KNU၊ AA၊ ဒေါက်တာ ဇော်ဝေစိုးနဲ့ တွက်ချက်မှားတဲ့ မင်းအောင်လှိုင် (ရုပ်/သံ)
စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ အာဏာသိမ်းတဲ့အခါ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ၂ ဖွဲ့ဖြစ်တဲ့ ကရင်အမျိုးသားအစည်းအရုံး ( KNU) ၊ အာရက္ခတပ်တော် ( AA) နဲ့ ဒေါက်တာ ဇော်ဝေစိုးတို့ ကိုု စည်းရုံးနိုင်ခဲ့ရင် အာဏာသိမ်းမှု အောင်မြင်မယ်လို့ ယူဆပါတယ်၊
သူ၏ ယူဆချက်အတိုင်း KNU ၊ AA နဲ့ ဒေါက်တာဇော်ဝေစိုးတို့ကို စည်းရုံးဖို့ ကြိုးပမ်းချက်က မအောင်မြင်ခဲ့တဲ့အပြင် KNU က အာဏာသိမ်းပြီး ထွက်လာတဲ့ တော်လှန်ရေး အင်အားစုတွေကို ပါတော်မူပြီး ကရင်ပြည်နယ်အတွင်းမှာရှိတဲ့ကောင်စီ စစ်စခန်းပေါင်းကျော်ကို သိမ်းပိုက်စိုးမိုး၊
AA ကလည်း အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ) ကို သိမ်းပိုက်တိုက်ခိုက်ပြီး ရခိုင်တပြည်နယ်လုံးနီးပါးကို သိမ်းပိုက်လိုက်သလို ပြည်နယ်နဲ့ တိုင်းတွေမှာရှိတဲ့ လက်နက်ကိုင်တော်လှန်ရေးတပ်တွေကို စစ်ရေးအကူအညီတွေ ထိထိရောက်ရောက် ပံ့ပိုးပေး၊
ဒေါက်တာဇော်ဝေစိုးကလည်း စည်းရုံးမှုကို မခံတဲ့အပြင် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ ပညာရေးဝန်ကြီးဌာနနဲ့ ကျန်းမာရေးဝန်ကြီးဌာနအောက်လွှတ်တော်ကြီးအဖြစ် ဥက္ကဌ ၊
မှန်းချက်နဲ့နှမ်းထွက်လွဲခဲ့ရတဲ့ အာဏာသိမ်းခေါင်းဆောင်ဟာ ညဘက်အိပ်မပျော်လို့ အိပ်ဆေးပါ သောက်နေရတဲ့ အခြေအနေပါရောက်၊