အဆီစုပ်ထုတ်ခြင်းရဲ့
အန္တရယ်များ
ပိမင်…ဒီနေ့ရေးပေးမယ့်…
အကြောင်းအရာလေးကတော့…
အဆီစုပ်ထုတ်တယ်ဆိုတဲ့…Liposuction အကြောင်းလေးပါပဲ…
Liposuction ဆိုတာ…ဘာလဲ????
လိုက်ပိုဆက်ရှင် ဆိုတာ အဆီစုပ်ထုတ်တယ်လို့ခေါ်ပါတယ်…
ခန္ဓာကိုယ်ရဲ့ အဆီဖယ်ရှားချင်တဲ့နေရာကနေ…
အဆီတွေကို စုပ်ထုတ်ဖယ်ရှားပေးတာပါ…
ကျန်းမာရေးအတွက်ဆိုတာထက်…
အလှအပအတွက်လို့ပဲ ပြောချင်ပါတယ်…
ပိမင်က… Liposuction ရဲ့တခြားအကြောင်းတွေကို…
သိပ်ရှင်းပြမှာမဟုတ်ပဲ…
သူ့ရဲ့အန္တရယ်လေးတွေကို အဓိက ပြောသွားမှာပါ….
ဘာလို့လည်းဆိုတော့…လေ့ကျင့်ခန်းလုပ်စရာမလို…
အစားလျော့စရာမလိုပဲ…လိုချင်တဲ့နေရာကို…
အဆီကျ လှပစေမယ်ဆိုတဲ့…သကာရည်ကြီးပဲပေါ့လေ…
ဒါပေမယ့်…သကာရည်လောင်းထားတဲ့…
အောက်က…ဓါးသွားလေးကို…ပိမင်ပြောပြသွားပါ့မယ်…
ဆိုးကျိုးနဲ့ အန္တရယ်တွေကို…၅ပိုင်းခွဲပြောပါ့မယ်…
၁ - ဆေးပညာပိုင်းဆိုင်ရာ ဆိုးကျိုးများ
၂ - အလှအပပိုင်းဆိုင်ရာ ဆိုးကျိုးများ
၃ - Liposuction မှာ အထူးဖြစ်တတ်တဲ့ ဆိုးကျိုးများ
၄ - ခွဲစိတ်မှုပိုင်းဆိုင်ရာ ဆိုးကျိုးများ
၅ - ခွဲစိတ်ပြီးနောက်ပိုင်း ဆိုးကျိုးများ…ဆိုပြီးတော့ပါ…
****ဆေးပညာပိုင်းဆိုင်ရာ ဆိုးကျိုးများ****
ပိုးဝင်ခြင်း ---- ပစ္စည်းမသန့်ရင် မသန့်သလို…ပိုးဝင်နိုင်ခြေများသွားပါမယ်…
သွေးခဲပိတ်ခြင်း ----- ခြေထောက်သွေးကြောပိတ်မယ်…သူကနေပြုတ်ထွက်မယ်…အဆုတ်သွေးကြောပိတ်မယ်…ရုတ်တရက် အသက်ဆုံးရှုံးသွားနိုင်မယ်ပေါ့လေ…ဒါက တော်တော်ကြောက်ရတဲ့ ဆိုးကျိုးတစ်ခုပါ…ဖြစ်လည်းဖြစ်နိုင်ပါတယ်…
ရေဓာတ်၊ ဆားဓာတ်မညီမျှမှု ---- Liposuction လုပ်နေစဉ်မှာ အရည်တချို့ကို…စုပ်ထုတ်တာ…ဒါမှမဟုတ်…ထိုးထည့်တာတွေလုပ်ရတာကြောင့်…သူတို့ကနေပြီး..ရေဓာတ်ခန်းခြောက်တာ…ရေဓာတ်များပြားလာတွေ…ဓာတ်ဆားမညီမျှမှုတွေ..ဖြစ်နိုင်ပါတယ်…
****အလှအပပိုင်းဆိုင်ရာ ဆိုးကျိုးများ****
အသားမညီတော့ခြင်း ---- သဘာဝအတိုင်းအဆီကျတာမဟုတ်သလို…သဘာဝမဟုတ်တဲ့ နှုန်းနဲ့ မြန်မြန်ကျသွားတာကြောင့် အပေါ်ကအရေပြားတွေ…ရှုန့်တွတာ…ဖောင်းတာ…ပိန်တာတွေ…ဖြစ်လာနိုင်ပါတယ်…
အမာရွတ်ပေါ်ခြင်း ---- အရေပြားကို ခွဲစိတ်ရာပေးပြီး..လုပ်ရတဲ့အရာဖြစ်တာကြောင့်…အရေပြားပေါ်မှာ အမာရွတ်ကျန်နိုင်ပြီး…အဲ့ဒီအမာရွတ်တွေဟာ…မပျောက်ပဲရှိနေတတ်ပါမယ်…ကီးလွိုက် အမာရွတ်ပေါ်တတ်သူတွေဆိုရင်…အမာရွတ်ကြီးကြီးတွေပါ…ပေါ်နိုင်ပါမယ်…
**** Liposuction မှာ အထူးဖြစ်တတ်တဲ့ ဆိုးကျိုးများ****
အဆီခဲဖြင့် သွေးကြောပိတ်ခြင်း ---- ဒါကို Fat Embolism လို့ခေါ်ပြီး…အဆီစုပ်ထုတ်ချိန်မှာ…ပြုတ်ထွက်လာတဲ့…အဆီခဲက…သွေးကြောထဲ…ဝင်ရောက်ပိတ်စို့ခြင်းပါပဲ…ရုတ်တရက် အသက်ဆုံးရှုံးသည်အထိ…အန္တရယ်ရှိနိုင်ပါတယ်… Liposuction မှာ အဓိက ကြောက်ရတဲ့ အရာတစ်ခုပါ…
အရေပြားလောင်ခြင်း ---- Liposuction အတွက်သုံးတဲ့…လေဆာတို့…အသံလှိုင်းတို့…တုန်ခါမှုတို့ကြောင့်….အရေပြားလောင်သွားတတ်ပါတယ်…
****ခွဲစိတ်မှုနဲ့ ဆိုင်တဲ့ ဆိုးကျိုးများ****
အတွင်းကလီစာထိခိုက်ခြင်း ---- ပြုလုပ်သူ မကျွမ်းကျင်မှုနဲ့ အများကြီးဆိုင်ပါတယ်…အထူးသဖြင့် ဝမ်းဗိုက်ပိုင်းက အဆီထုတ်တဲ့အခါ…ဝမ်းဗိုက်ထဲက ကလီစာတွေကို ချော်ထိုးမိတာတွေ ရှိနိုင်ပါတယ်…ထိမိရင် နောက်ဆက်တွဲအကျိုးဆက်တွေ ကြီးသွားနိင်ပါတယ်…
မေ့ဆေး၊ထုံဆေးတို့ရဲ့အန္တရယ်များ ---- မေ့ဆေး၊ ထုံဆေးတို့ဟာ…အန္တရယ်အသီးသီးရှိကြပါတယ်…ဥပမာ…မေ့ဆေးပေးပြီး ပြန်မနိုးတာနဲ့…ထုံဆေးသွေးကြောထဲဝင်ရောက်ရင်…နှလုံးဖောက်တာမျိုးတွေပါ…ခွဲစိတ်မှုတိုင်းမှာ…မေ့ဆေးထုံဆေးလိုပါတယ်… Liposuction ကလည်း ချွင်းချက်မဟုတ်ပါဘူး…
သွေးခြေဥခြင်း၊ သွေးထွက်လွန်ခြင်း ---- သွေးထွက်တဲ့ လုပ်ငန်းစဉ်တစ်ခုပဲဖြစ်တာကြောင့်…အခန့်မသင့်ရင်…လုပ်တဲ့နေရာကနေ…သွေးခြေဥတာ…သွေးထွက်လွန်တာအထိ ဖြစ်တတ်ပါတယ်…အထူးကြောက်ရတာကတော့…မွေးရာပါ…သွေးမတိတ်ရောဂါတွေ…သွေးလွန်တုတ်ကွေးဖြစ်နေတဲ့သူတွေနဲ့…သွေးကြဲဆေး ထိုးနေသူတွေ…သောက်နေသူတွေပါ…
****ခွဲစိတ်ပြီး နောက်ပိုင်းဆိုးကျိုးများ****
ပိုးဝင်ခြင်း ---- Liposuction လုပ်ပြီး အချိန်တစ်ခုကြာတဲ့အခါမှာ ပိုးဝင်လာတာဖြစ်နိုင်ပါတယ်…လုပ်ပြီး…အချိန်တစ်ခုကြာမှ ဖြစ်တဲ့အတွက်ကြောင့်…ဆေးခန်းက တာဝန်ယူဖို့ ငြင်းဆန်လို့ ကောင်းတဲ့အရာတစ်ခုလည်း ဖြစ်နေတတ်ပါတယ်…ကိုယ့်မသန့်လို့ပါဆိုပြီးလည်း…အပြစ်တင်လို့ရနေတာကိုး…
အနာမကျက်ခြင်း ---- အနာကျက်နှေးတာ…အနာပြန်ပွင့်တာမျိုးရှိနိုင်ပါတယ်…အဲ့ဒါမျိုးက…ပိုးဝင်တာနဲ့ တွဲနေတတ်ပါတယ်…အဲ့လိုမျိုးဖြစ်ရင်…အမာရွတ်ကျန်ဖို့များနေပါပြီး…
ထုံကျင်ခြင်း ---- Liposuction လုပ်နေတဲ့နေရာမှာ အာရုံကြောသွားထိမိရင်…ထုံကျင်တာမျိုးဖြစ်နိုင်ပါတယ်…အာရုံကြော ပျက်စီးသွားရင်တော့…ထုံကျင်တာဟာ…အမြဲဖြစ်သွားနိုင်ပါလိမ့်မယ်…
နာကျင်ခြင်း၊ ရောင်ရမ်းခြင်း ---- ဒါကတော့ ခွဲစိတ်မှုအပြီးတွေမှာ တွေ့ရတတ်တော့…ပုံမှန်ပါပဲ…ဒါပေမယ့်…တချို့သူတွေမှာတော့…သာမန်ထက် ပိုကြာသွားတာမျိုးတွေတော့…ရှိတတ်ပါမယ်…
အဲ့ဒီ အန္တရယ်ကို ဘယ်လိုလျော့ချရမလဲ???
အဆင့် ၃ ဆင့်လိုပါတယ်…
၁ - Liposuction လုပ်တာထက် သဘာဝနည်းနဲ့ အဆီချဖို့ ကြိုးစားပါ…
၂ - Liposuction လုပ်မယ်ဆိုရင်လည်း ဆရာဝန်စစ်စစ်နဲ့လုပ်ပါ…
၃ - တွေ့ကရာဆရာဝန်နဲ့ မလုပ်ပါနဲ့… Liposuction နဲ့ ပတ်သက်ပြီး…Training နဲ့ Certificate ရှိတဲ့ဆရာဝန်နဲ့လုပ်ပါ…ဆေးခန်းကလည်း သေချာစိတ်ချရတဲ့…ဆေးခန်းဖြစ်ပါစေ…
လူုတစ်ယောက်ကို…ခွဲစိတ်မှုတစ်ခုနဲ့ပတ်သက်ပြီး…
သင့်တင့်လျောက်ပတ်တဲ့ သတင်းအချက်အလက်ပေးပြီးမယ်…
အဲ့ဒီလူကလည်း စိတ်ပေါ့သွတ်ခြင်းမရှိဘူး…
ကိုယ်ပိုင်ဆုံးဖြတ်နိုင်မယ့် အရွယ်တစ်ခုကိုလည်း ရောက်နေမယ်ဆိုရင်…
ဒီခွဲစိတ်မှုတစ်ခုကို လုပ်ခြင်း…မလုပ်ခြင်းဟာ…ကာယကံရှင်နဲ့ပဲဆိုင်ပါတယ်…
အဲ့တော့ Liposuction ကို မလုပ်ပါနဲ့…လုပ်ပါလို့…မပြောလိုပါဘူး…
တချို့သူတွေအတွက်…လှပဖို့က အရာအားလုံးထက် တန်ဖိုးကြီးနေပါတယ်…
အဲ့တော့…ဆိုးကျိုး..ကောင်းကျိုး…ချိန်တတ်မယ်…လက်ခံတတ်မယ်…
အန္တရယ်တွေသိမယ်ဆိုရင်လုပ်ပါ…
ဒါပေမယ့် Unnecessary Risk တစ်ခု ယူတော့မယ်ဆိုတိုင်းမှာ…
ကိုယ်ချစ်ရသူ…ကိုယ့်ကိုချစ်တဲ့သူတွေကို ပြန်ကြည့်ပါလို့ပြောချင်ပါတယ်…
ဒါပေမယ့်လည်း…သီချင်းတစ်ပုဒ်လိုပေါ့…
လူဆိုတာ…အမြဲ…ယုံကြည်ရာတစ်ခုအတွက်…ပေါ့လေ…
ကဲ….
အခုတော့…ဒီမှာပဲ နားအုန်းမယ်နော်…
ဟုန်…ပိပါပိ…ကျေးဇု…
#PhyoWaiYan
#LibraAestheticScience
#ChantaraCosmeticShop
#Liposuction
~ကူးချသူfinနူ~








