဉ်ပြီး ဦးသန့်စစ် (U Thant’s War) လို့ တချို့ သတင်းသမားတွေက သုံးနေကြတုံးပဲ။ စစ်အေးကာလပြီးသွားတဲ့အခါ အမေရိကန်တွေ ရုရှားတွေ စုပြီး လူ့သမိုင်းမှာကြောက်ဖို့အကောင်းဆုံးဖြစ်တဲ့ ကျူးဘားအရေးအခင်းကို ပြန်သုံးသပ်တော့မှ ဦးသန့်ရဲ့အရေးပါပုံတွေကို အသိအမှတ်ပြုလာကြတယ်။ ဒါတောင် သူတို့နှစ်နိုင်ငံက ဒီစစ်ပွဲကြီးရှောင်နိုင်တာ ငါတို့ကြောင့်ဆို့ အပြိုင်အဆိုင် နိုင်ငံရေးအမြတ်ထုတ်နေကြတုံးပဲ။ ဒီလိုပဲ ဗီယက်နမ်စစ်ကို ပြန်ပြီး မျှမျှတတ သုံးသပ်နိုင်တဲ့အချိန်ရောက်လာတော့ ဒီအနိဋ္ဌာရုံတွေနဲ့စုနေတဲ့ စစ်ကြီးပြီးအောင် သူဘယ်လိုကြိုးစားအားထုတ်ခဲ့ရတယ်ဆိုတာကို အသိအမှတ်ပြုလာကြတယ်။ လူတွေကတော့ သိုသိုသိပ်သိပ်နေတတ်ပြီး တာဝန်ယူတတ်တဲ့ ခေါင်းဆောင်ကောင်းတယောက်ရဲ့ သတ္တိ ဗျတ္တိ နဲ့ စွန့်လွတ် ပေးဆပ်ခဲ့တာတွေကို လွယ်လွယ်ကူကူပဲ မေ့သွားကြပါပြီ။
ဒီစာကိုရေးတဲ့ Sir Brian Urquhart က ကုလသမဂ္ဂ စဖွဲ့တည်းကလုပ်လာတဲ့ ပထမဆုံးဝန်ထမ်းတွေထဲက တယောက်ပဲ။ ကုလသမဂ္ဂ မှာ နှစ်လေးဆယ်ကျော် ကြာအောင်လုပ်ခဲ့ပြီး နောက်ဆုံးအနားမယူခင်ချိန်မှာ အထူးနိုင်ငံရေးဋ္ဌာနရဲ့ လက်ထောက်အထွေထွေအတွင်းမှူးချုပ် (Under-Secretary-General for Special Political Affairs) အဖြစ်တာဝန်ယူခဲ့တယ်။ သူ့သက်တမ်းတလျောက်မှာ အထွေထွေအတွင်းမှူးချုပ်တွေ ကမ္ဘာနေရာအနှံ့က ခေါင်းဆောင်တွေ အများကြီးနဲ့ ဆက်ဆ အလုပ်တူလုပ်ခဲ့ဖူးတော့ ဒီလူတွေနဲ့ ဆက်ဆံခဲ့ရတဲ့ သူ့အမြင်ကိုရေးထားခဲ့တယ်။
ခုဖတ်ရတဲ့ ဦးသန့် အကြောင်းကိုတော့ ကုလသမဂ္ဂ အင်တာနက်စာမျက်နှာ http://www.un.org/apps/news/infocus/u-thant.asp#.WLTLDPkrLIU ကယူပြီး တတ်သလို ဘာသာပြန် ထားတယ်။
(via https://www.youtube.com/watch?v=DwHRiMBTfMk)